Rules and Regulations

တာဝန်ခံချက် (Undertaking) ဖြင့် ကျန်းမာရေး အရေးပေါ်အခြေအနေအရ တင်သွင်း ပစ္စည်းများ အပြီးသတ်ထုတ်ယူခြင်း

တာဝန်ခံချက် (Undertaking) ဖြင့် ကျန်းမာရေး အရေးပေါ်အခြေအနေအရ တင်သွင်း ပစ္စည်းများ အပြီးသတ်ထုတ်ယူခြင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

တာဝန်ခံချက် (Undertaking) ဖြင့် ကုန်ပစ္စည်းအပြီးသတ်ထုတ်ယူခြင်းနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက် (၇/၂၀၂၁)ကို ဖော်ပြအပ်ပါသည်

 


 

 အကောက်ခွန်ဦးစီးဌာန

 

ကြေညာချက်

 

တာဝန်ခံချက်(Undertaking)ဖြင့် ကုန်ပစ္စည်း အပြီးသတ်ထုတ်ယူခွင့်ပြုနိုင်ရေးကိစ္စ

 

၁။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း အကြောင်းအမျိုးမျိုးဖြင့် တင်သွင်းလာသည့် ပစ္စည်းများနှင့်ပတ်သက်၍ လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရေးအလို့ငှာ အောက်ပါ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန် ထားခဲ့ပြီးဖြစ်ပါသည်-

 

(က) ခရီးသည် ကိုယ်သုံးဝန်စည်များနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန၏ ၇-၅-၂၀၁၉ ရက်စွဲပါ စာအမှတ် ၅၇-က-၈၅ ဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ

 

(ခ) အနိမ့်ဆုံးတန်ဖိုး ပမာဏသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၁၁-၄-၂၀၁၇ ရက်စွဲပါ ရုံးတွင်းညွှန်ကြားလွှာအမှတ်(၈/၂၀၁၇)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၈-၃-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃၃/၂၀၁၇)

 

(ဂ) အနိမ့်ဆုံးတန်ဖိုး ပမာဏဖြင့် အကောက်ခွန်နှုန်းလိုင်းသစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၈-၃-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၁၇) (ဃ) အခမဲ့ တင်သွင်း/တင်ပို့မည့် နမူနာပစ္စည်းများနှင့် ကြော်ငြာပစ္စည်းများ၏ တန်ဖိုးပြင်ဆင်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၂၆-၉-၂၀၂၃ ရက်စွဲပါ ရုံးတွင်းအမိန့်စာအမှတ် (၄၄၅/ ၂၀၁၃)

 

၂။ သို့ရာတွင် အချို့သော ကျန်းမာရေးနှင့် အရေးပေါ်အခြေအနေအရ လိုအပ်သော တင်သွင်း ပစ္စည်းများမှာ ဌာနဆိုင်ရာများ၏ ထောက်ခံချက်ရယူရန် လိုအပ်သော်လည်း အောက်ပါ အခြေ အနေများတွင် ထောက်ခံချက်ရယူရန် အခက်အခဲရှိသည့်အတွက် ရှင်းလင်းထုတ်ယူရေး ကြန့်ကြာ လျက်ရှိကြောင်း သိရှိရပါသည်-

 

(က) ပြည်ပတွင် ဆေးဝါးကုသပြီးနောက် ဆက်လက်အသုံးပြုရမည့် ဆေးဝါး၊ဓာတ်စာ တစ်ကိုယ်ရည်သုံး ဆေးပစ္စည်း စသည်များဖြစ်ခြင်း။

 

(ခ) ပြည်တွင်း၌ ဆေးဝါးကုသမှု ခံယူနေသူများအတွက် အရေးကြီးလိုအပ်ချက်အရ တင်သွင်းသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြစ်ခြင်း။

 

