Rules and Regulations

ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီး ၁၀ ရက်အတွင်း ပြည်ပတင်ပို့ရမည်

ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီး ၁၀ ရက်အတွင်း ပြည်ပတင်ပို့ရမည်

ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားစာဖြန့်ဝေပါသည်။

 အကောက်ခွန်ဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုန်ကို စာပေးပို့ ညွှန်ကြားခြင်းဖြစ်ပြီး  တရုတ်-မြန်မာ မူဆယ်နယ်စပ်ကိုလည်း ပေးပို့ကြောင်း သိရပါသည်။

   .

ယခင်က ပို့ကုန်ကြေညာလွှာ ထုတ်ယူပြီး ရက် ၃၀ အထိ ခွင့်ပြုခဲ့ပြီး ယခု ၁၀ ရက်ဟု ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

အဆိုပါညွှန်ကြားစာကို ဖော်ပြအပ်ပါသည်။


စာအမှတ်၊ ၁-နက / ၂၀၂၂ ( ၃၁၆၅ ) ဗဟို 

ရက်စွဲ၊ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ရက်

.

သို့

တာဝန်ခံ (မြဝတီ-OSS)

အကြောင်းအရာ။ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၂) ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြန့်ဝေခြင်းကိစ္စ

ရည် ညွှန်း ချက် ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ၏ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ-၂/၂/၂(၄၅၅၇/၂၀၂၂) ၁၉-၈-၂၀၂၂

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်(ရ) တွင် 'မြဝတီကုန်သွယ်ရေးဇုန် မှ ပို့ကုန်ကြေညာလွှာ (Export Declaration - ED) ထုတ်ယူပြီးသည့် ကုန်ပစ္စည်းများအား ပို့ကုန် ကြေညာလွှာ (Export Declaration - ED) ထုတ်ယူသည့်နေ့မှ ၁ဝ ရက်အတွင်း တစ်ဘက်နိုင်ငံသို့ တင်ပို့စေရန်” ရည်ညွှန်းပါစာဖြင့် ညွှန်ကြားလာခြင်းအား သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်။

.

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)