Rules and Regulations

လယ်ယာသုံး စက်ပစ္စည်းကိရိယာ (၇၀)လိုင်း သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြု

လယ်ယာသုံး စက်ပစ္စည်းကိရိယာ (၇၀)လိုင်း သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြု

 

လယ်ယာသုံး စက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းပေါင်း(၇၀)လိုင်းကို သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြုထားကြောင်းအကောက်ခွန်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်သည့် 

 MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် ( ၀၁၇ /၂၀၂၂)ကို ဖော်ပြအပ်ပါသည်။


သွင်းကုန်ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

 

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ် (၃၂/၂၀၂၂) နှင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၅/၂၀၂၂) တို့အရ သွင်းကုန် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းစာရင်းတွင် ပါဝင်သည့် လက်ယာသုံးစက်ပစ္စည်း ကိရိယာများနှင့်ပတ်သက်၍ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေရန်နှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းမှု လွယ်ကူချောမွေ့စေရန်အတွက် လယ်ယာသုံး စက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းပေါင်း (၇၀) လိုင်းအား ပြည်ပမှတင်သွင်းရာတွင် ၁-၉-၂၀၂၂ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၉/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

၂။ သို့ဖြစ်ပါ၍ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ရရှိသော လယ်ယာသုံးစက် ပစ္စည်းကိရိယာများနှင့်အကျုံးဝင်သည့် HS Version 2017 ပါ 10 Digit Level အကောက်ခွန်နှုန်းလိုင်း (၇၀) လိုင်းအား ၂-၉-၂၀၂၂ ရက်နေ့မှစ၍ လိုင်စင်မလိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် MACCS စနစ်တွင် Setting ထားရှိပြီးဖြစ်ပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ရုံးဖွင့်ရက်များ တွင် Help Desk Section (01-379429) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။

 

အကောက်ခွန်ဦးစီးဌာန

Read times
Rate this item
(0 votes)