Rules and Regulations

ပင်လယ်တွင်း သင်္ဘောပြောင်းတင် ရေနံစိမ်းဈေးကွက် ကြီးထွား

ပင်လယ်တွင်း သင်္ဘောပြောင်းတင် ရေနံစိမ်းဈေးကွက် ကြီးထွား

 

စွမ်းအင်လုပ်ငန်းနယ်ပယ်မှ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Vortex ထံမှ အချက်အလက်များအရ အီရန်၊ ရုရှားနှင့် ဗင်နီဇွဲလားတို့က အာရှသို့ ရေနံရောင်းချရန် ပြိုင်ဆိုင်နေကြပါတယ်။

 

Vortex ရဲ့ လေ့လာဆန်းစစ်ချက်များအရ  ရုရှားရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသော ရေနံစိမ်းတင်ပို့မှု ကြီးထွားလာမှုကြောင့် ပြိုင်ဆိုင်မှု ရင်ဆိုင်ရချိန်တွင် အရှေ့အလယ်ပိုင်းမှ တင်သွင်းသူအချို့သည် ဈေးနှုန်းများ လျှော့ချရန် တွန်းအားပေးခဲ့ကြပါတယ်။

 

Vortex က မက်ထရစ်တန်ချိန်  ၈၀,၀၀၀ နှင့် ၁၂၀,၀၀၀ ကြားရှိ Aframax အရွယ်အစားရှိ ရေနံတင်သင်္ဘော ၁၁ စင်းကို ခြေရာခံ လိုက်ကြည့်ခဲ့ပါတယ်။ သင်္ဘောတည်နေရာကို ထုတ်လွှင့်ပေးနေတဲ့   AIS ထုတ်လွှင့်မှုကု ပိတ်ထားပြီး ပင်လယ်ထဲမှာ သင်္ဘောမှ သင်္ဘောသို့ ရေနံစိမ်းများ ပြောင်းတင်ကြတာကို သိရပါတယ်။ ဧပြီလနောက်ပိုင်းမှာ သင်္ဘောပြောင်းတင်တာ ၁၆ ကြိမ် ရှိပြီလို့ Vortex က ယူဆပါတယ်။ 

Vortex ရဲ့ စီးပွားရေးပညာရှင် အရာရှိချုပ် David Wech က "ရေနံစိမ်း မှောင်ခိုဈေးကွက်က ယခုအခါ ပိုကြီးမားလာပြီ" လို့ ပြောကြားပါတယ်။ 

စူးအက်တူးမြောင်း အရှေ့ဘက်မှာ တည်ရှိတဲ့ တရုတ်နှင့် အိန္ဒိယအပါအဝင် ဝယ်လက်နိုင်ငံများဆီသို့ ရေနံစိမ်း ရောင်းချပေးနေတဲ့ မှောင်ခို ဈေးကွက် ဖြစ်ပါတယ်။  သင်္ဘောပေါ် တင်ဆောင်ထားတဲ့ ရေနံစိမ်းကို မူရင်းမူလ ဆိပ်ကမ်းကို ဖျောက်ဖို့ ပင်လယ်ထဲမှာ သင်္ဘောပြောင်းတင်ပေးကြတာ ဖြစ်ပါတယ်။ 

 

6Th_floor_2.jpg

အရေးယူပိတ်ဆို့ခံထားရတဲ့ အီရန်ရေနံစိမ်းများလည်း မှောင်ခိုဈေးကွက်ထဲ စီးဝင်မှု မြင့်မားခဲ့ရာမှ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးတဲ့နောက်ပိုင်း လျော့ကျသွားခဲ့တယ်လို့ Vortex ရဲ့ အချက်အလက်များအရ သိရပါတယ်။

 

"ရုရှား ရေနံစိမ်းနဲ့ ရေနံထွက်ကုန်များ တရားဝင် ပို့ဆောင်ပေးတဲ့ သင်္ဘောတွေ လျော့ကျသွားတာနဲ့အမျှ စူးအက်တူးမြောင်း အရှေ့ဘက်သို့ ရေနံတင်ပို့ရန် ရေနံတင်သင်္ဘော ကုမ္ပဏီတွေက မှောင်ခိုနည်းလမ်းဖြင့် သယ်ယူပို့ သင်္ဘောတွေ ငှားရမ်းပေးကြပါတယ်" လို့  ရေနံစိမ်း လေ့လာဆန်းစစ်တဲ့ Armen Azizian က ပြောကြားပါတယ်။ 

