Rules and Regulations

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်း ၁၀၈ လိုင်းနှင့် စပ်လျဉ်းသော အသိပေးကြေညာချက် ထုတ်ပြန်

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်း ၁၀၈ လိုင်းနှင့် စပ်လျဉ်းသော အသိပေးကြေညာချက် ထုတ်ပြန်

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၀၁၄ /၂၀၂၂)

 

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

 

ပို့ကုန်ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

 

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာန၏ ၂၃-၅-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသော ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်၍ သတင်းလွှာ (၇/၂၀၂၂) အရ ပဲမျိုးစုံအတွက် အကောက်ခွန်နှုန်းလိုင်း (၅၃) လိုင်း၊ ဆီထွက်သီးနှံအတွက် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းနှင့် စားဆီအတွက် အကောက်ခွန်နှုန်းလိုင်း (၁၁၀) လိုင်း စုစုပေါင်း အကောက်ခွန်နှုန်းလိုင်း (၁၈၁) လိုင်းတို့အား ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် ၁-၈-၂၀၂၂ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ကြောင့် အဆိုပါ H.S Code 10 digit ကုန်စည်လိုင်းပေါင်း (၁၈၁) လိုင်းအား MACCS စနစ်တွင် ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ပြောင်းလဲထားရှိခဲ့ပြီး ဖြစ်ပါသည်။

 Aston Martin 2

၂။ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအမှတ် (၇/၂၀၂၂) အရ ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းပေါင်း (၁၈၁) လိုင်းအား အသုံးပြု၍ ၁-၈-၂၀၂၂ ရက်နေ့မတိုင်ခင် ကြိုတင်ကြေညာလွှာတင်သွင်းခြင်းလုပ်ငန်းစဉ် (Preliminary Declaration) ဖြင့် ပို့ကုန်ကြေညာလွှာတင်သွင်း၍ ကုန်ပစ္စည်းရောက်ရှိချိန်၌ Formal Declaration သို့ ပြောင်းလဲမည်ဆိုပါ > အဆိုပါ ပို့ကုန်ကြေညာလွှာတွင် Error ဖြစ်ပေါ်မည်ဖြစ်ပါသည်။ ထိုသို့ ဖြစ်ပေါ်လာပါက EDD Service က အား ပြန်လည်ခေါ်ယူ၍ EDA01 Service တွင် လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်းစဉ် (JTB/ JTA Service) ကို ဆောင်ရွက်ကာ EDE Service ထပ်မံဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါ သည်။

 

၃။ သို့ဖြစ်ပါ၍ ၁-၈-၂၀၂၂ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် ပို့ကုန်လိုင်စင်လျှောက် ထားရန် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းပေါင်း (၁၈၁) လိုင်းနှင့်ပတ်သက်၍ လိုင်စင် ကြိုတင်သတိပြု လျှောက်ထားရယူနိုင်ပါရန်နှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ရုံးဖွင့်ရက်များတွင် Help Desk Section (01-379429) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

အကောက်ခွန်ဦးစီးဌာန


#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)