သင်္ဘောသားများ၏ နိုင်ငံခြားလစာငွေနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်
သင်္ဘောသားများ၏နိုင်ငံခြားလစာငွေနှင့်စပ်လျဉ်း၍ MSF Myanmar Seafarers Federation မှ သတင်းထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပသည်။
၁။ နိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကိုင်ဆောင်မှုနှင့်ပတ်သက်သည့်ညွှန်ကြားချက်အား ပြီးခဲ့သော ဩဂုတ်လတွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အား နိုင်ငံခြားငွေဖြင့်လစာရယူနေသည့် မြန်မာသင်္ဘောသားများအနေဖြင့် အဆိုပါညွှန်ကြားချက်အား နားလည်သိရှိရန်လိုအပ်သည်။
၂။ မိမိရရှိသည့်နိုင်ငံခြားလစာငွေအား မိမိ၏သဘောသဘာဝအရ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။
၃။ မိမိ၏နိုင်ငံခြားလစာငွေအား မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ပါက ယနေ့အဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်အကြားဆွေးနွေး ညှိနှိုင်းချက်အရ အောက်ပါလုပ်ငန်းစဉ် အတိုင်း ဧရာဝတီဘဏ်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်။
(က) ဧရာဝတီဘဏ်တွင် ကျပ်ငွေအထူးငွေစုဘဏ်စာရင်း (Special Account ) နှင့် နိုင်ငံခြားငွေစုဘဏ် စာရင်း (Foreign Currency Account) အား ကာယကံရှင်သင်္ဘောသားနှင့် အမွေစားအမွေခံတစ်ဦး တို့ပူးပေါင်း၍ ငွေစုဘဏ်စာရင်းဖွင့်လှစ်ရန်။ သို့မှသာသင်္ဘောသားမရှိသည့်အချိန်တွင် အမွေစားအမွေခံမှ ငွေစုဘဏ်စာရင်းနှင့်ဆက်နွယ်သည့် လုပ်ငန်းစဉ်များအား တရားဝင် လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။
(ခ) အောက်ဖော်ပြပါဧရာဝတီဘဏ်ခွဲများတွင် နိုင်ငံခြားငွေစုဘဏ်စာရင်းနှင့် အထူးငွေစုဘဏ်စာရင်း များဖွင့်လှစ်သကဲ့သို့ ငွေထုတ်ယူခြင်းကိစ္စများကိုလည်းဆောင်ရွက်နိုင်သည်။
- အလုံ (River View Condo)
- Myanmar Plaza
- Junction City
- Boaungkyaw
- ပြည်လမ်း (Sitawgyi Condo)
၄။ နိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အရ သင်္ဘောသား၏နိုင်ငံခြားငွေစုဘဏ်စာရင်းသို့ဝင်ရောက်လာ သည့် နိုင်ငံခြားလစာငွေအား ဧရာဝတီဘဏ်အနေဖြင့် ဘဏ်အတွင်းငွေကြေးအရောင်းအဝယ် ငွေလဲလှယ်နှုန်း ဖြစ်ပေါ်နေသည့် နေ့စဉ်နှုန်းထားများအရ ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ပြီး တက်နိုင်သ၍ အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူပေးမည်ဟု သိရှိရသည်။
၅။ သင်္ဘောသားအနေဖြင့် ဧရာဝတီဘဏ်၏ငွေစုဘဏ်စာရင်းမှ မိမိ၏နိုင်ငံခြားလစာငွေအား အခြားဝယ်ယူသူ ထံသို့ လည်းတိုက်ရိုက်ရောင်းချခွင့်ရှိသည်။ သို့သော်မိမိငွေစုဘဏ်စာရင်းသို့ နိုင်ငံခြားငွေလက်ခံရရှိသည့် နေ့မှ (၂၁) ရက်အတွင်းအပြီးအပိုင်လွှဲပြောင်းရောင်းချရမည်ဖြစ်သည်။
၆။ မိမိ၏နိုင်ငံခြားလစာငွေအား မိမိကိုယ်ရေးကိုယ်တာကိစ္စရပ်များဖြစ်သော နိုင်ငံခြားတွင် ကျောင်းတက်နေ သည့် သားသမီးများအတွက် ကျောင်းစရိတ်ပေးပို့ရန်ကိစ္စ၊ နိုင်ငံခြားသို့ထွက်ခွာ၍ဆေးကုရန် ကိစ္စရပ်များ အတွက်ကိုမူ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ ဧရာဝတီဘဏ်မှတစ်ဆင့်လျှောက်ထား၍ ခွင့်ပြုမိန့်ရယူပြီးနောက် နိုင်ငံခြားသို့ပေးပို့၍အသုံးပြုနိုင်မည်ဖြစ်ကြောင်းကြားသိရသည်။
၇။ ညီနောင်သင်္ဘောသားများအနေဖြင့် မိမိ၏နိုင်ငံခြားလစာငွေအား ဒေသခံကိုယ်စားလှယ်ထံမှ နိုင်ငံခြား ငွေဖြင့် သာလက်ခံရယူပြီးမြန်မာနိုင်ငံအတွင်းရှိဘဏ်များသို့ ပေးသွင်းမှသာ ငွေလဲလှယ်နှုန်းမြင့်မားသည့် မြန်မာကျပ်ငွေအားရရှိမည်ဖြစ်သည်ကို သတိရှိအပ်ပြီး ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းအားလက်ခံခြင်းသည် မိမိ၏သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းအား ဘဏ်မှ လဲလှယ်ပေး မည့်နှုန်းထားအရ ရနိုင်မည်၊ မရနိုင်မည်ကို ခန့်မှန်းရခက်မည်။
#LogisticsGuide
Telegram Channel https://t.me/Guid4U