Rules and Regulations

တိရစ္ဆာန်သုံးဆေးဝါးနှင့် ပစ္စည်းများ တင်သွင်းခွင့် လျှောက်ထားရာတွင် လိုအပ်သည်များ

ပြည်ပနိုင်ငံများမှ တိရစ္ဆာန်သုံးဆေးဝါး၊ တိရစ္ဆာန်သုံးပစ္စည်းများ တင်သွင်းလိုသည့် လုပ်ငန်းရှင်များအတွက် တင်သွင်းခွင့် လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များ၊ ဝန်ဆောင်ခများနှင့် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များကို ဖော်ပြလိုက်ပါသည်။

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက လျှောက်ထားနိုင်သည်။
  • တင်သွင်းမည့် နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်း (Veterinary Assay Laboratory) သို့ ပေးပို့ စစ်ဆေးခြင်းနှင့် အရည်အသွေး ပြည့်မီကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေရရှိမှသာ လျှောက်ထား ခွင့်ပြုမည် ဖြစ်သည်။
  • စစ်ဆေးရန် ကြိုတင်ပေးပို့ထားသည့် နမူနာဆေးဝါးနှင့် အမှန်တကယ် တင်သွင်း ရောက်ရှိသည့် ဆေးဝါးများသည် စံချိန်စံညွှန်း ကိုက်ညီမှု ရှိရမည်။
  • တိရစ္ဆာန်သုံးပစ္စည်း တင်သွင်းခြင်း ဖြစ်ပါက တင်သွင်းရန် လျှောက်ထားသည့် ပစ္စည်းနှင့် အမှန်တကယ် တင်သွင်းရောက်ရှိသည့် ပစ္စည်းများသည် အမျိုးအစားနှင့် အရေအတွက် ကိုက်ညီမှု ရှိရမည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည် ဖြစ်ကြောင်း ကတိခံဝန်ချက်၊
  • ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊
  • အရောင်းအဝယ် သဘောတူစာချုပ် (Sales contract) မိတ္တူ၊
  • ကာကွယ်ဆေးများ၏ Catalogue၊
  • အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA)၊
  • လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)၊
  • ကုန်ပစ္စည်းရောင်းချသည့် နိုင်ငံ၏ ထုတ်လုပ်သည့် စက်ရုံသည် HACCP or GMP Certificate သို့မဟုတ် ယင်းနှင့် အလားတူညီသော ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမှုဆိုင်ရာ အထောက်အထား၊
  • အဆိုပါစက်ရုံ၏ တရားဝင်ဝက်(ဘ်)ဆိုဒ် (URL) နှင့် လိပ်စာ၊
  • တင်သွင်းမည့် ဆေးဝါး၏ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာန၏ သက်တမ်းရှိ ဓာတ်ခွဲခန်း အဖြေမိတ္တူ။

 

     Advertisement

Click Here > United Pacific

 

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားခြင်း၊
  • တင်သွင်းမည့် တိရစ္ဆာန်သုံးဆေးဝါးများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊
  • စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်သုံးဆေးဝါးများ ရောက်ရှိချိန်တွင် မျက်မြင်စစ်ဆေးမှု ခံယူခြင်း၊ အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (certificate of analysis) မူရင်းကို စစ်ဆေးမှု ခံယူခြင်းနှင့် အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်း၊
  • တိရစ္ဆာန်သုံးဆေးဝါးဖြစ်ပါက စစ်ဆေးရေးစခန်းသို့ တင်သွင်းပစ္စည်းများ ရောက်ရှိချိန်တွင် လျှောက်ထားပစ္စည်းနှင့် ရောက်ရှိလာသည့်ပစ္စည်း ကိုက်ညီမှု ရှိမရှိ မျက်မြင်စစ်ဆေးမှု ခံယူခြင်းနှင့် အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်း
  • မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားခြင်း၊
  • တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူခြင်း တို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။

 

ဝန်ဆောင်ခ

သတ်မှတ်ထားသော ဓာတ်ခွဲခန်းစစ်ဆေးခများ ပေးဆောင်ရမည် ဖြစ်သည်။

 

ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။ 

ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Read times
Rate this item
(0 votes)