Rules and Regulations

Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းအမှတ်စဥ်(1/2023) အွန်လိုင်း ဖွင့်လှစ်မည်

Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းအမှတ်စဥ်(1/2023)  အွန်လိုင်း ဖွင့်လှစ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၁/၂၀၂၃) သင်တန်းသားခေါ်ယူခြင်း

 

Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၁/၂၀၂၃)”အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

 

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

 

(၁) သင်တန်းနေ့ရက်

(၂၁-၁-၂၀၂၃)ရက်နေ့ မှ (၂၂-၁-၂၀၂၃)ရက်နေ့ထိ

 

(၂) သင်တန်းအချိန်

နံနက် (၁၀:၀၀) မှ (၁၅:၃၀) နာရီထိ

 

(၃) သင်တန်းနေရာ

Virtual Online

 

(၄) ပို့ချမည့်ဘာသာရပ်များ

 

*Tradenet2.0 Brief, *Tradenet Member, * HS Code အကြောင်း *ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ) *ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

 

*ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay) * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)

 

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

 

(၁) အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်

(၂၈-၁၂-၂၀၂၂)

 

(၂) သင်တန်း Form လက်ခံခြင်း

(၃-၁-၂၀၂၃) မှ (၉-၁-၂၀၂၃)

 

(၃) သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား

ထုတ်ပြန်အကြောင်းကြားခြင်း

(၁၁-၁-၂၀၂၃)

 

(၄) သင်တန်းကြေးပေးသွင်းရမည့်ရက်

(၁၂-၁-၂၀၂၃) မှ (၁၆-၁-၂၀၂၃)

 

(၅) Webinar Register ပြုလုပ်ရမည့်ရက်

- (၁၈-၁-၂၀၂၃) ရက်နေ့

 

(၆) သင်တန်းကြေး

၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

(၁) လျှောက်လွှာနှင့် This email address is being protected from spambots. You need JavaScript enabled to view it.    သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့လျှောက်ထားရန်။ (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com   တွင် Download ရယူရန်)

 (၁၁-၁-၂၀၂၃) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်ပါသည်။

Commerce Website, Tradenet Website, Commercial New Facebook Page && Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

 

(၂) သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။ (Quick Payပေးသွင်းရန် Title - Department of Trade/Tradenet Training Fees)(သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

 

(၃) သင်တန်းကြေးပေးသွင်းပြီး Screen Shot အားလျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်

 

(၄) ငွေပေးသွင်းမှုစိစစ်ပြီးပါက (၁၈-၁-၂၀၂၃) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက် Link နှင့် သင်ခန်းစာများအားပေးပို့သွားမည်။

 

စည်းကမ်းချက်များ 

 

(၁) သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများလက်ခံခြင်းမပြုပါ။

 

(၂) လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်များအား သေချာစွာဖြည့်သွင်းရမည်။

 

(၃) လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail (၁) ခု ပေးပို့မှသာ Register Link နှင့် သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။

 

(၄) သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာ တက်ရောက်ခွင့်ရရှိမည်။

 

(၅) သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

 

(၆) သင်တန်းဆင်းလက်မှတ် e-Certificate အား (၂)ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

 

မှတ်ချက် - အခက်အခဲရှိပါက ဆက်သွယ်ရန် 

၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

ကုန်သွယ်ရေးဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)