စီးပွားရေးလုပ်ငန်းရှင် များထံမှ ကြိုတင်ဝင်ငွေခွန် ကောက်သည့်စနစ်ကို ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးမင်းထွဋ်က ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များ က ကြိုတင်ဝင်ငွေခွန်အဖြစ် ၂ ရာ ခိုင်နှုန်းပေးဆောင်နေရခြင်းမှ အ ခွန်ထမ်းဆောင်မည့် သူကိုယ်တိုင် အလယ်အလတ်ဆိုင်ရာအခွန်ရုံး နှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် သုံးလတစ်ကြိမ် အ ခွန်ပေးဆောင်ရမည့်စနစ်ကို ပြောင်းလဲရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။
‘‘အခွန်ထမ်းတွေ လိုက်နာ ဆောင်ရွက်မှုအားကောင်းလာလို့ အခုလိုဖြေလျှော့ဖို့ စဉ်းစားတာ ပါ’’ ဟုဦးမင်းထွဋ်က ပြောသည်။
ကြိုတင်ဝင်ငွေခွန်ကောက်ခံ မှုစနစ်ပြောင်းလဲမည့်အစီအစဉ် သည် ပို့ကုန်မြှင့်တင်ရေးကို တွန်း အားပေးသည့် အစီအစဉ်တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦး ရဲမင်းအောင်က ပြောသည်။
ကုန်ပစ္စည်းများ ပြည်ပတင် ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းတို့မှ ကြိုတင်ဝင်ငွေခွန်ကို မကောက် ဘဲ၊ သုံးလတစ်ကြိမ်အခွန်ထမ်း ဆောင်ရမည့်စနစ်ကို ပြောင်းလဲ ခြင်းသည် စီးပွားရေးလုပ်ငန်းရှင် များအတွက် ငွေလှည့်သုံးနိုင်ခြင်း၊ အတိုးနှုန်းသက်သာခြင်းစသည့် အခွင့်အရေးများရှိသည်ဟု ပြည် ပသို့ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောကြားသည်။
ကြိုတင်ဝင်ငွေခွန်ကောက်ခံ ခြင်းစနစ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဦး သိန်းစိန်အစိုးရလက်ထက်တွင် အခွန်နှုန်းထားပြုပြင်ပြောင်းလဲ
သို့သော် အခွန်ထမ်းဆောင် သူအချို့၏ ပျက်ကွက်မှုများ ကြောင့် ကြိုတင်ဝင်ငွေခွန်စနစ်ကို ပြန်လည်ပြင်ဆင်ခဲ့ရကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့ကပြော ကြားသည်။
Source: 7 days new