Rules and Regulations

Asiana Airlines ကို Korean Air ဝယ်ယူမှု တရုတ်နိုင်ငံက ခွင့်ပြု

Asiana Airlines ကို Korean Air ဝယ်ယူမှု တရုတ်နိုင်ငံက ခွင့်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Korean Air ၏ Asiana Airlines ကို ဝယ်ယူမှအတွက် တရုတ်နိုင်ငံက ကြိုတင်ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်သဖြင့် ခွင့်ပြုချက် မပေးရသေးသည့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ်  မူတည်နေပြီဖြစ်သည်။ 

 

Korean National Airlines ကို ၁၉၄၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ၁၉၆၂ တွင် ကိုရီးယား အစိုးရက ဝယ်ယူခဲ့ရာ အမည်ကို Korean Air Lines ဟု ပြောင်းလဲလိုက်သည်။ နိုင်ငံပိုင် လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၆၉ တွင် Hanjin Group က ဝယ်ယူခဲ့ပြီး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းအဖြစ်သို့ ရောက်ရှိသည်။ အမည်ကို Korean Air ဟု ပြောင်းလဲခဲ့ပါသည်။

 

COVID-19 ကပ်ရောဂါကာလအတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် Korea Air မှ Asiana လေကြောင်းလိုင်းကို ၀ယ်ယူတော့မည်ဟု တောင်ကိုရီးယားအစိုးရက တရားဝင်ကြေငြာခဲ့ပါသည်။

နိုင်ငံပိုင် ဘဏ်လုပ်ငန်း Korea Development Bank က ဝမ် ၈၀၀ ဘီလီယံကို Hanjin Group ထံ ပေးအပ်ပြီး လေကြောင်းလိုင်းနှစ်ခု ပေါင်းစည်းရေးကို ကူညီမည်ဟု ကြေညာပါသည်။

  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Ministry of Commerce of the People's Republic of China (MOFCOM) က ကိုရီးယားလေကြောင်းလိုင်း နှစ်ခုဖြစ်သည့် Korean Air နှင့် Asiana Airlines တို့အကြား အရောင်းအဝယ် သဘောတူညီချက်ကို ဒီဇင်ဘာလ ၂၆ တွင် အတည်ပြု ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

Korean Air နှင့် Asiana Airlines တို့ ပြေးဆွဲနေသည့် ခရီးစဉ်များတွင် ၉ ခုကို လက်လွှတ်ပေးမည်ဖြစ်ပြီး ၎င်းခရီးစဉ်များကို ဝန်ဆောင်မှု ပေးလိုသည့် မည်သည့်လေကြောင်းလိုင်းအသစ်ကိုမဆို လွှဲပြောင်းပေးပါမည်ဟု တရုတ်နိုင်ငံမှ လက်ဝါးကြီးအုပ် တိုက်ဖျက်ရေး ကြီးကြပ်သူများထံ အဆိုပြုခဲ့ပြီးနောက် ကြိုတင်ခွင့်ပြုချက်ကို ရရှိခဲ့ပါသည်။

 

Korean Air က Asiana Airlines ကို ဝယ်ယူခြင်းအတွက် မပျက်မကွက် အစီရင်ခံပြီး ခွင့်ပြုချက် ရယူရန် လိုအပ်သည့် ပြည်ပနိုင်ငံများတွင်  တရုတ်နိုင်ငံသည် ဝယ်ယူမှုအတွက် ပထမဆုံး ခွင့်ပြုချက်ပေးသည့် နိုင်ငံ ဖြစ်ပါသည်။

 

လေကြောင်းပို့ဆောင်ရေးကဏ္ဍမှ အတွင်းကျကျ သိသူများက တရုတ်နိုင်ငံထံမှ ခွင့်ပြုချက် ရရှိရန် ခက်ခဲလိမ့်မည်ဟု ယူဆထားကြသည်။  သို့ဖြစ်ရာ  Korean Air အခက်အခဲ အကြီးစားတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

မပျက်မကွက် အစီရင်ခံပြီး ခွင့်ပြုချက် ရယူရန် လိုအပ်သည့် ပြည်ပနိုင်ငံများတွင် ပါဝင်သည့် အမေရိကန်၊ အီးယူနှင့် ဂျပန်တို့ထံမှ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ထို့ပြင် ယူကေထံမှ အပြီးသတ် ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ U.K. Competition and Markets Authority (CMA) က Korean Air ၏ အဆိုပြုချက်ကို လက်ခံထားပြီးပြီ ဖြစ်သည်။ ၂၀၂၃ ပထမ၃ လပတ်တွင် ခွင့်ပြုချက် ရရှိမည်ဟု မျှော်လင့်ရသည်။

 

အမေရိကန် တရားရေးဌာန Department of Justice ကလည်း များမကြာမီ ခွင့်ပြုချက် ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ နိုဝင်ဘာလတွင် သုံးသပ်ရန် အချိန်လိုအပ်သည်ဟု အကြောင်းပြန်ခဲ့သည်။ ကန့်ကွက်သည့် ထောက်ချက် မရှိချေ။

 

ဂျပန်နိုင်ငံအနေဖြင့် ငြင်းဆန်ဖွယ် မရှိချေ။ ဂျပန်နိုင်ငံ ခရီးစဉ်များ အားလုံးနီးပါးတွင် Asiana Airlines ကဲ့သို့သော ဘတ်ဂျက်လေကြောင်းလိုင်း အမျိုးမျိုးတို့ ပြေးဆွဲပျံသန်းနေကြသဖြင့် လက်ဝါးကြီးအုပ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ချေ။

 

Korean Air သည် အီးယူ၏ တင်းကျပ်သော သုံးသပ်ချက်ကို ကျော်လွှားနိုင်ရန် လိုအပ်နေသည်။ အစဉ်အလာအားဖြင့် အီးယူသည် ယခုလို ကြီးမားသော ဝယ်ယူမှုမျိုးကို ဆန့်ကျင်နေကြ ဖြစ်သည်။

 

ပြီးခဲ့သည့်နှစ်တွင် Air Canada က ကနေဒါနိုင်ငံမှ အခြားလေကြောင်းလိုင်း Air Transat ကို ဝယ်ယူခြင်းအပေါ် အီးယူကော်မရှင်က ကန့်ကွက်ခဲ့သည်။

စပိန်နိုင်ငံမှ ဦးဆောင်လေကြောင်းလိုင်း IAG နှင့် Air Europa တို့ ပေါင်းစည်းကြသည်ကိုလည်း ကန့်ကွက်ခဲ့သည်။

၂၀၂၂ ဇန်နဝါရီလတွင် Korea Shipbuilding & Offshore Engineering က Daewoo Shipbuilding & Marine Engineering ကို ဝယ်ယူခြင်းကို ကန့်ကွက်ခဲ့သည်။

 

Korean Air သည် ယခုအခါ တရုတ်၊ တောင်ကိုရီးယား၊ တူရကီ၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့မှ ခွင့်ပြုချက် ရရှိထားသည်။

ထိုင်းနိုင်ငံ ပြိုင်ဆိုင်မှု ကော်မရှင် Thailand Competition Commission က  အစီရင်ခံစာ တင်ပြရန် မလိုအပ်ကြောင်း ကြေညာခဲ့သည်။ သို့ဖြစ်ရာ ခွင့်ပြုချက် ရယူရန် မလိုအပ်တော့ချေ။

 ဖိလစ်ပိုင်ကလည်း အစီရင်ခံစာ တင်ပြရန် မလိုအပ်ကြောင်း ကြေညာခဲ့သည်

   

 မပျက်မကွက် အစီရင်ခံပြီး ခွင့်ပြုချက် ရယူရမည့် နိုင်ငံများ မဟုတ်ကြသည့် စင်ကာပူ၊ မလေးရှားနှင့် သြစတြေးလျတို့ထံမှ ခွင့်ပြုချက် ရရှိထားသည်။

Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)