ပိုင်ရှင်က နွားတင်သင်္ဘောနှင့် သင်္ဘောသားများကို စွန့်ပစ်ထားသဖြင့် သင်္ဘောရောင်းချရန် အမိန့်ထုတ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဩစတြေးလျ ဖက်ဒရယ်တရားရုံးသည် တိရစ္ဆာန်သယ်ဆောင်သည့် သင်္ဘော Yangtze Fortune ကို ပိုင်ရှင်များက စွန့်ပစ်ခဲ့သည်ဟု ယူဆသောကြောင့် လေလံတင်ရန် ပြင်ဆင်နေပါသည်။
Yangtze Fortune ဟု အမည်တွင်မည့် သင်္ဘောကို ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ကွန်တိန်နာသင်္ဘောတစ်စီးအဖြစ်ဖြင့် တည်ဆောက်ခဲ့ပါသည်။ သက်တမ်းတစ်လျှောက် နာမည် အနည်းဆုံး ၅ ကြိမ် ပြောင်းလဲခဲ့ပါသည်။ မန်နေဂျာ အပြောင်းအလဲများ၊ မှတ်ပုံတင်သည့် ပိုင်ရှင် အပြောင်းအလဲများလည်း ရှိခဲ့ပါသည်။
လိုင်ဘေးရီးယား အလံ မှတ်ပုံတင် တန်ချိန် ၄,၈၀၀ ရှိ၎င်းသင်္ဘောသည် Yangtze Fortune အမည်ဖြင့် ပြေးဆွဲခဲ့ရာတွင် ဩစတေးလျမှ နွားများကို တရုတ်ပြည်သို့ ပို့ဆောင်ခဲ့ပါသည်။ နွားကောင်ရေ ၅,၂၀၀ တင်ရန် ဩစတေးလျသို့ ရောက်ရှိလာခဲ့ပြီး စွန့်ပစ်ခံရခြင်း ဖြစ်ပါသည်။
၎င်းသင်္ဘောသည် စက်တင်ဘာ ၂၈ ရက်က ဩစတြေးလျနိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့အနီးရှိ Portland သို့ ရောက်ရှိခဲ့ပြီး ကျောက်ချရပ်နားထားဆဲဖြစ်ကြောင်း ဩစတြေးလျ ရေကြောင်း ဘေးကင်းရေး အာဏာပိုင်အဖွဲ့ Australian Maritime Safety Authority-AMSA မှ သတင်းထုတ်ပြန်ခဲ့သည်။
ဩစတြေးလျနိုင်ငံမှ Australasian Global Exports Pty က စက်တင်ဘာလအတွက် ကြိုတင်ငှားရမ်းထားသည်ကို သင်္ဘောက ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့သဖြင့် စာချုပ် ချိုးဖောက်ခြင်းအတွက် ကန်ဒေါ်လာ ၂.၃ သန်းနှင့် နစ်နာကြေး ကန်ဒေါ်လာ ၁ သန်း ရလိုမှုဖြင့် တရားရုံးတွင် တရားစွဲဆိုခဲ့သဖြင့် တရားရုံး ပါဝင်ပတ်သက်ေစခဲ့သည်။
Yangtze Fortune ကို ဘန်ကာပေးခဲ့သည့် Dan-Bunkering ကလည်း ဘန်ကာပေးခဲ့သည့် ဆီဖိုးများ မရသေးသဖြင့် သင်္ဘောကို ဖမ်းဝရမ်းထုတ်ပေးရန် ဥပဒေကြောင်းအရ ဆောင်ရွက်နေသည်။ စင်ကာပူမှ သင်္ဘောအသုံးအဆောင်ပစ္စည်းပေးသွင်းသူကလည်း ငွေမပေးချေသဖြင့် အလိုရှိနေသည်။
ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် သင်္ဘောသည် ယိုယွင်းပျက်စီးနေကြောင်း တရားရုံးက သတင်းထုတ်ပြန်ထားပြီး ပိုင်ရှင်များထံမှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
သင်္ဘော၏ မှတ်ပုံတင် အမည်ပေါက်ပိုင်ရှင်များဖြစ်သော Soar Harmony Shipping of China သည် သင်္ဘောကို စွန့်ပစ်လိုက်ပြီဟု ယူဆရသည်။
သို့ဖြစ်ရာ သင်္ဘောကို ရောင်းချရန် တရားရုံးက စီရင်ဆုံးဖြတ်ခဲ့သည်။
သင်္ဘောပေါ်တွင် သင်္ဘောသား ၃၆ ဦး ရှိနေပြီး လက်ရှိအခြေအနေတွင် သင်္ဘောသား ၁၆ ဦး ထားရှိလျှင် လုံလောက်သည်ဟု တရားရုံးက ဆုံးဖြတ်သည်။
သို့သော် သင်္ဘောသားများသည် မရသေးသည့် လုပ်ခလစာများ မပေးမချင်း သင်္ဘောမှ ထွက်ခွာရန် ဆန္ဒမရှိပေ။သင်္ဘောသားများမှာ ဖိလစ်ပိုင် နိုင်ငံသားများ ဖြစ်ပါသည်။
Source marineinsight
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U