Rules and Regulations

အမေရိကန်က ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ခံရသည့် သင်္ဘောပိုင်ရှင် စင်ကာပူတွင် ထိန်းသိမ်းထား

အမေရိကန်က ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ခံရသည့် သင်္ဘောပိုင်ရှင် စင်ကာပူတွင် ထိန်းသိမ်းထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြောက်ကိုရီးယားသို့ လောင်စာဆီ ပို့ဆောင်ခြင်းဖြင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟု အမေရိကန်က စွပ်စွဲထားသော စီးပွားရေးသမားသည် လက်ရှိတွင် စင်ကာပူတွင်ရှိ‌ေနပြီး  စုံစမ်းစစ်ဆေးခံနေရသည်ဟု စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ယခင်ဖော်ပြချက် ဖတ်ရှုရန်လင့်

မြောက်ကိုရီးယားသို့ လောင်စာဆီတင်ပို့သူ သင်္ဘောကုမ္ပဏီပိုင်ရှင်ကို ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထား

https://www.logisticsguide.com.mm/en/knowledge/rules-regulations/226721-us-offers.html

 

 

စင်ကာပူအခြေစိုက် သင်္ဘောကုမ္ပဏီ Swanseas Port Services (S) Pte ၏ ဒါရိုက်တာ Kwek Kee Seng သည် စင်ကာပူနိုင်ငံ ဥပဒေအောက်တွင် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ၂၀၂၁  ဧပြီလ ကတည်းက စုံစမ်းစစ်ဆေး‌ေနခဲ့ပြီး ၎င်း၏ပတ်စပို့ကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

.

Kwek နှင့်ပတ်သက်သည့် သတင်းအချက် အလက်များ သတင်းပေးခြင်းအတွက် ဆုကြေး ကန်ဒေါ်လာ ၅ သန်းအထိ ပေးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားသည်။

Kwek Kee Seng ကို ၎င်း၏ ကိုယ်ပိုင် ရေနံတင်သင်္ဘော M/T Courageous ဖြင့် လောင်စာဆီများ မြောက်ကိုရီးယားသို့ ပို့ဆောင်ခဲ့ခြင်းအတွက် အရေးယူ အပြစ်ပေးရန် အလိုရှိနေသည်။

 စင်ကာပူရဲတပ်ဖွဲ့က  Kwek နှင့် ပတ်သက်၍ အမေရိကန်သို့ နိုဝင်ဘာ ၄ ရက်က ဆက်သွယ်ခဲ့ကြောင်း ပြောကြားသည်။

 "ကျွန်ုပ်တို့ နိုင်ငံ၏ ဥပဒေများနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများအရ အမေရိကန်အာဏာပိုင်များအား စင်ကာပူနိုင်ငံမှ ဆက်လက်ကူညီသွားမည်" ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times
Rate this item
(0 votes)