Rules and Regulations

အွန်လိုင်းဒေါ်လာ ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်

အွန်လိုင်းဒေါ်လာ ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်

အွန်လိုင်းဒေါ်လာ ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


ပြည်သူလူထုထံအသိပေးချက်

ရက်စွဲ ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်

 စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာန များနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေမှုများ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန် နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)