Rules and Regulations

လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်

လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


အသိပေးကြေညာချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

၁။ နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမိုတိုးတက် ဖြစ်ထွန်းစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ ပြည်ပတွင် အလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်များကို အောက်ပါအတိုင်း ခွင့်ပြုဆောင်ရွက်ပေးမည် ဖြစ်ပါသည် -

(က) ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) - တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅% တန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊

( ခ ) ပုံမှန်လစာ ရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ - တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅% တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း။

၂။ အပိုဒ် ၁ (ခ) ပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော် ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်းတစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ပါမစ်ခွင့်ပြုပေးမည် ဖြစ်ပါသည်။

၃။ လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစတင် ခွင့်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် Email များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည် -

(က) ဖုန်း - ၀၆၇-၃၄၀၈၄၃၃

(a) This email address is being protected from spambots. You need JavaScript enabled to view it.

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)