လေကြောင်းဥပဒေများအရ ကိုရီးယား လေကြောင်းလိုင်း ခရီးသည် အလေးချိန် ချိန်တွယ်မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Korean Air သည် လေကြောင်းဥပဒေများနှင့်အညီ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းများ ပျံသန်းချိန်တွင် ခရီးသည်များနှင့် ၎င်းတို့နှင့်အတူတပါတည်း သယ်ဆောင်လာသည့် ခရီးဆောင်အိတ်များကို အလေးချိန် ချိန်တွယ်မည် ဖြစ်သည်။
ကိုရီးယားလေကြောင်းလိုင်းသည် ခရီးသည်များအတွက် သယ်ဆောင်သည့်အိတ်များအပါအဝင် အလေးချိန်စံနှုန်းကို သတ်မှတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
ပြည်တွင်းခရီးသည်များကို ဂင်ပို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာဘ ၆ ရက်အထိ အလေးချိန် ချိန်တွယ်မည်။
နိုင်ငံတကာခရီးသည်များကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်စက်တင်ဘာလ ၈ ရက်မှ ၁၉ရက်အထိ အလေးချိန် ချိန်တွယ်မည်။
မည်သူမည်ဝါ၏ အလေးချိန်ဟု စာရင်းသွင်းခြင်း မပြုဘဲ ခရီးသည်တဦး၏ အလေးချိန် အဖြစ်ဖြင့်သာ မှတ်သားမည် ဖြစ်သည်။
အကယ်၍ ခရီးသည်က ၎င်းအစီအစဉ်တွင် မပါဝင်လိုပါက လေယာဉ်ပေါ် တက်ခါနီးတွင် လေကြောင်းလိုင်း ဝန်ထမ်းကို အသိပေးရမည် ဖြစ်သည်။
၂၀၁၈ ခုနှစ် နွေရာသီတွင် ပြုလုပ်ခဲ့သော စစ်တမ်းတွင် အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် ၈၁ ကီလိုဂရမ်နှင့် အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် ၆၉ ကီလိုဂရမ်ဟု အလေးချိန်စံနှုန်း သတ်မှတ်ထားသည်။
အမေရိကန် ပြည်ထောင်စု လေကြောင်း ဦးစီးဌာန Federal Aviation Administration (FAA) သည် အလေးချိန်စံနှုန်းကို အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် ၈၈.၄ ကီလိုဂရမ်နှင့် အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် ၇၀.၃ ကီလိုဂရမ်ဟု အကြံပြုထားသည်။
လေယာဉ်သည် ပုံမှန်အားဖြင့် လိုအပ်သည်ထက် လောင်စာဆီ ၁ ရာခိုင်နှုန်းခန့် ပိုမိုသယ်ဆောင်သည်။ တိကျသော ခရီးသည် အလေးချိန် တိုင်းတာမှုများသည် အပိုလောင်စာဆီ သုံးစွဲမှုကို လျှော့ချနိုင်သည်။ တစ်နှစ်လျှင် အကြမ်းအားဖြင့် ကန်ဒေါ်လာ ၁ ဘီလီယံခန့် သက်သာမည်ဖြစ်သည်။
တောင်ကိုရီးယားမှ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ "လေယာဉ် အလေးချိန်နှင့် ချိန်ညှိခြင်း စီမံခန့်ခွဲမှု စံနှုန်းများ" အရ လေကြောင်းလိုင်းများသည် ခရီးသည်များ၏ အလေးချိန်စံနှုန်းများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် သို့မဟုတ် လိုအပ်သလို တိုင်းတာပြီး ပျမ်းမျှတန်ဖိုးများကို တွက်ချက်ရမည်ဖြစ်သည်။
၎င်း တန်ဖိုး ကိန်းဂဏန်းများကို လေယာဉ်အလေးချိန်နှင့် အလေးချိန်ဖြန့်ဖြူးမှုကို ဆုံးဖြတ်ရာတွင် အသုံးချသည်။
Korean Air ခရီးသည်များသည် လေယာဉ်မတက်မီ ဂိတ်ရှေ့တွင် ၎င်းတို့၏ အလေးချိန်နှင့် ၎င်းတို့၏ သယ်ဆောင်သည့်အိတ်ကို တိုင်းတာရမည် ဖြစ်ပါသည်။
Hawaiian Airlines နှင့် Finnair ကဲ့သို့သော အချို့လေကြောင်းလိုင်းများသည် ခရီးသည်များ၏ အလေးချိန်ကို ၎င်းတို့၏ ပျံသန်းမှုများတွင် ထည့်သွင်းတွက်ချက်ရန် တိုင်းတာကြပါသည်။
T'way Air နှင့် Jeju Air ကဲ့သို့သော ကိုရီးယားပြည်တွင်းလေကြောင်းလိုင်းများသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကိုယ်အလေးချိန်တိုင်းတာမှုများ ပြုလုပ်ခဲ့ကြပါသည်။
Source koreatimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL