Rules and Regulations

သင်္ဘောသားများ SID လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ DMA နှင့် MSF မှ အသိပေးကြေညာ

သင်္ဘောသားများ SID လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ DMA နှင့် MSF မှ အသိပေးကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 သင်္ဘောသားများ Seafarers' Identity Documents SID လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ရေကြောင်း ပို့ဆောင်ရေးညွှ န်ကြားမှုဦးစီးဌာနမှ Department Of Marine Administration DMA မှ ထုတ်ပြန်သည့် အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။


SID Card လျှောက်ထားလိုသူများသို့ အသိပေးခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မြန်မာသင်္ဘော သားများသို့ Seafarers’ Identity  Document  (SID) Card ထုတ်ပေးနိုင်ရန်အတွက် တင်ဒါ အောင်မြင်ခဲ့သော Shwe Emperor Group Co.,Ltd.နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့သည် (၂၃-၁၀-၂၀၂၃)ရက်နေ့မှစတင်၍ Online Booking System ဖြင့် ရက်ချိန်း‌‌ရယူခြင်းကို လက်ခံဆောင်ရွက်ပေးခဲ့ရာ သင်္ဘောသားများအနေဖြင့် Online Booking လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် (၃-၁၁-၂၀၂၃)ရက်နေ့မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း၊ (၁၆:၀၀)နာရီအချိန်တွင် Online Booking ကို www.sidbooking.com   သို့ လျှောက်ထားဆောင်ရွက်သွားနိုင်ကြောင်းကို အသိပေးအပ်ပါသည်။

 

သင်္ဘောသားဌာနခွဲ

 photo_2023-11-03_11-31-26.jpg


သင်္ဘောသားများ Seafarers' Identity Documents SID လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် Myanmar Seafarers Federation MSF မှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်

 

 

"သင်္ဘောသားများ SID လျှောက်ထားခြင်းကိစ္စ"

 

သင်္ဘောသားလူဟောင်း၊ လူသစ်များ SID လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အောက်ပါအချက်များအား မျှဝေအသိပေးအပ်ပါသည်။

 

(၁) SID လျှောက်ထားရန် Online Booking ပြုလုပ်ရမည်။

 

(၂) စမ်းသပ်ကာလအတွင်း နေ့စဉ်လက်ခံမည့် လူဦးရေ အရေအတွက်အား အနည်းငယ်သာ လက်ခံပြုလုပ်ပေးမည်။

 

(၃) စမ်းသပ်ကာလအတွင်း ပေါ်လွင်လာသည့်လုပ်ငန်းစဉ်ဆိုင်ရာအားနည်းချက်၊ ချို့ယွင်းချက်များအား ပြင်ဆင်ဖြည့်စွက်လုပ်ကိုင်ပြီးပါက တစ်ရက်လျှင် SID အရေအတွက် (၃၀၀) ခန့် အထိ ထုတ်ပေးနိုင်မည်။

 

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါအချက်ထက် ပိုမိုသိရှိလိုပါက DMA ဒေါပုံရုံး SID ထုတ်ပေးမည့်နေရာသို့ သွားရောက်စုံစမ်းပါရန် တိုက်တွန်းအပ်ပါသည်။

 

"သတိပြုရမည့်အချက်"

 

SID လျှောက်ထားခြင်း၊ ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ မည်သည့်ပွဲစား (သို့မဟုတ်) ကြားခံလူတစ်ဦးတစ်ယောက်မျှခံ၍ လုပ်ကိုင်ခြင်းမပြုပါရန် တိုက်တွန်းအပ်ပါသည်။

 

ယခုအချိန်ကာလတွင် SID ကဒ်အား သင်္ဘောသားကိုယ်စားလျှောက်ထားပေးမည်ဟု ကြေညာချက်ထုတ်နေသည့် ပွဲစားများအားတွေ့မြင်ကြားသိနေရပြီး SID ကဒ်၏တန်ဖိုးထက် (၂) ဆနှင့်အထက်ခန့်ရှိသည့် ဝန်ဆောင်ခအားတောင်းခံနေသည်ကိုလည်း ကြားသိရသည်။

 

ညီနောင်သင်္ဘောသားများ SID ကဒ်လျှောက်ထားမှုအား အဆင်ပြေချောမွေ့ကြပါစေ။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)