Rules and Regulations

ရွှေဖြင့် ပြုလုပ်သော ပစ္စည်းများ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ ပြင်ဆင် ထုတ်ပြန်ချက်

ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း၊ လက်ဝတ်ရတနာ၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ စည်းကမ်းချက် ပြင်ဆင်သည့် သတင်းလွှာကို စက်တင်ဘာလ (၁၂) ရက်နေ့ ရက်စွဲဖြင့် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

 

အဆိုပါ ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းအတွက် ပို့ကုန်လိုင်စင်ကို Letter of Credit (LC) သို့မဟုတ် Telegraphic Transfer (TT) စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး ပူးတွဲပါ တင်ပို့၊ တင်သွင်းခွင့် ဆိုင်ရာလုပ်ငန်းစဉ် ( Standard Operating Procedure - SOP ) အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

 

ယခု ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာပါ သတ်မှတ်ချက်များသည် ထုတ်ပြန် သည့် နေ့ရက်မှ စတင်၍ အကျိုးသက်ရောက်စေမည် ဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၀/၂၀၂၀) ကို ဤသတင်းလွှာဖြင့် လွှမ်းမိုး ပယ်ဖျက်ကြောင်း အသိပေး ကြေညာထားသည်။

 

သတင်းလွှာ အပြည့်အစုံဖတ်ရန်

> https://t.ly/ykDlR

 

SBP

Ad > Shwe Byain Phyu

 

ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း၊ လက်ဝတ်ရတနာ၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများတင်ပို့၊ တင်သွင်းခွင့်ပြုရန်အတွက်လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (SOP) များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

အဆင့် ၁ ( ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားခြင်း )

အဆင့် ၂ ( တင်ပို့/ တင်သွင်းမည့် ပစ္စည်းအပေါ်  စိစစ်တန်ဖိုးဖြတ်ရန် လျှောက်ထားခြင်း ) 

အဆင့် ၃ ( တင်ပို့/ တင်သွင်းခွင့်လိုင်စင် လျှောက်ထားခြင်း )

အဆင့် ၄ ( သတ်မှတ်အခွန်များ ပေးဆောင်ခြင်း )

အဆင့် ၅ ( အကောက်ခွန် ရှင်းလင်းခြင်း )

အဆင့် ၆ ( စစ်ဆေးခံယူခြင်း )

 

ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ အဆင့်များနှင့် အသေးစိတ် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဆက်လက် ဖတ်ရှုနိုင်သည်။

https://shorturl.at/qEMY8

 

Read times
Rate this item
(0 votes)