Rules and Regulations

မူဝါဒသစ်အရ ဘယ်မောင်းယာဉ်များသာတင်သွင်းခွင့်ပြု

မူဝါဒသစ်အရ ဘယ်မောင်းယာဉ်များသာတင်သွင်းခွင့်ပြု google.com

အသစ်ထုတ်ပြန်သည့် ၂၀၁၈    မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒတွင် ပြည်ပမှ ညာ မောင်းယာဉ်များတင်သွင်းခွင့်မရှိ တော့ဘဲ ဘယ်မောင်းယာဉ်များ သာ တင်သွင်းရတော့မည်ဖြစ် သည်။

 

၂၀၁၈ အတွက် မော်တော် ယာဉ်မူဝါဒအသစ်ကို အောက်တိုဘာ ၁၆ ရက်တွင် မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ကြေညာ သည်။

မူဝါဒအသစ်တွင် ၂၀၁၇ က ထွက်ရှိခဲ့သည့် မူဝါဒဟောင်း နှင့် အဓိကကွာခြားချက်မှာဘယ် မောင်းများကိုသာ တင်သွင်းခွင့် ပြုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းချသူများ အသင်း (ရန်ကုန်) အထွေထွေ အတွင်းရေးမှူး  ဦးရန်မျိုးအောင် က ပြောသည်။

‘‘ထူးခြားတာ အစိုးရက သွင်းတဲ့ကားတွေရော၊   ယန္တရားတွေ ရော၊ မီးသတ်ကားတွေ၊ နိဗ္ဗာန် ယာဉ်ကအစ အကုန်လုံး ဘယ် (ဘယ်မောင်းယာဉ်)သွင်းရမယ် ဆိုပြီးတော့ ဖြစ်သွားတာပေါ့’’ဟု ၎င်းက ပြောသည်။

မူဝါဒအသစ်၌ လူတစ်ဦး ချင်းကားတင်သွင်းခွင့်တွင် လူစီး မော်တော်ယာဉ်များကို ၂၀၁၆ မှ ၂၀၁၈ အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များကို ၂၀၁၄ မှ ၂၀၁၈ အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များကို ၂၀၁၄မှ ၂၀၁၈ အတွင်း (ဘယ်မောင်း) များသာ  တင်သွင်းခွင့်ရမည်ဖြစ် သည်။

ယာဉ်အို၊ ယာဉ်ဟောင်းအစီ အစဉ်တွင် လူစီးမော်တော်ယာဉ် များ၊ ကုန်တင်ယာဉ်များ၊ ခရီး သည်တင်ယာဉ်များအနေဖြင့် ၂၀၁၄ မှ ၂၀၁၈ အတွင်း ထုတ်လုပ်သည့် ဘယ်မောင်းယာဉ်များ သာ တင်သွင်းခွင့်ရမည်။

FOC စနစ်ဖြင့် ပြည်ပမှ လှူ ဒါန်းသည့် မော်တော်ယာဉ်တင် သွင်းမှုနှင့် အစိုးရဌာနများ၏ မော် တော်ယာဉ်တင်သွင်းခွင့်ကိုလည်း ယာဉ်အမျိုးအစားအလိုက် ၂၀၀၇ မှ ၂၀၁၈ ခုနှစ်ထိ သတ်မှတ်ချက် များထားပြီး (ဘယ်မောင်း)ယာဉ် များသာ တင်သွင်းခွင့်ပြုထား သည်။

နိုင်ငံ၏ လမ်းစနစ်နှင့်ကိုက် ညီသည့် ဘယ်မောင်းယာဉ်များကို သာ တင်သွင်းခွင့်ပြုသည့်အတွက် ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့ ကျလာနိုင်ကြောင်း၊ ပြည်တွင်း ကားအသစ်   အရောင်းပြခန်းများ အနေဖြင့် ၂၀၁၈ တွင် ရောင်းအားပိုကောင်းလာနိုင်ကြောင်း KIA ကားအရောင်းပြခန်း    အရောင်းတာဝန်ခံ  ဦးဇော်ရဲနိုင်က   ပြော သည်။