၃။ အဆိုပါ ပစ္စည်းများ လျင်မြန်စွာ ထုတ်ယူခွင့်ရရှိနိုင်ရေးအတွက် တင်သွင်းလာသော ပစ္စည်းများအား တင်သွင်းသူထံမှ စီးပွားဖြစ် ပြန်လည်ရောင်းချရန် မဟုတ်ကြောင်း၊အမှန်တကယ် အသုံးပြုရန် အရေးကြီးလိုအပ်သည့် တစ်ကိုယ်ရည်သုံး/ မိသားစုသုံး ဖြစ်ကြောင်း၊ တင်သွင်းသည့် ပစ္စည်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စအဝဝအား တင်သွင်းသူမှ တာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း တာဝန်ခံချက် (Undertaking) ဖြင့် ထုတ်ယူခွင့်ပြုရန်နှင့် လူနာအတွက် အရေးပေါ် လိုအပ်သော ဆေးပစ္စည်းများအတွက် သက်ဆိုင်ရာ ဆရာဝန် (ပြည်တွင်း/ပြည်ပ) ၏ ထောက်ခံစာ(မူရင်း)ကိုပါ ပူးတွဲတင်ပြပြီး သက်ဆိုင်ရာ အကောက်ခွန်ရုံး တာဝန်ခံ/ လုပ်ငန်းစု တာဝန်ခံ သို့မဟုတ်အကြောင်းအမျိုးမျိုးကြောင့် တာဝန်ခံမရှိပါက တာဝန်ခံအဖြစ် အခွင့်အာဏာ အပ်နှင်းခံထားရသူက မှန်ကန်သည်ဟု ယုံကြည်လျှင် တာဝန်ခံချက်အား လက်ခံပြီး အပြီးသတ် ရှင်းလင်းထုတ်ယူခွင့် ပြုနိုင်သည်။

 

၄။ အထက်ဖော်ပြပါ ခွင့်ပြုပေးခြင်းများတွင် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအရ တားမြစ်၊ ပိတ်ပင်၊ ကန့်သတ်ထားသော အောက်ပါပစ္စည်းများ ပါဝင်ခြင်း မရှိစေရ-

 

(က) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ။

 

(ခ) ထိန်းချုပ်ဆေးဝါးများ (ဥပမာ - Tramadol)။

 

(ဂ) ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ (၁၈) နှင့် (၁၉) တို့အရ တင်သွင်း/တင်ပို့ရန် ပိတ်ပင်၊ တားမြစ်၊ ကန့်သတ်ထားသော ပစ္စည်းများ။

 

၅။ တာဝန်ခံချက် ရယူရာတွင် အောက်ပါ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ရမည်-

 

(က) ပစ္စည်းထုတ်ယူလိုသူ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံ။ 

 

(ခ) ထုတ်ယူမည့် ပစ္စည်း၏ အသေးစိတ်ဖော်ပြချက်နှင့် အရေအတွက်။

 

(ဂ) မည်သည့်အတွက်ကြောင့် ပစ္စည်းထုတ်ယူလိုကြောင်း ခိုင်လုံသော အကြောင်းပြချက်။ 

 

(ဃ) စီးပွားဖြစ် တင်သွင်းလာခြင်းမဟုတ်ကြောင်း တာဝန်ယူပါကြောင်း တင်ပြချက်။

 

(င) တင်သွင်းလာသည့် ပစ္စည်းများနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအကျိုးဆက်များအပေါ် တာဝန်ယူပါကြောင်း တင်ပြချက်။ 

 

၆။ တာဝန်ခံချက် လက်ခံခြင်းသည် ကုန်ပစ္စည်း လွယ်ကူလျင်မြန်စွာ ရှင်းလင်းထုတ်ယူရေး အထောက်အကူပြု ဖြစ်ရန်သာဖြစ်ပြီး ကျသင့်ခွန်အရပ်ရပ်နှင့် သက်ဆိုင်သည်များမှာ တည်ဆဲလုပ်ထုံးလုပ်နည်းများအရ ဖြစ်သည်။

 

၇။ သက်ဆိုင်ရာ အကောက်ခွန်ရုံး တာဝန်ခံ/ လုပ်ငန်းစု တာဝန်ခံများမှ ခွင့်ပြုထားသော တာဝန်ခံချက် (Undertaking) နှင့်သက်ဆိုင်သော အချက်အလက်မျးအား စနစ်တကျ မှတ်တမ်း ထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများထံသို့ ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ကြိမ်စာရင်း တင်ပြရမည်။

 

အကောက်ခွန်ဦးစီးဌာန


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)