 

ယူကရိန်း စစ်ပွဲကြောင့် ရေနံတင်သင်္ဘော စီးဆင်းမှုများ လမ်းကြောင်း ပြောင်းလဲသွားစေခဲ့ပါတယ်။ ရုရှားမှ ရေနံစိမ်းများ ပို့ဆောင်ခြင်းအစား  အမေရိကန်မှ ဥရောပသို့ ပို့ဆောင်တဲ့ ရေနံတင်သင်္ဘော အရေအတွက် ပိုများလာခဲ့ပါတယ်။ ယခုအခါ မြောက်အမေရိက၊ ဘရာဇီးနှင့် ဂိုင်ယာနာ တို့မှ ရေနံစိမ်းများကို ဥရောပနိုင်ငံများသို့ ရေနံတင်သင်္ဘောများက ပို့ဆောင်ပေးနေကြပါတယ်။ 

 

ရုရှားရေနံများ အာရှသို့ရောက်ရှိရန် သွားရတဲ့ ခရီးအကွာအဝေး ပိုများတဲ့အတွက် ရေနံတင်သင်္ဘောများကို ရက်ပိုကြာကြာ သုံးစွဲနေကြရတဲ့အပြင် ရေနံတင်သင်္ဘောများ လျော့နည်းလာခြင်းတို့ကြောင့် ရေနံတင်သင်္ဘော မလုံလောက်တဲ့ ပြဿနာ ဖြစ်ပါ်လာနိုင်ပါတယ်။ အီးယူက အရေးယူပိတ်ဆို့တဲ့ စည်းကမ်းများကို ပြောင်းလဲပေးခဲ့ပါတယ်။ 

ဉရောပသမဂ္ဂက ပင်လယ်ထဲ တရားမဝင် ရေနံစိမ်း သင်္ဘောပြောင်းတင်ခြင်းများ ပြုလုပ်ရန် လိုအပ်နေခြင်း ပပျောက်စေရန်နှင့် ပင်လယ်ထဲ ရေနံစိမ်းများ သင်္ဘောပြောင်းတင်နေခြင်းများကြောင့် မတော်တဆ ဖိတ်စင်ကျမှုများ ဖြစ်ပွားနိုင်တဲ့ အရေး ရှိနေတာကြောင့် ပိတ်ဆို့အရေးယူမှု စည်းမျဉ်းများကို ဖြေလျှော့ကြောင်း ဥရောပသမဂ္ဂက ကြေညာခဲ့ပါတယ်။ 

 

စည်းကမ်းသစ်များအရ ရုရှားပိုင် ကုမ္ပဏီများ ဖြစ်ကြတဲ့ Rosneft နှင့်  Gazprom တို့အနေဖြင့် တတိယနိုင်ငံများသို့ ရေနံစိမ်း တင်ပို့ရန် ခွင့်ပြုပေးထားပါတယ်။ တားမြစ်ကန့်သတ်ထားခြင်းကို ပယ်ဖျက်ပေးထားပါတယ်။ 

 ရုရှား ပို့ကုန် ရေနံစိမ်းများကို အီးယူကုမ္ပဏီများက ဝယ်ယူပြီး တတိယနိုင်ငံများသို့ တင်ပို့ခြင်းကိုလည်း ခွင့်ပြုထားပါတယ်။ 

ကမ္ယာတစ်လွှား စားနပ်ရိက္ခာနှင့် စွမ်းအင် ဖူလုံရေးအတွက် ထိခိုက်နေခြင်းကို ရှောင်လွှဲပေးရန်အတွက် ယခုလို ခွင့်ပြုပေးလိုက်ကြောင်း အီးယူက ပြောကြားပါတယ်။ 

#MyanmarLogisticsGuide

 Telegram Channel
https://t.me/Guid4U

Source: gcaptain

Read times
Rate this item
(2 votes)