Rules and Regulations

YSX တွင် ရှယ်ယာ အရောင်းအဝယ်ပြုလုပ်သည့် matching time အားတနေ့ လေးကြိမ်ပြောင်းလဲမည်

YSX တွင် ရှယ်ယာ အရောင်းအဝယ်ပြုလုပ်သည့် matching time အားတနေ့ လေးကြိမ်ပြောင်းလဲမည် google.com

ရန်ကုန်စတော့ အိတ်ချိန်း(YSX)တွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုတိုးတက် များပြားလာစေရန် နှင့် ဈေးကွက်ပိုမို သွက်လက်လာစေရန်အတွက် ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်သည့် Matching Time (အရောင်း အ၀ယ်ပြုလုပ်သည့်ကြိမ်ရေ)ကို တစ်နေ့တွင် နှစ်ကြိမ်အစား လေးကြိမ် သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိခဲ့ရပါတယ်။

 

မတ်လ ၂၀ ရက်က ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယနှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားပြုလုပ်မည့် အစီအစဉ် နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ရန်ကုန်စတော့အိတ်ချိန်း၏ ဈေးကွက်ဌာန ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

ရန်ကုန်စတော့ အိတ်ချိန်းမှာ အရောင်းအ၀ယ်ပြုလုပ်ခဲ့တဲ့ အကြိမ်ရေ (၄)ကြိမ် တိုးမြှင့်နိုင်ဖို့ မတ်လ ၁၂ ရက်က ပြုလုပ်တဲ့ ရန်ကုန်စတော့အိတ်ချိန်း  ဒါရိုက်တာအစည်းအဝေးကနေ အတည်ပြုချက်အရ သိခဲ့ရပါတယ်။ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရဲ့ အတည်ပြုချက်ရရှိသည့် အချိန်မှ စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောငိးကို လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် ရှယ်ယာအရောင်းအ၀ယ်များ Matchin Time အဖြစ် နေ့စဉ်နံနက် ၁၁ နာရီ နှင့် နေ့လည် ၁ နာရီခန့် အထိ ဆောင်ရွက်လျက်ရှိရာမှ ယခု အခါတွင် နေ့စဉ် နံနက် ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီ နှင့် နေ့လည် ၁ နာရီများတွင် ဆောင်ရွက်သွားရန်မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ထံသို့ တင်ပြထားခြငိး မှ သိရှိခဲ့ရပါတယ်။

 

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာသည် ဈေးကွက်အတွင်း တစ်ရက်ကို နှစ်ကြိမ်ဆိုတော့ နည်းနည်း အေးပါတယ်။ ဈေးကလည်းဖြစ်ရင် နှစ်မျိုးပဲဖြစ်ပါတယ်။ မနက် ၁၁ နာရီမှာ တမျိုးဖြစ်မယ်။ ၁ နာရီမှာတမျိုးဖြစ်မယ်။ တခါတလေကြတော့လည်း မနက် ၁၁ နာရီ နဲ့ နေ့ခင်း ၁ နာရီက  တူသွားတာ လည်းရှိချင်ရှိမယ်။ မတူတာလည်းရှိတယ်။ အခုကြတော့ Matching Time ၄ မျိုးဖြစ်တဲ့အတွက် ဈေးနှုန်းက ၄ ခုဖြစ် လာနိုင်ခဲ့ပါတယ်။ ဈေးနှုန်း ၄ ခုဆိုတော့ ကာစတန်မာတွေရဲ့ စိတ်ဝင်စားမှုနဲ့ ပိုပြီးတော့ Trading လုပ်ချင်လာခဲ့မယ်။ Trading ပိုပြီးများလာခဲ့မယ်လို့ ယူဆတဲ့အတွက် လေးကြိမ်ကို တိုးလိုက်ချင်းဖြစ်ခဲ့ပါတယ်။

 

ထိုသို့ ပြောင်းလဲရန်အတွက် ရန်ကုန်စတော့အိတ်ချိန်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Japan Exchange Group (JPX)၊  Daiwa Institute of Research (DIR) တို့ နှင့် စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများလည်း အရောင်းအ၀ယ်ပြုလုပ်သည့် အကြိမ်ရေ (၄)ကြိမ်အား စတင်ဆောင်ရွက်ရန် အသင့်အနေအထားရှိနေပြီ ဖြစ်ပါတယ်။

 

Source ; Mazziawe

Read times
Rate this item
(1 Vote)