Rules and Regulations

‘Taiwan, China’ အညွှန်းစာသား မပါသည့် ထိုင်ဝမ်ပို့ကုန်များ တရုတ်အကောက်ခွန်တားမြစ်

‘Taiwan, China’ အညွှန်းစာသား မပါသည့် ထိုဝမ်ပို့ကုန်များ တရုတ်အကောက်ခွန်တားမြစ်

တရုတ်နိုင်ငံသို့ တင်သွင်းသည့် သွင်းကုန်များတွင်  ‘Taiwan,’ ‘Republic of China,’  ‘R.O.C’  အညွှန်းစာသား label မတပ်ဖို့ တားမြစ်ထားပါသည်။  “တိုင်ပေ၊ တရုတ်”“Taiwan, China” ဟု သုံးနှုန်းရန် ညွှန်ကြားထားပါသည်။ 

“တိုင်ပေ၊ တရုတ်”“Taiwan, China” မှ လာသည်ဟု တံဆိပ်တပ်ခြင်းမပြုသည့်အတွက် ထိုင်ဝမ်မှ ပို့ကုန်များကို တရုတ်အကောက်ခွန်မှ ပိတ်ပင်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်စီဦးစီးဌာန (CA) က အင်္ဂါနေ့ (ဩဂုတ် ၉ ရက်) တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ကုမ္ပဏီတစ်ခုမှ  တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို မလိုက်နာသည့်အတွက် ၎င်းတင်ပို့သည့်  ပို့ကုန်အား တရုတ်အကောက်ခွန်မှ တားမြစ်ထားလိုက်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ ပြောကြားပါသည်။

 တင်ပို့မှုအတွက် ကြေညာသည့် စာရွက်စာတမ်းတွင် "တိုင်ပေ၊ တရုတ်" မှ လာသည်ဟု ကြေညာရန် ကုမ္ပဏီသို့ ပြောကြားခဲ့ပါသည်။

 

Aston_Martin_2.jpg

 

 ထိုင်ဝမ်ကုမ္ပဏီများသည် တင်ပို့မှုတွင် တရုတ်နိုင်ငံမှ ပြဋ္ဌာန်းထားသော အညွှန်းစာသား တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပေးရန် ဝယ်ယူသူတို့ထံမှ  တောင်းဆိုမှုများကို လက်ခံရရှိခဲ့ကြပါသည်။ တားမြစ်ထားသော “Taiwan,” “Republic of China,”  “R.O.C” စာသားများ ဖော်ပြခြင်း မပြုရန်အတွက်လည်း ဝယ်ယူသူတို့က သတိပေးခဲ့ပါသည်။ အထူးသဖြင့် ထုပ်ပိုးပစ္စည်း၊ ဘူး၊ ကုန်စည်စာရွက်စာတမ်း၊ ပို့ကုန်ကြေညာချက်၊ သွင်းကုန်ကြေညာချက် အစရှိသည့် မြင်သာသည့်နေရာများတွင် တားမြစ်စကားလုံး အသုံးအနှုန်းများ မပါအောင် ဂရုစိုက်ရမည်ဖြစ်ပြီး ၎င်းအသုံးအနှုန်းများအစား ‘Taiwan, China’ အညွှန်းစာသားကို သုံးစွဲပေးရမည်ဖြစ်သည်။

ထိုပြဋ္ဌာန်းချက်ကို လိုက်နာရန် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည်။ မူရင်းနိုင်ငံကို ဖော်ပြရာ၌ “Taiwan, China” ဟု ဖော်ပြရမည်။ သို့မဟုတ် တိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ညွှန်းဆိုသည့် စာသားအသုံးအနှုန်းဖြစ်ရမည်ဟု ညွှန်ကြားထားပါသည်။

သို့သော် အဆိုပါစည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာခိုင်းခြင်း မရှိခဲ့ချေ။ ယခုအခါ နိင်ငံရေး တင်းမာမှုကြောင့် တင်းကျပ်လိုက်ခြင်း ဖြစ်ပါသည်။ လိုက်နာရန် ပျက်ကွက်ပါက တင်သွင်းခွင့် မပြုတော့သည်အထိ တင်းကျပ်လိုက်ခြင်း ဖြစ်ပါသည်။

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

Source: CNA

Read times
Rate this item
(0 votes)