စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုမည့် လယ်ယာနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများစာရင်း ထုတ်ပြန်ကြေညာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ သတင်းလွှာ ( ၁၅ / ၂၀၂၃ ) ထုတ်ပြန်ထားသည်ကို မျှဝေအပ်ပါသည်။
အကြောင်းအရာ။ စစ်တွေကုန်သွယ်ရေးစခန်းမှသာတင်ပို့ခွင့်ပြုမည့် ကုန်ပစ္စည်းများသတ်မှတ်ထုတ်ပြန်ခြင်း
၁။ ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် အောက်ပါ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းတို့ကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်လိုက်သည်-
(က) လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း
( ၁ ) ဆန်၊ ဆန်ကွဲ
( ၂ ) ပဲမျိုးစုံ
( ၃ ) နှမ်း၊ မြေပဲ၊ မြေပဲဆံ
( ၄ ) ကြက်သွန်နီ
( ခ ) ရေထွက်ပစ္စည်း
( ၁ ) ရေချို၊ ရေငန်ငါးမျိုးစုံ
၂။ အဆိုပါသတ်မှတ်ချက်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့မှစတင်၍ ဆောင်ရွက်ရန် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကုန်သွယ်ရေးဦးစီးဌာန
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL