ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 1 လေဆိပ်အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအား ဝင်ရောက်ခွင့်ပြု
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
(၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 1 အား အသုံးပြုကြသော လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ (ဆိုက်ရောက် / ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ်အဆောက်အအုံ ပရဝုဏ်အတွင်းသို့ ဝင်ရောက် ပို့ဆောင်/ကြိုဆို ခွင့်ပြုခဲ့ပြီ ဖြစ်ရာ -
လေဆိပ်အတွင်းသို့ဝင်ရောက်ခြင်း
ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ ကြိုဆိုကြသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အမှတ် (၂) မှတဆင့်သာ ဝင်ရောက်ရမည် ဖြစ်သည်။
လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များ အနေဖြင့် ဂိတ်အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
လေဆိပ်အတွင်းမှပြန်လည်ထွက်ခွာခြင်း
ဝင်ရောက်ခွင့်ကတ်ပြားဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၆) မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားပြည်သူများအတွက် စဉ်ဆက်မပြတ် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေသော လေဆိပ်အသုံးပြုမှု အတွေ့အကြုံကောင်းများဖြစ်စေနိုင်ရန်အတွက် သက်ဆိုင်ရာလုံခြုံရေးအစီအမံများအား ပုံမှန်အတိုင်းထားရှိမည် ဖြစ်ရာ လိုက်ပါပို့ဆောင်သူ/ ကြိုဆိုကြသူ ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်းချိတ်ဆွဲထားရန် လိုအပ်မည် ဖြစ်ပါသည်။
စုံစမ်းမေးမြန်းလိုသည့်အချက်များရှိပါကလည်း Terminal ဝင်ပေါက်များအနီးရှိ လေဆိပ် Meet & Greet Counter မှ ဖော်ရွေသော ဝန်ထမ်းများကလည်း ဖြေကြားပေးရန် အသင့်ရှိနေကြပါသည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Yangon International Airport (YIA) -Terminal 1 Open to Public
Effective 11:30 AM, 19 September, 2023: Family and friends of arrival and departing passengers will be allowed into YIA Terminal 1.
The update as follow:
Passengers with valid travel documentation will enter via Gates (3) & (4), whereas family members, friends and staff will be permitted to enter via Gate (2) only.
Family members and friends are required to register for an “Entry Pass” at the Registration Area (Gate 2).
Entry Pass Holders exit only via Gate (6), where they must also hand over the entry passes upon leaving.
Please note that the security and safety measures will be in place within the terminal premises as usual. All visitors/greeters will be required to go through security checks and adhere to airport regulations and display the entry pass at all the time.
Should you have any queries, please approach our friendly Meet & Greet staff, located at the curbside.
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL