ကိုယ်အလေးချိန်တိုင်းသည့် စည်းမျဉ်းအသစ် Bangkok Airways စတင်ကျင့်သုံး
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Bangkok Airways လေကြောင်းလိုင်း၏ လေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များသည် အောက်တိုဘာ ၃၁ ရက်အထိ သက်ရောက်မည့် တိုင်းတာမှုစည်းမျဉ်းအသစ်အရ လေယာဉ်ပေါ် မတက်မီ ယူဆောင်လာသည့် ခရီးဆောင်အိတ်များနှင့်အတူ ကိုယ်အလေးချိန်ကိုပါ တိုင်းတာရန် အလေးချိန်စက်ပေါ် မတ်တတ်ရပ်ပေးဖို့ လိုအပ်ပါသည်။
အဆိုပါ ဆောင်ရွက်ချပ်အသစ်ကို Bangkok Airways လေကြောင်းလိုင်း၏ Facebook စာမျက်နှာတွင် တင်ပြထားပါသည်။
• နိုင်ငံတကာလေကြောင်း စံချိန်စံညွှန်းများနှင့် အညီ ဖြစ်စေရန် အလို့ငှာ လေယာဉ်ပေါ်သို့ တင်သည့် ဝန်ကို ပိုမိုကျစွာ သိရှိနိုင်ရန် ခရီးသည်နှင့် ခရီးဆောင်အိတ်တို့၏ အလေးချိန်ကို သိရှိတွက်ချက်နိုင်ရန်အတွက် လည်းကောင်း၊
• စတင်ပျံသန်းစဉ် လေယာဉ်ပေါ်မှ အလေးချိန် စုစုပေါင်းသည် အန္တရာယ်ကင်းစေရန် သတ်မှတ်ထားသော ကန့်သတ်ချက်ဘောင်အတွင်းတွင် ရှိနေကြောင်း သေချာစေရန်အတွက် လည်းကောင်း
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ခရီးသည်များအား အလေးချိန်ချိန်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်ရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။
အလေးချိန် တိုင်းတာသည့်အခါ လေယာဉ်မတက်မီ ထွက်ခွာမည့်ဂိတ်တွင် ခရီးသည်မျာနှင့် ၎င်းတို့နှင့် ကိုယ်နှင့်မကွာ တစ်ပါတည်း ယူဆောင်လာသည့် ခရီးဆောင်အိတ်များ ပါဝင်မည်ဖြစ်သည်။
အလေးချိန် အချက်အလက်ကို လျှို့ဝှက်ထားမည်ဖြစ်ပြီး စံအလေးချိန်ဒေတာကို ပြန်လည်တွက်ချက်ရန် ရည်ရွယ်ချက်အတွက်သာ အသုံးပြုမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
Source Bangkok Airways
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL