Rules and Regulations

တစ်ဖက်သတ်အကောက်ခွန် သက်သာခွင့်အစီအစဉ် လျှောက်ထားနိုင်ပြီ

တစ်ဖက်သတ်အကောက်ခွန် သက်သာခွင့်အစီအစဉ် လျှောက်ထားနိုင်ပြီ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကုန်သွယ်ရေးဦးစီးဌာနမှ တစ်ဖက်သတ်အကောက်ခွန် သက်သာခွင့်အစီအစဉ် (Generalized System of Preferences-GSP) ဖြင့် တင်ပို့ရန်အတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။

 

အသိပေးကြေညာချက်

 

၁။   ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာအမှတ်၊ ၃၂/၂၀၁၈ အရဆောင်ရွက်လျက်ရှိ သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် တူရကီနိုင်ငံတို့၏ တစ်ဖက်သတ်အကောက်ခွန် သက်သာခွင့်အစီအစဉ် (Generalized System of Preferences-GSP) အရပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ် (Registered Exporter System-REX) ကို အသုံးပြု၍ ပို့ကုန်တင်ပို့သူများ မှတ်ပုံတင်ပို့ကုန်တင်ပို့သူ (Registered Exporter) ခွင့်ပြုချက်လျှောက်ထားခြင်းအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းကုန်ရုံးခွဲတွင် စာရွက်စာတမ်းပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

 

၂။   ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ် (Registered Exporter System-REX) ဆိုသည်မှာ ဖော်ပြပါနိုင်ငံများသို့ တင်ပို့မည့် ကုန်စည်များသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံ၏ ပင်ရင်းကုန်စည်ဖြစ်ကြောင်း မှတ်ပုံတင်ပို့ကုန် တင်ပို့သူခွင့်ပြုချက် လက်မှတ်ရထားသော ပို့ကုန်တင်ပို့သူများက သက်ဆိုင်ရာစာရွက်စာတမ်းပေါ်တွင် ကြေညာသည့်စနစ် ဖြစ်သည်။

 

ကုန်သွယ်ရေးဦးစီးဌာန

Notification

 

1. According to Order No. 32/2018 issued on 8-6-2018, the exporters who are exporting Myanmar Origin Products to the markets of EU, Norway, Switzerland and Turkey under the Generalized System of Preferences (GSP) can apply the Registered Exporter by submitting the supporting documents at Export Import Branch Office in Yangon.

 

2. The Registered Exporter System is the system of certification of Origin of Goods declared by the Registered Exporters under that system.

 

Department of Trade

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)