Rules and Regulations

ကျင်စန်းကျော့ဂိတ်မှ ကုန်တင်သွင်းထားသူများ သိထားသင့်သည့် ကုန်ကျစရိတ်များ

ကျင်စန်းကျော့ဂိတ်မှ ကုန်တင်သွင်းထားသူများ သိထားသင့်သည့် ကုန်ကျစရိတ်များ

 

တစ်ဖက်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းတင်ယာဉ်များ ကျင်စန်းကျော့ဂိတ်မှ ဝင်ရောက် ပြီး ဆဲဗင်းဟွာကျင့်ကုန်ချိန်းပြောင်းကွင်းအတွင်း (၁-၄-၂၀၂၂)ရက်နေ့မှ(၁၉-၅-၂၀၂၂)ရက်နေ့အထိ ယာဉ်စီးရေ(၁၈၇)စီး ရပ်နားထားရှိပါတယ်။ 

ဆဲဗင်းဟွာကျင့်ကုန်ချိန်းပြောင်းကွင်းအတွင်း သွင်းကုန်ယာဉ်တွေ ရပ်နားထားရှိမှု ရက်ကြာလာတာနှင့်အမျှ အကောက်ခွန်လုပ်ထုံးလုပ်နည်း အရ သတ်မှတ် ဒဏ်ကြေးပေးဆောင်ရမှုများ ပိုမို များပြားလာနိုင်ပါတယ်။

 အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ဒဏ်ကြေးများမှာ ကုန်ပစ္စည်းရောက်ရှိပြီး

  •  (၈) ရက်မှ (၃၀)ရက်အတွင်း ကုန်ပစ္စည်း ထုတ်ယူရှင်းလင်းခြင်းမပြုပါက ကုန်ပစ္စည်းတန်ဖိုး၏   (1/90)AV၊ 

  • ကုန်ပစ္စည်းရောက်ရှိပြီး (၃၁)ရက်မှ(၄၅)ရက်အတွင်း ကုန်ပစ္စည်းထုတ်ယူရှင်းလင်း ခြင်းမပြုပါက ကုန်ပစ္စည်းတန်ဖိုး၏ (1/48)AV၊ 

  • ကုန်ပစ္စည်းရောက်ရှိပြီး (၄၆)ရက်မှ (၆၀)ရက် အတွင်း ကုန်ပစ္စည်းထုတ်ယူရှင်းလင်းခြင်းမပြုပါကကုန်ပစ္စည်းတန်ဖိုး၏ (1/24)AV ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်ပြီး 

  • ရက်(၆၀)ကျော်လွန်ပါက အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

 ၄င်းသွင်းကုန်ယာဉ်တွေကို ထုတ်ယူရန်အတွက် ခန့်မှန်းကုန်ကျစရိတ်များမှာ

  • ဆဲဗင်း ဟွာကျင့်ကွင်းအတွင်း ညအိပ်ရပ်နားခ(၁)ရက်လျှင် (၅၀၀၀)ကျပ်၊  

  • ဆဲဗင်းဟွာကျင့်ကုန်ချိန်း ပြောင်းကွင်းမှ နှင်းနှင်းခိုင်ယာဉ်ရပ်နားကွင်းအထိ ရှန်တိန်ယာဉ် မောင်းနှင်ခ(၇၀၀၀၀)ကျပ် ၊ 

  • နှင်းနှင်းခိုင်ယာဉ်ရပ်နားကွင်းမှ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်သို့ ဝင်ရောက်စစ်ဆေးခံပြီး ရွှေမိုင်းယုယာဉ်ရပ်နားကွင်းအထိ ရှန်တိန်ယာဉ်မောင်းနှင်ခ (၃၅၀၀၀)ကျပ် 

ကုန်ကျမည်ဖြစ်ပါတယ်။

 နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်အကောက်ခွန်နှုန်းထားများအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။

 

သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန် ဒဏ်ကြေးများ ပေးဆောင်ရမှုမရှိစေရေး ကုန်ပစ္စည်းရောက်ရှိပြီး (၇)ရက်အတွင်း ကုန်ပစ္စည်း ထုတ်ယူရှင်းလင်းခြင်းများ ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ယာဉ်များအား ဆဲဗင်းဟွာကျင့် ယာဉ်ရပ်နားကွင်းမှ အမြန်ဆုံးထုတ်ယူ၍ အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် သွားနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားကြပါရန် တိုက်တွန်း အသိပေးအပ်ပါသည်။

 

Aung Ye Kyaw

Read times
Rate this item
(0 votes)