Knowledge

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအတွက် ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၃၂၄ ဒသမ ၅၃) သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့် ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၉၇၅၂ ဒသမ ၄၀) သန်းရှိခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလအတွင်း ပုံမှန်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန်ဒေါ်လာ (၈၇၀ ဒသမ ၇၂) သန်းရှိခဲ့ပြီး နယ်စပ်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန် ဒေါ်လာ (၅၆၁ ဒသမ ၁၇) သန်းအထိ တင်ပို့နိုင်ခဲ့သဖြင့် တစ်လတာအတွင်း စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၃၁ ဒသမ ၈၉) သန်းအထိ တင်ပို့ထားနိုင်ခဲ့သည်ကို သိရှိရသည်။

Published in Export & Import