အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်သည့် ခရီးသည်များအား ခွဲခြားနှိမ်ချဆက်ဆံခြင်းအတွက် Cathay Pacific တောင်းပန်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
လေယာဉ်အမှုထမ်းများသည် အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်သည့် ခရီးသည်များကို ခွဲခြားနှိမ်ချဆက်ဆံသည်ဟု စွပ်စွဲခဲ့ခံရပြီးနောက် ဟောင်ကောင် အခြေစိုက် Cathay Pacific Airways Ltd မှ တောင်းပန်ခဲ့သည်။
တရုတ်အစိုးရမီဒီယာက "နိုင်ငံခြားသားတွေကို ကိုးကွယ်တဲ့ လေကြောင်းလိုင်း" ဟု ဝေဖန်ခဲ့ပါသည်။
.
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးမြို့မှ ဟောင်ကောင်သို့ CX987 လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်က အွန်လိုင်းတွင် တင်ပြလိုက်သော အသံဖိုင်သည် ပျံ့နှံ့ခဲ့ပြီး မကျေမနပ် ဖြစ်ခဲ့ကြရသည့်အတွက် ရိုးသားစွာ တောင်းပန်ပါကြောင်း Cathay Pacific မှ ပြောကြားခဲ့သည်။
"သက်ဆိုင်ရာ လေယာဉ်အမှုထမ်းေတွကို အလုပ်ဆိုင်းငံ့ထားပြီး ဌာနတွင်း စုံစမ်း စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်” ဟု လေကြောင်းလိုင်းက ပြောကြားသည်။
လေယာဉ်အမှုထမ်းများ အချင်းချင်း အင်္ဂလိပ်နှင့် ဟောင်ကောင်တွင် အသုံးများသည့် ကန်တုံ ဘာသာစကားတို့ဖြင့် ခရီးသည်များအကြောင်း မကျေမနပ် ပြောဆိုခဲ့ကြသည်တို့ကို
ချန်ဒူးမှ ဟောင်ကောင်သို့ ပျံသန်းသည့် လေယာဉ်ဖြင့် လိုက်ပါခဲ့သည့် ခရီးသည်တစ်ဦးက အသံဖမ်းထားပြီး အွန်လိုင်းပို့စ်တစ်ခုတွင် တင်ပြခဲ့သည်။
.
လေယာဉ်အမှုထမ်းများသည် အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်သည့် ခရီးသည်က အင်္ဂလိပ်လို စောင်အစား ကော်ဇောဟု ဝေါဟာရ အသုံးအနှုန်း မှားယွင်းစွာဖြင့် တောင်းသည့်အတွက် လှောင်ပြောင်ခဲ့ကြောင်း ပြောဆိုကြသည်။
"အင်္ဂလိပ်လို စောင်လို့ မပြောနိုင်ရင် စောင် မရနိုင်ပါဘူး... ကော်ဇောက ကြမ်းပြင်ပေါ်မှာပါ။ လှဲအိပ်ချင်ရင် အားမနာပါနဲ့ အိပ်လို့ရပါတယ်"ဟု ခရီးသည်ကို ပြောဆိုခဲ့ပုံကို ၎င်းတို့အချင်းချင်း ပြန်ပြောပြခဲ့သည်။
ထိုသို့ ပြောဆိုခဲ့ကြသည့် အသံဖိုင်သည် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပြစ်တင်ဝေဖန်ကြသည်။
တရုတ်အစိုးရပိုင် People's Daily သတင်းစာက မန်ဒရင်းစကားပြောခရီးသည်များအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံသည့်အတွက် အကြီးအကျယ် တုန်လှုပ်မိကြောင်း၊ နိုင်ငံခြားသားများကို ကိုးကွယ်ပြီး ဟောင်ကောင်လူများကို လေးစားသော်လည်း မန်ဒရင်းစကားပြောခရီးသည်များကို အထင်သေးအမြင်သေးသည့် Cathay ၏ ကော်ပိုရိတ်ယဉ်ကျေးမှုကို ရှုံ့ချကြောင်း တရုတ်အစိုးရပိုင် People's Daily က ဖော်ပြခဲ့သည်။
.
Cathay Pacific Airways က ပါဝင်ပတ်သက်နေသည့် လေယာဉ်အမှုထမ်း ၃ ဦး ကို အလုပ်ဖြုတ်ကြောင်း မေလ ၂၃ ရက်တွင် ကြေညာခဲ့သည်။
လေကြောင်းလိုင်း စီအီးအို Ronald Lam က တောင်းပန်ခဲ့သည်။ ကုမ္ပဏီ၏ မူဝါဒများနှင့် ကျင့်ဝတ်စည်းကမ်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းအတွက် ကုမ္ပဏီသည် လုံးဝသည်းခံမည်မဟုတ်ကြောင်းကို ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ဒီလိုချိုးဖောက်မှုတွေအတွက် အလျှော့အတင်း လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U