သင်္ဘောအိုများ မလာရ ဥပဒေ အိန္ဒိယ ပြဋ္ဌာန်းတော့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မွမ်ဘိုင်းမြို့ အခြေစိုက် Economic Times သတင်းစာက အိန္ဒိယနိုင်ငံသို့ လာရောက်သည့် သင်္ဘောတိုင်းအတွက် အစိုးရသည် မကြာမီအချိန်အတွင်း သက်တမ်းကန့်သတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းေတာ့မည်ဖြစ်ကြောင်း သတင်းဖော်ပြပါသည်။
ဥပဒေအသစ်အရ သက်တမ်း ၂၅ နှစ်နှင့်အထက် ဝမ်းပုံ တင်သင်္ဘော၊ ရေနံတင်သင်္ဘော ၊ အထွေထွေကုန်တင်သင်္ဘောများသည် အိန္ဒိယဆိပ်ကမ်းများသို့ လာရောက်ရန် ခွင့်မပြုပါ။
သက်တမ်း ၃၅ နှစ်အထက် ဓာတ်ငွေ့တင်သင်္ဘောများ၊ ကမ်းလွန်ရေယာဉ်များ၊ ကွန်တိန်နာသင်္ဘောများကိုလည်း အလားတူ ပိတ်ပင်တားမြစ်ထားပါသည်။
အိန္ဒိယအလံ မှတ်ပုံတင်ထားသော သင်္ဘောများကို အဆိုပါ သက်တမ်းကန့်သတ်ချက်များနှင့်အညီ မှတ်ပုံတင် ပယ်ဖျက်ပါမည်။
ထို့ပြင် သက်တမ်း နှစ် ၂၀ နှင့်အထက် သင်္ဘောများကို အိန္ဒိယအလံ မှတ်ပုံတင်ရန် ခွင့်ပြုတော့မည် မဟုတ်ပါ။
သင်္ဘော သက်တမ်း ကန့်သတ်ချက်အသစ်သည် ဘေးကင်းေရးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
အိန္ဒိယ၏ အဆိုပြုထားသည့် သင်္ဘောသက်တမ်းကန့်သတ်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေး ပင်လယ်ရေကြောင်း သင်္ဘောများအပေါ် မဆိုစလောက်သာ သက်ရောက်မှုရှိမည်ဟု တွက်ချက်ခန့်မှန်းထားပါသည်။
Xclusiv Shipbrokers မှ သုတေသနပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ရာ အိန္ဒိယ၏ သင်္ဘောသက်တမ်း ဉပဒေသစ်သည် ကမ္ဘာတစ်လွှားရှိ သင်္ဘောများတွင် သံရိုင်းတင်သင်္ဘောများ၏ ၁၇% ၊ ကျောက်မီးသွေးတင်သင်္ဘောများ၏ ၁၉% ၊ ဂျုံ၊ ပြောင်းစေ့ အစရှိသည့် ကောက်နှံတင်သင်္ဘောများ၏ ၂% ၊ ရေနံစိမ်းတင်သင်္ဘောများ၏ ၁၂% ၊ ရေနံထွက်ပစ္စည်း(အရည်)တင်သင်္ဘောများ၏ ၇% တို့ကို ထိခိုက်မည် ဖြစ်သည်။
ကမ္ဘာတစ်လွှားရှိ သင်္ဘောများတွင် သက်တမ်း ၂၁ အထက်ရှိသည့် ဝမ်းပုံ တင်သင်္ဘော ၇% နှင့် ဆီတင်သင်္ဘော ၄% ရှိနေသည်။
သက်တမ်း ၂၉ နှစ်အထက်ရှိသည့် ကွန်တိန်နာသင်္ဘော ၃% ရှိနေသည်။
ဓာတ်ငွေ့တင်သင်္ဘောကဏ္ဍတွင် ကမ္ဘာ့ရေကြောင်း LNG တင်ပို့မှု၏ ၅% နှင့် LPG တင်ပို့မှု၏ ၁၅% ကို အိန္ဒိယနိုင်ငံက တင်သွင်းပါသည်။
ဓာတ်ငွေ့တင်သင်္ဘောများ၏ ၁၁ % နီးပါးသည် သက်တမ်း ၂၉ နှစ်အထက်တွင် ဖြစ်သည်။ ယခုလက်ရှိ ဓာတ်ငွေ့တင်သင်္ဘောများ၏ ၂၀% ခန့်နှင့် ညီမျှသော ပမာဏ ရှိသည့် ဓာတ်ငွေ့တင်သင်္ဘောများကို သင်္ဘောကျင်းများတွင် အမှာစာ ပေးထားသဖြင့် အိန္ဒိယဈေးကွက်သို့ LNG နှင့် LPG တို့ကို ရေကြောင်းမှ တင်ပို့ရန်အတွက် ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း Xclusiv ၏ အပတ်စဉ် သတင်းလွှာတွင် ဖော်ပြထားပါသည်။
Source Splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U