ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၂/၂ဝ၂ဝ ကို ပယ်ဖျက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၈ / ၂၀၂၂) ကို ဖော်ပြအပ်ပါသည်။
ရက်စွဲ ၊ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်
အကြောင်းအရာ။ ။ . ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော အခြေအနေများကို ထုတ်ပြန်ထားသည့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၂/၂ဝ၂ဝ ကို ပယ်ဖျက်ခြင်း
နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား အမိန့်ကြော်ငြာစာအမှတ် ၂၄/ ၂၀၁၉ ဖြင့် ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်းအုပ်စု(၇)မျိုးတွင် ပါဝင်သော တစ်ဆင့် မြင့်ပြုပြင် ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာသိရှိဆောင်ရွက် နိုင်ရန်အတွက် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ် ကုန်အခြေအနေများကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ(၂/၂၀၂၀)ဖြင့် အသိပေး ထုတ်ပြန်ခဲ့ပါသည်။
ယခုအခါ အချို့သော နိုင်ငံခြားကုမ္ပဏီများသည် သတင်းလွှာ(၂/၂၀၂၀)ပါ ဖော်ပြချက် တချို့အပေါ် အခြေခံ၍ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ကို တစ်ဆင့်မြင့်ပြုပြင် ထုတ်လုပ်ခြင်းမရှိဘဲ တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများအဖြစ် တင်ပို့လျက်ရှိကြောင်း စိစစ် တွေ့ရှိရပါသည်။
သို့ဖြစ်၍ ပဲမျိုးစုံ၊ ပြောင်းနှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ် ကုန်အခြေအနေနှင့်စပ်လျဉ်းသည့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ(၂/၂၀၂၀)ကို ဤသတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
ကုန်သွယ်ရေးဦးစီးဌာန
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U