Rules and Regulations

Boeing 737 MAX ပျံသန်းမှု တရုတ်နိုင်ငံတွင် ဆက်လက်ရပ်ဆိုင်းထား

Boeing 737 MAX ပျံသန်းမှု တရုတ်နိုင်ငံတွင် ဆက်လက်ရပ်ဆိုင်းထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

China Southern Airlines Co Ltd သည် Boeing 737 MAX လေယာဉ်နှစ်စင်းဖြင့် ခရီးစဉ်များ ပျံသန်းရန် စီစဉ်ခဲ့ပြီးမှ ပြန်ရုပ်သိမ်းလိုက်ကြောင်း ၎င်းရဲ့ ဝဘ်ဆိုက်မှာ အသိပေးထားပါတယ်။ 

Boeing 737 MAX လေယာဉ်များ ပျံသန်းမှုကို တရုတ်နိုင်ငံတွင် ရပ်ဆိုင်းထားတာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ 

.

အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားတို့မှာ  737 MAX  ပျက်ကျခဲ့ပြီးတဲ့နောက် လေယာဉ်မှာ ချို့ယွင်းချက် ရှိနေတယ်လို့ ယူဆတာကြောင့် ၂၀၁၉ မတ်လမှာ  ပျံသန်းမှုများ အားလုံး ကမ္ဘာတစ်လွှားမှာ ရပ်ထားခဲ့ကြပါတယ်။ 737 MAX ကို ပြုပြင်မွမ်းမံခြင်း၊ လေယာဉ်မှုူးများကို သင်တန်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရုရှားနှင့် တရုတ် ၂ နိုင်ငံမှအပ အခြားနိုင်ငံများမှာ 737 MAX  ကို ပြန်လည်ပျံသန်း ပြေးဆွဲနေကြပြီ ဖြစ်ပါတယ်။ 

.

China Southern Airlines က ကွမ်ကျိုးမြို့ကို အချက်အချာဗဟိုချက်အဖြစ် နေရာယူပြီး 737 MAX  ကို ပျံသန်းပြေးဆွဲတာမှာ ကျန်ကျိုးမြို့နှင့် ဝူဟန်မြို့တို့ထံ ပျံသန်းဖို့ စီစဉ်ထားခဲ့ပါတယ်။ ပြီးမှ 737 MAX ပျံသန်းမယ့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ပါတယ်။ 

တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေခြင်းကြောင့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများက အမေရိကန်မှ Boeing ကို ဝယ်ယူဖို့ လက်ရှောင်ထားကြပြီး ဥရောပမှ Airbus ကို ဝယ်ယူကြပါတယ်။ 

.

တရုတ်လေကြောင်းလိုင်းများအတွက် ထုတ်လုပ်တဲ့ နောက်ထပ် လေယာဉ် ၁၃၈ စင်းရှိနေကြောင်း၊ တရုတ်လေကြောင်းလိုင်းများက လက်ခံရယူမယ့်အချိန်ကို စောင့်ဆိုင်းနေကြောင်း Boeing Co က ပြောကြားခဲ့ပါတယ်။ ၎င်းလေယာဉ်များကို တရုတ်လေကြောင်းလိုင်းများက ရယူမယ်ဆိုတာ မသေချာတော့တဲ့အတွက် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများထံ ရောင်းချနိုင်ဖို့ ကြိုးပမ်းနေကြောင်း Boeing Co က ပြောကြားခဲ့ပါတယ်။ 

Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U 

 

 

Read times
Rate this item
(1 Vote)