Rules and Regulations

နှမ်းနှင့်မြေပဲဆံအပါအဝင် ဆီထွက် သီးနှံများနှင့် အကျုံးဝင်သည့် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာ

နှမ်းနှင့်မြေပဲဆံအပါအဝင် ဆီထွက် သီးနှံများနှင့် အကျုံးဝင်သည့် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာ

 ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော နှမ်းနှင့်မြေပဲဆံအပါအဝင် ဆီထွက် သီးနှံများနှင့် အကျုံးဝင်သည့် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၀၁၆ /၂၀၂၂)

 

ရက်စွဲ။ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်

 

ပို့ကုန်ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၃-၅-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသော ပို့ကုန်သွင်းကုန်နှင့် ပတ်သက်၍ သတင်းလွှာ (၇/၂၀၂၂) အရ ပဲမျိုးစုံအတွက် အကောက်ခွန်နှုန်းလိုင်း (၅၃) လိုင်း၊ ဆီထွက်သီးနှံအတွက် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းနှင့် စားဆီအတွက် အကောက်ခွန်နှုန်းလိုင်း (၁၁၀) လိုင်း စုစုပေါင်း အကောက်ခွန်နှုန်းလိုင်း (၁၈၁) လိုင်းတို့အား ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် ၁-၈-၂၀၂၂ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်ထို့ကြောင့် အဆိုပါ H.S Code 10 digit ကုန်စည်လိုင်းပေါင်း (၁၈၁) လိုင်းအား MACCS စနစ်တွင် ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ပြောင်းလဲထားရှိခဲ့ပြီး လိုင်စင်ကြိုတင်လျှောက်ထားရန် အတွက် ၅-၇-၂၀၂၂ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၏ ကြေညာချက်အမှတ် (၁၄/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

 

RangeRover.jpg

 

သို့ဖြစ်ပါ၍ ၂၂-၇-၂၀၂၂ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနမှ ညှိနှိုင်းအကြောင်းကြားစာ ထပ်မံပေးပို့လာပါသဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော နှမ်းနှင့်မြေပဲဆံအပါအဝင် ဆီထွက် သီးနှံများနှင့် အကျုံးဝင်သည့် အကောက်ခွန်နှုန်းလိုင်း (၁၈) လိုင်းအား ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းလွှာ အမှတ် (၇/၂၀၂၂) ပါ ၁-၈-၂၀၂၂ ရက်နေ့တွင် အကျိုးသက်ရောက်မည့်အစား MACCS စနစ်တွင် ၂၃-၇ ၂၀၂၂ ရက်နေ့မှစတင်၍ ပို့ကုန်လိုင်စင် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် ပြောင်းလဲ၍ Setting ထားရှိဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ရုံးဖွင့်ရက်များတွင် Help Desk Section (01-379429) သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်

 

အကောက်ခွန်ဦးစီးဌာန

 ပဲမျိုးစုံ အကောက်ခွန်နှုန်း လိုင်း (၅၃) လိုင်းနှင့် စပ်လျဉ်း၍  အသိပေးကြေညာ

#MyanmarLogisticsGuide

Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)