ဒေါ်လာ ၁ ဘီလီယံ အမှုဆိုင်နေတဲ့ Airbus A350 လေယာဉ် ၂ စီး
Airbus A350 ၂ စီး၏ အရည်အသွေးအပေါ် ကာတာနိုင်ငံ အမျိုးသားလေကြောင်းလိုင်း Qatar Airways က တရားစွဲဆို ထားပါတယ်။ အဆိုပါလေယာဉ် ၂ စီးကို ကာတာနိုင်ငံရှိ ဒိုဟာလေဆိပ်မှာ ရပ်နားထားပါတယ်။
လေယာဉ် ၂ စီး စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် ရှိပါတယ်။
အခုလို ဖြစ်ကြုံရတဲ့ Airbus A350 စုစုပေါင်း ၂၃ စီး ရှိပါတယ်။ တောင်းဆိုထားတဲ့ လျော်ကြေးက အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ တရားရုံးမှာ တရားရင်ဆိုင်နေကြပါတယ်။
လေယာဉ်တွေမှာ ဖြစ်ပေါ်နေတဲ့ အနာအဆာတွေက ဘေးကင်း လုံခြုံရေးကို မထိခိုက်ဘူးလို့ Airbus က အခိုင်အမာ ပြောဆိုပါတယ်။
ကာတာမှ Airbus A350 လေယာဉ်ပျံများရဲ့ ကိုယ်ထည်မှာ ဆေးသား ကွာခြင်း၊ ဗြုတ်ထခြင်းများအပြင် သတ္တုချေး တက်နေတဲ့ နေရာတွေလည်း ရှိနေပါတယ်။
ဆေးသားကွာရာမှ သတ္တုချေး တက်သဖြင့် လေယာဉ်ကိုယ်ထည်ကို မိုးကြိုးပစ်ခဲ့ရင် ကာကွယ်ပေးတဲ့ သတ္တုသားအလွှာ ထိခိုက် ပျက်စီးနေပါတယ်။
အခြားလေကြောင်းလိုင်းက A350 ကို ဥရောပမှ လေကြောင်းဆိုင်ရာ ကြီးကြပ်သူတို့က ဘေးကင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက်မှာ ယင်းလေယာဉ်များဖြင့် ပျံသန်းပြေးဆွဲကြပါတယ်။
Airbus က A350 များမှာ အရည်အသွေး ချို့ယွင်းချက်ရှိကြောင်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဘေးမကင်းဘူး ဆိုတာကို ြငင်းဆန်ပါတယ်။ လေယာဉ်ဒီဇိုင်းမှာ ယခုလိုအနာအဆာ ဖြစ်ပေါ်တဲ့အခါ ခံနိုင်ရည် ရှိနေအောင် ထည့်သွင်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ အရန်စနစ်များလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း ရှင်းပြပါတယ်။
Qatar Airways က ဘေးကင်းမကင်း လေ့လာဆန်းစစ်ပြီးမှ သိနိုင်မယ်လို့ ဆိုပါတယ်။ နောက်ထပ် လေယာဉ်များ လက်ခံရယူဖို့ကို ငြင်းဆန်ထားပါတယ်။
ဆေးသားကွာတာ၊ ဗြုတ်ထတာတွေဟာ ကာဘွန်ဓာတ်ပေါင်းနည်းပညာကို သုံးထားခြင်းကြောင့် ဆေးသားမစွဲဘဲ ကွာတာ ဗြုတ်ထတာ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်းနည်းပညာက ခေတ်မီခရီးဝေးဂျက်လေယာဉ်များ အားလုံးမှာ အသုံးပြုသည့် နည်းပညာ ဖြစ်ကြောင်း၊ အလေးချိန်လျှော့ချရေးကိုသာ ဦးစားပေးရသည့်အတွက် ဆေးသားမစွဲမြဲသည်ကို သည်းခံရမည်သာဖြစ်ကြောင်း Airbus က ပြောကြားခဲ့ပါတယ်။
#MyanmarLogisticsGuide
Telegram Channel
MLG