Rules and Regulations

အစ္စရေးက အင်ဂျင် ၄ လုံးတပ် လေယာဉ်များကို ၂၀၂၃ ခုနှစ် မတ်လမှစ၍ ပိတ်ပင်မည်

အစ္စရေးက အင်ဂျင် ၄ လုံးတပ် လေယာဉ်များကို ၂၀၂၃ ခုနှစ် မတ်လမှစ၍  ပိတ်ပင်မည်

အစ္စရေးလေဆိပ်များ အာဏာပိုင်အဖွဲ့  Israel Airports Authority (IAA) မှ အင်ဂျင်လေးလုံးပါရှိသော လေယာဉ်များကို အစ္စရေးသို့ လည်ပတ်ခြင်းမပြုရန် တားမြစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

အဆိုပါတားမြစ်ချက်ကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်သက်ရောက်မည်။

သဘာဝပတ်ဝန်းကျင်၊ ဆူညံသံနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စိုးရိမ်စရာများကြောင့် တားမြစ်ခြင်း ဖြစ်သည်။ 

.

အဆိုပါ တားမြစ်ချက်ကြောင့် အင်ဂျင်လေးလုံးတပ် လေယာဉ်များသည်  ခြွင်းချက်ပေးရမည့် ထူးခြားသော အခြေအနေများတွင်သာ အစ္စရေးနိုင်ငံသို့ လာရောက်နိုင်မည်ဖြစ်ပြီး အထူးခွင့်ပြုချက်ကို Tel Aviv Ben Gurion Airport  (TLV) မှ ကြိုတင်ရယူရန်လိုအပ်ပါသည်။

.

လာမည့်ပိတ်ပင်မှုနှင့်ပတ်သက်၍  IAA သည် လေကြောင်းလိုင်းများကို ဆက်သွယ် အသိပေးထားပြီးပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် အင်ဂျင် ၄ လုံးပါသော Airbus A340၊ Airbus A380 သို့မဟုတ် Boeing 747 ကို အသုံးပြု၍ အစ္စရေးသို့  ပျံသန်းပြေးဆွဲခြင်း မရှိချေ။ 

Source simpleflying

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)