ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်စနစ်အပိုင်း (၂)တွင် နိုင်ငံခြားသား ကျွမ်းကျင်သူခန့်ထားခွင့် နှင့်စပ်လျဉ်း၍ တင်ပြလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေအရ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူက အွန်လိုင်းမှတစ်ဆင့် လျှောက်ထားဆောင်ရွက်နိုင်ရန်၊ ဌာန တာဝန်ရှိသူက စိစစ်ပြီး အွန်လိုင်းမှ လိုအပ်ချက်များကို ပြန်ကြားနိုင်ရန်၊ ခွင့်ပြုနိုင်ရန်၊ ထောက်ခံချက် ပေးနိုင်ရန်နှင့် မှတ်တမ်းပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်စနစ်၊ အပိုင်း (၂) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ(က)နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် အဆိုပြုချက်ပါ နိုင်ငံခြားသား ကျွမ်းကျင်သူခန့်ထားခွင့်တင်ပြခြင်း၊ ဝန်ထမ်းအင်အားစာရင်း တိုးမြှင့်ခွင့်တင်ပြခြင်းနှင့် ကော်မရှင်က ခန့်ထားခွင့်ပြုထားသည့် နိုင်ငံခြားသားကျွမ်းကျင်သူ နုတ်ထွက်သွားခြင်းများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ http://103,89.50,35 တွင်လည်းကောင်း၊ စာမူရင်း (Hard Copy) ဖြင့်လည်းကောင်း နှစ်မျိုးစလုံးဖြင့် စမ်းသပ်ကာလအတွင်း တင်ပြလျှောက်ထားသွားရမည်ဖြစ် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ Online စနစ်တွင် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့်အခက်အခဲများကို စုံစမ်း မေးမြန်းလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ ၀၁-၆၅၇၈၉၂၊ ၀၁-၆၅၇၈၉၃နှင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL