Rules and Regulations

Thai AirAsia X ဒေဝါလီ အကာအကွယ်ယူခြင်း တရားရုံး လက်ခံ

Thai AirAsia X  ဒေဝါလီ အကာအကွယ်ယူခြင်း တရားရုံး လက်ခံ

 

၂ နှစ်ကျော် ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်း မရှိဘဲ ရပ်နားထားခဲ့ရသောကြောင့် 

 Thai AirAsia X (TAAX) က ဒေဝါလီအကာအကွယ်  bankruptcy protection ရယူခြင်းကို ထိုင်းနိုင်ငံရှိ တရားရုံးက လက်ခံလိုက်သည်။

 

 ဇွန်လတွင် စတင်ပြန်လည်ပျံသန်းမည့် ဂျပန်နှင့် တောင်ကိုရီးယား ခရီးစဉ်များ အပါအဝင် ပြည်ပခရီးစဉ်များအတွက် ကြိုတင်လက်မှတ်များ ရောင်းချနေပါသည်။

 

TAAX သည် ခရီးရှည်ကို ဈေးချိုချိုဖြင့် ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်း ဖြစ်ပြီး  AirAsia လုပ်ငန်းစု အောက်တွင် ရပ်တည်သည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဒေဝါလီအကာအကွယ် ရယူသည့် တတိယမြောက်လေကြောင်းလိုင်း ဖြစ်သည်။

ယခင်က ကိုဗစ်ကာလအတွင်း Thai Airways နှင့်  Nok Air တို့ ဒေဝါလီခံခဲ့ကြသည်။

TAAX တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသော ဒါရိုက်တာဘုတ်အဖွဲ့ဝင်  Tassapon Bijleveld က ကိုဗစ်ကပ်ရောဂါကာလ မတိုင်ခင်က Thai AirAsia X တွင် ကိုယ်ထည်အကျယ် လေယာဉ် ၁၂ စီး ရှိခဲ့ကြောင်း၊ ၂ နှစ်တိုင်တိုင် ရပ်နားထားရသဖြင့် ကုန်ကျစရိတ် သက်သာစေရန် လေယာဉ်စီးရေ လျှော့ချခဲ့သောကြောင့် ယခုအခါ ၈ စီး ကျန်ကြောင်း ပြောကြားသည်။ 

ပြန်လည်ထူထောင်ရေး အစီအစဉ်၏ နောက်တစ်ဆင့်တွင် အခြေအနေကို စောင့်ကြည့်ပြီးမှ ဝန်ထမ်းဦးရေကိစ္စကို စဉ်းစားချင့်ချိန်မည် ဖြစ်သဖြင့် လောလောဆယ်တွင် ကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းဦးရေ ၁,၀၀၀ ကျော် ဆက်လက်ခန့်ထားမည်ဟု ၎င်းက ပြောကြားသည်။ 

 "ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ၈ လမှ ၁၂ လအထိ ကာလအတွင်း ပြီးမြောက်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟု  Mr Tassapon က ပြောကြားသည်။

 

TAAX  က တရားရုံးတွင် မေလ ၁၇ ရက်တွင် လျှောက်ထားခဲ့ရာ မေလ ၁၈ ရက်တွင် တရားရုံးက လက်ခံခဲ့သည်။

ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် ပြန်လည်ထူထောင်ရေးအစီအစဉ်ကြောင့် Thai AirAsia နှင့် Asia Aviation Plc တို့အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း၊ ၎င်းတို့သည် တသီးတခြား လုပ်ကိုင်နေကြပြီး ခရီးစဉ်များလည်း ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြေးဆွဲနေကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Read times
Rate this item
(1 Vote)