Rules and Regulations

ပနားမားတူးမြောင်း ရေစူးကန့်သတ်ချက်အသစ် ပြဋ္ဌာန်း

ပနားမားတူးမြောင်း ရေစူးကန့်သတ်ချက်အသစ် ပြဋ္ဌာန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မိုးခေါင်ခြင်းကြောင့်  ကမ္ဘာ့အရေးအကြီးဆုံး ပင်လယ်ရေကြောင်းဆိုင်ရာ  တူးမြောင်းများထဲမှ  တစ်ခုဖြစ်သော ပနားမား တူးမြောင်းတွင် ရေစူးကန့်သတ်ချက် အသစ်ကို ချမှတ်ပြဋ္ဌာန်းလိုက်ပါသည်။

.

ဖေဖော်ဝါရီလမှ ဧပြီလအထိ ပျမ်းမျှမိုးရေချိန် ၅၀% လျော့နည်းခဲ့သဖြင့် ပနားမား တူးမြောင်း အာဏာပိုင်တို့က ရေစူးကန့်သတ်ချက်များ အဆင့်ဆင့် လျှော့ချပြီး ပြဋ္ဌာန်းသွားမည် ဖြစ်သည်။

 

photo_2023-05-23_08-52-35.jpg

တူးမြောင်း အလယ်နေရာတွင် တည်ရှိသည့်  ရေကန်ကြီး Lake Gatun သည် သမိုင်းတွင်အောင် ရေအနက် လျော့ကျနေပြီး နောက်ထပ်လည်း  ရေအနက် ထပ်မံကျဆင်းနိုင်ဖွယ် ရှိသဖြင့် နောက်ထပ် ရေစူးကန့်သတ်ချက် ပြဋ္ဌာန်းရဖွယ် ရှိသည်။

မေလ ၂၄ ရက်မှစ၍ ယခင် ရေစူးကန့်သတ်ချက် 13.72 m အစား 13.56 m ဟု ပြင်ဆင်သတ်မှတ်သည်။ 

နောက်တစ်ပတ်တွင် 13.41 m ဟု ပြင်ဆင်သတ်မှတ်မည်။ 

.

အချို့ကွန်တိန်နာသင်္ဘောများသည် ကွန်တိန်နာ အပြည့်ဆိုပါက ရေစူးမလွတ်ချေ။ သုိ့ဖြစ်ရာ ၄၀% အထိ လျှော့ပြီး တင်လာမှသာ ရေစူး အဆင်ပြေလိမ့်မည်ဟု တွက်ချက်ခန့်မှန်းထားကြသည်။ 

 Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)