ပြည်ဝင်ခွင့်ဗီဇာ ရရှိရေး ၂၀၂၂ မေလတွင် နိုင်ငံခြားသား၃၄၈ ဦး စိစစ်ထောက်ခံပေးခဲ့
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ဗီဇာ ရရှိနိုင်ရေးအတွက် စိစစ်ထောက်ခံပေးလျက်ရှိပါသည်။
အဆိုပါ လုပ်ငန်းစဉ်အရ ၂၀၂၂ ခုနှစ် မေလတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ လာရောက်သည့် ကုမ္ပဏီ ၁၇၈ ခုမှ နိုင်ငံခြားသား ၃၄၈ ဦးကို အတည်ပြု ခွင့်ပြုပေးခဲ့ပါသည်။