Rules and Regulations

ရေနံတင်သင်္ဘော အများအပြား စင်ကာပူ ထိန်းသိမ်း

ရေနံတင်သင်္ဘော အများအပြား စင်ကာပူ ထိန်းသိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူသည် ရေနံ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးတို့အတွက် အဓိကကျသည့် အချက်အချာ ဖြစ်သည်။ ယခုနှစ်တွင် စင်ကာပူသည် စစ်ဆေးမှု မအောင်သဖြင့်  ရေနံတင်သင်္ဘောများနှင့် ဓာတုပစ္စည်းတင်သင်္ဘောများ စံချိန်တင် အရေအတွက်ကို ထိန်းသိမ်းခဲ့မှာ ၂၀၁၉ မတိုင်ခင် ၁၀ နှစ်တာအတွင်း ထိန်းသိမ်းခဲ့သည့် အရေအတွက်ထက် ပိုများသည်။

 .

ရုရှားသည် ၎င်း၏ ရေနံစိမ်းနှင့် ရေနံထွက်ကုန်များကို တင်ပို့ရန်အတွက် အနောက်နိုင်ငံများမှ အာမခံလုပ်ငန်းများထံတွင် အာမခံ ထားရှိခြင်း မပြုသည့်  ရေနံတင်သင်္ဘောအိုများကို အသုံးပြုခြင်း ပိုများလာခဲ့သည်။

.

"မှောင်ခိုရေယာဉ်စု" “shadow fleet” ဟု ခေါ်ဝေါ်ကြသည့် ရေနံတင်သင်္ဘောများကို ရုရှား‌၊ ဗင်နီဇွဲလားနှင့် အီရန်တို့မှ ရေနံများ ပို့ဆောင်ရန် အသုံးပြုသည်။

.

ရေနံတင်သင်္ဘောအိုများကို ရုရှားက ၎င်း၏ ရေနံစိမ်းနှင့် ရေနံထုတ်ကုန်များ ပို့ဆောင်ရန် အသုံးပြုခြင်း ပိုများလာသည့်အတွက် ဘေးကင်းရေး ဆောင်ရွက်စီမံထားခြင်း စစ်ဆေးမှုများ အာရှတွင် ပိုမိုပြင်းထန်လာသည်။ 

ရုရှားရေနံစိမ်း ခရီးဆုံးနေရာများတွင် အာရှသည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။

.

ယခုနှစ်တွင် ယခုအထိ စင်ကာပူသည်  သင်္ဘော ၃၃ စီးကို ထိန်းသိမ်းခဲ့သည်။ ဘေးကင်းရေး စစ်ဆေးမှုများ မအောင်သဖြင့် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၃ ခုနှစ် ဧပြီလတွင် စင်ကာပူသည် သင်္ဘော ၉ စီးကို ထိန်းသိမ်းခဲ့သည်။ 

.

၂၀၂၂ ခုနှစ် တစ်နှစ်တာတွင် စင်ကာပူသည် ရေနံတင်သင်္ဘော ၂၈ စီးကို ထိန်းသိမ်းခဲ့ပြီး အားလုံးနီးပါးသည် မှောင်ခိုရေယာဉ်စု ကြီးထွားလာသည့်  ဒုတိယနှစ်ဝက်တွင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)