Rules and Regulations

Boeing က 777X အတွက် နစ်နာကြေးပေးရန် စင်ကာပူလေကြောင်းလိုင်းနှင့် ဆွေးနွေးနေ

Boeing က  777X အတွက် နစ်နာကြေးပေးရန် စင်ကာပူလေကြောင်းလိုင်းနှင့် ဆွေးနွေးနေ

 

စင်ကာပူလေကြောင်းလိုင်းသည် Boeing ရဲ နှစ်ရှည်ကြာ ဖောက်သည်တစ်ဦးဖြစ်ပြီး ယခုအခါ လေယာဉ်ထုတ်လုပ်သူ၏ အထင်ကရ ကိုယ်ထည်အကျယ် လေယာဉ်ပျံ Boeing  777X များ ‌ပေးအပ်ဖို့ နှောင့်နှေးတဲ့အတွက် နစ်နာကြေး ရရှိဖို့ တောင်းဆိုထားပါတယ်။

 Boeing 777X လေယာဉ်ပျံ အချိန်ဇယားကိုက် မရှိဘဲကာလရှည်ကြာစောင့်ဆိုင်းနေရတဲ့အတွက် Boeing က Singapore Airlines ကို နစ်နာကြေး ပေးဖို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ 

 စင်ကာပူနိုင်ငံ အမျိုးသား လေကြောင်းလိုင်း Singapore Airlines က Boeing 777X လေယာဉ်ပျံ ၃၁ စီး မှာကြားထားပါတယ်။ 

 အလှည့်ကျမှ လေယာဉ်များကို စတင်ရရှိမှာ ဖြစ်ပြီး Singapore Airlines အလှည့်မရောက်ခင် လေကြောင်းလိုင်း ၂ ခု ကျန်ရှိနေပါသေးတယ်။

Boeing က Boeing 777X လေယာဉ်တွေ စတင်ပေးအပ်ဖို့ လက်ရှိအနေအထားအရ ၂၀၂၅ အထိ မရနိုင်တာ သေချာနေပါတယ်။ မူလအစီအစဉ် အချိန်ဇယားထက် ၅ နှစ်နောက်ကျနေပါတယ်။

 Boeing က Boeing 777X  ထုတ်လုပ်ဖို့ကို ၂၀၂၃ ကျမှ ပြန်စနိုင်မှာ ဖြစ်ပါတယ်။

 Boeing 777X မှာကြားထားတဲ့ Emirates Airlines က နှောင့်နှေးကြန့်ကြာနေဦးမယ်ဆိုရင် အမှာစာ ရုပ်သိမ်းမယ်လို့ ပြောကြားထားပါတယ်။  Emirates Airlines က Boeing 777X ၁၁၅ စီး မှာကြားထားပါတယ်။ 

Singapore Airlines က Boeing 777X လေယာဉ်များ မှာကြားထားတဲ့အပြင် ယခုနှစ်မှာ Boeing 787-10 Dreamliner ၃ စီး မှာကြားထားတာ ရဖို့ ရှိနေပြီး နောက်နှစ်မှာ နောက်ထပ် ၆ စီး ရယူဖို့ မှာကြားထားပြီး ဖြစ်ပါတယ်။

MyanmarLogisticsGuide 

Read times
Rate this item
(0 votes)