Rules and Regulations

မြောက်ကိုရီးယားသို့ လောင်စာဆီတင်ပို့သူ သင်္ဘောကုမ္ပဏီပိုင်ရှင်ကို ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထား

မြောက်ကိုရီးယားသို့ လောင်စာဆီတင်ပို့သူ သင်္ဘောကုမ္ပဏီပိုင်ရှင်ကို ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယမန်နှစ်က ဖမ်းဆီးရမိသည့် ရေနံတင်သင်္ဘောပေါ်မှ ရေနံ‌လောင်စာဆီ တင်ပို့မှုအပါအဝင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည့် စင်ကာပူစီးပွားရေးသမားတစ်ဦးကို ခြေရာခံနိုင်ရန် သတင်းပေးသူကို အမေရိကန် ဒေါ်လာ ၅ သန်း ဆုကြေးပေးမည်ဟု အမေရိကန်ပြည်ထောင်စုက   ကြာသပတေးနေ့(အောက်တိုဘာ ၃)တွင်  ကမ်းလှမ်းခဲ့သည်။

.

တောင်ကိုးရီးယားရေပိုင်နက်အနီး ကျရောက်ခဲ့သည့်  ဒုံးကျည်တစ်စင်းအပါအဝင် မြောက်ကိုရီးယားက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်  ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပြဋ္ဌာန်းထားသည့် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးကြရန် အမေရိကန်က တိုက်တွန်းလိုက်ပြီး အမေရိကန် ဒေါ်လာ ၅ သန်း ဆုကြေးကို ထုတ်ပြန်ကြေညာခဲ့သည်။

.

Kwek Kee Seng နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက် သတင်းပေးသူကို အမေရိကန် နိုင်ငံခြားရေးဌာနက အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုကြေးပေးမည်ဖြစ်သည်။

.

မြောက်ကိုရီးယားသို့ လောင်စာဆီ အများအပြား ပို့ဆောင်မှုအတွက် Kwek Kee Seng ကို အပြစ်ပေးမည် ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားသို့ ပို့ဆောင်မည့် လောင်စာဆီများကို သင်္ဘောပြောင်းတင်ခြင်းများ ship-to-ship transfers၊ ဗန်းပြထားသည့် ကုမ္ပဏီများမှ တစ်ဆင့် ငွေကြေးခဝါချခြင်းများ အတွက်လည်း အရေးယူမည် ဖြစ်သည်။

.

M/T Courageous ထံမှ သင်္ဘောတည်နေရာ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးပို့ခြင်း ရပ်ဆိုင်းထားစဉ် ဂြိုဟ်တုဓာတ်ပုံတွင် M/T Courageous သည် မြောက်ကိုရီးယား ဆီတင်သင်္ဘော Saebyol နှင့်အတူ ပင်လယ်ထဲ ဘေးချင်းယှဉ်လျက် တွေ့ရသည်။ ကန်ဒေါ်လာ ၁.၅ သန်းကျော် တန်ဖိုးရှိသည့် လောင်စာဆီများကို M/T Courageous ထံမှ  Saebyol သို့ သင်္ဘောပြောင်းတက်နေခြင်း ဖြစ်မည်ဟု ယူဆသည်။ 

.

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပြဋ္ဌာန်းထားသည့် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးပေးရန် အမေရိကန်၏ တောင်းဆိုမှုကြောင့် ကမ္ဘောဒီယားရှိ ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် သက်တမ်း ၃၅ နှစ်ရှိ ဆီတင်သင်္ဘော M/T Courageous ကို ကမ္ဘေဒီးယား အာဏာပိုင်တို့က ဖမ်းဆီး‌ေပးခဲ့သည်။

နောက်တစ်နှစ်အကြာ၂၀၂၁ တွင် Kwek Kee Seng ကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။

အသက် ၆၂ နှစ်ရှိသူ Kwek Kee Seng သည် စင်ကာပူရှိ Swanseas Port Services သင်္ဘောကုမ္ပဏီ ပိုင်ရှင်ဖြစ်သည်။

Kwek Kee Seng ရောက်ရှိနေသည့်နေရာကို စုံစမ်းဆဲဖြစ်ပြီး မြောက်ကိုရီးယား၊ ကမ္ဘောဒီးယား၊ ထိုင်ဝမ်နှင့် ထိုင်း၊ ကင်မရွန်းနှင့် သေးငယ်သော ကာရေဘီယံရှိ ကျွန်းနိုင်ငံငယ်  Saint Kitts and Nevis တို့တွင် ၎င်းရောက်ရှိခဲ့ကြောင်း အထောက်အထားများ ရရှိခဲ့ပါသည်။

Source AFP

ဆက်စပ်ဖတ်ရှုရန် 

Read times
Rate this item
(4 votes)