ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့်ကော်မရှင်ခများအား ပို့ကုန်ရငွေ၃၅% မှသာသုံးစွဲရန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန က ကုန်ပစ္စည်းသင်္ဘောတင်ခကုန်ပစ္စည်းစစ်ဆေးခနှင့်ကော်မရှင်ခများအား ပို့ကုန်ရငွေ၃၅% မှသာသုံးစွဲရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI သို့ ပေးပို့သည့် အကြောင်းကြားစာကို ဖော်ပြအပ်ပါသည်။
အကြောင်းအရာ။ ကုန်ပစ္စည်းသင်္ဘောတင်ခကုန်ပစ္စည်းစစ်ဆေးခနှင့်ကော်မရှင်ခများအား ပို့ကုန်ရငွေ၃၅% မှသာ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲရန်ကိစ္စ
၁။ ပို့ကုန်တင်ပို့သူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်ကျလျှက် ရှိသည့် ကုန်ပစ္စည်းသင်္ဘောတင်ခ ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများအား ပို့ကုန်ရငွေ (၃၅) % မှသာ ကိုယ်ပိုင်အစီအစဉ်ဖြင့်သုံးစွဲစေရန်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ(FESC)အစည်းအဝေး သို့ တင်ပြတောင်ခံခြင်းမပြုရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၂) မှ ဆုံးဖြတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အနေဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေး၏လမ်းညွှန်ချက်အား တိကျစွာ လိုက်နာဆောင်ရွက် သွားနိုင်ရေး သက်ဆိုင်ရာအသင်းများသို့ အသိပေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားပါသည်။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U