Rules and Regulations

FEC ကောလဟာလ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အသိပေးကြေညာချက် ထုတ်ပြန်

FEC ကောလဟာလ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အသိပေးကြေညာချက် ထုတ်ပြန်

FECကောလဟာလ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ဝဘ်ဆိုက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 


အသိပေးကြေညာချက်

မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေကိုစီမံခန့်ခွဲရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် အသီးသီးပြင်ဆင်ခဲ့ပါသည်။ အဆိုပါဥပဒေတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များ၊ နိုင်ငံခြားသုံးငွေလုပ်ငန်းများ၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့်အသုံးပြုခြင်း၊ ကျပ်ငွေဖြင့် နိုင်ငံတကာေးချေမှုများနှင့်လွှဲပြောင်းမှုများ၊ နိုင်ငံခြား သုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများမှ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ ရွှေ၊ နိုင်ငံခြား သုံးငွေလက်ဝတ်ရတနာများ ပြည်တွင်းပြည်ပသို့ ယူဆောင်ခြင်း၊ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ၊ ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ … စသည့် ပြဋ္ဌာန်းချက်များပါဝင်ပါသည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များတွင် အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေး စနစ်ထုတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းချက် မပါဝင်ပါ။ သို့ဖြစ်ပါ၍ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟူသောကိစ္စမှာ  ကောလဟာလ သာဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ်လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်။

telegram1.jpg

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားသုံးငွေဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကို (၃-၄-၂၀၂၂ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမိန့်ကြော်ငြာစာအရ ပြည်တွင်း၌ နေထိုင်သူများ အနေဖြင့် နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေများကို အလုပ်လုပ်ရက် (၁) ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည် ဖြစ်ပြီး အမိန့်ကြော်ငြာစာမထွက်မီ နိုင်ငံခြားငွေစာရင်းများ၌ ရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရ (AI) ဘဏ်များသို့ ရောင်းချရမည် ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ၏ အပိုဒ် (၃) အရ ကင်းလွတ်ခွင့် ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆက်လက်ထုတ်ပြန်ခဲ့ပါသည်။ ကင်းလွတ်ခွင့်မရရှိသည့် ကုမ္ပဏီများအနေဖြင့် အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၁၂) အရ နိုင်ငံခြားငွေစာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် AD လိုင်စင်ရဘဏ်များသို့ ရောင်းချရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ AD လိုင်စင်ရဘဏ်များအနေဖြင့် ကင်းလွတ်ခွင့်မရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေ များကို အမိန့်ကြော်ငြာစာ ထွက်ရှိသည့် (၃၄-၂၁၂) ရက်နေ့မှ စတင်၍ ဝယ်ယူလျက်ရှိပါသဖြင့် လတ်တလောကာလတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်း၌ ရှိသော နိုင်ငံခြားငွေများအား သိမ်းယူနေသည် ဟူသော ကောလဟာလမှာ မှန်ကန်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)