‘‘နောက်နှစ်ကျတော့ ဘယ် မောင်းကားအသစ်ဖြစ်တဲ့အ တွက်ကြောင့်မို့လို့ ဈေးနှုန်းကြီး မြင့်သွားတာပေါ့။ ကားအသစ်၊ မော်ဒယ်အသစ်ဆိုတော့ အခွန် နှုန်းကလည်းများတဲ့အတွက် ကြောင့်မို့လို့ ကားဝယ်တဲ့သူတွေ အတွက် သိန်းတစ်ရာ၊ နှစ်ရာ လောက်နဲ့ ၀ယ်လို့မရတော့ဘူး ပေါ့။ အနည်းဆုံး သိန်း နှစ်ရာ့ငါး ဆယ်၊ သုံးရာလောက်သုံးမှ ၀ယ် လို့ရမယ့် သဘောရှိတာပေါ့နော်’’ ဟု မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ များအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

ကုန်ကားနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကားများကို တင်သွင်းရာ၌ တရုတ်နှင့် ကိုရီး ယားနိုင်ငံထုတ်ကားအသစ်များ သည် ဂျပန်တစ်ပတ်ရစ်ကားဈေး ထက် သက်သာသောကြောင့် လက်ရှိတွင် အဆိုပါနိုင်ငံထုတ် ကားများကို တင်သွင်းအသုံးပြု မှုများကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မူဝါဒအသစ်ကြောင့် လူတစ်ဦးချင်းကားတင်သွင်းမည့်သူများ အနေဖြင့် ဒူဘိုင်းနိုင်ငံမှ တစ်ပတ် ရစ်မော်ဒယ်မြင့် ဘယ်မောင်းကား များနှင့် တရုတ်၊ ထိုင်းနှင့် ကိုရီး ယားနိုင်ငံထုတ် ဘယ်မောင်းယာဉ်များကို ပိုမိုတင်သွင်းလာနိုင် ကြောင်း ကားအရောင်းအ၀ယ် လုပ်ကိုင်သူ ဦးမင်းမင်းထွန်းက ပြောသည်။ ထို့ကြောင့် ဂျပန်မှ ညာမောင်းတစ်ပတ်ရစ်ကားတင်သွင်း မှုသည် ယခုနှစ်ကုန်အထိသာရှိ တော့မည်ဖြစ်ပြီး ၂၀၁၈ ဇန်န၀ါရီ ၁ ရက်ကစတင်၍ ဂျပန်ကားညာ မောင်းများတင်သွင်းမှုလုံးဝရပ် ဆိုင်းရပြီဟု ကားဈေးကွက်ကျွမ်း ကျင်သူများက ပြောသည်။

ထို့အပြင် မူဝါဒထွက်ပြီး နောက်ပိုင်း ညာမောင်းကားများ အမျိုးအစားအလိုက် ကျပ်ဆယ်သိန်းမှ သိန်းနှစ်ဆယ်ဝန်းကျင်ထိ ဈေးတက်လာကြောင်း   ၎င်းက ဆက်လက်ပြောသည်။

‘‘တကယ်လို့များ ညာမောင်းကားက အရမ်းအ၀ယ်လိုက်ရင် Honda Fit တစ်စီးကို သိန်းနှစ်ရာ့ ငါးဆယ်လောက်ဖြစ်သွားနိုင် တယ်’’ဟု ဦးမင်းမင်းထွန်းက ပြောသည်။

ကားဈေးမြင့်တက်ခြင်း ကြောင့် နယ်ဘက်ဒေသများတွင် လိုင်စင်မဲ့ကားများအစီးများလာ နိုင်ကြောင်း၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြ၀တီမဲဆောက်မှ တစ်ပတ်ရစ် ကားဈေးကွက်ပိတ်သော်လည်း အခြားနေရာများမှ လိုင်စင်မဲ့ကား များဝင်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Source: 7 days new

Read times
Rate this item
(0 votes)