မူဆယ်မြို့တွင် လေယာဉ်ကွင်း တည်ဆောက်ရန် တရုတ်၊ ထိုင်းနှင့် ပြည်တွင်းကုမ္ပဏီရှစ်ခုခန့် တင်ဒါလျှောက်လွှာတင်ထားသည်ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောခဲ့ပါတယ်။လေယာဉ်ကွင်းကို မူဆယ်မြို့အနီး မြေကွက်လပ်နေရာသုံးခုအနက် သစ်တောကြိုးဝိုင်းအတွင်းကျရောက်သည့် မြေကွက်လပ်နေရာတွင် တည်ဆောက်ရန် စီစဉ်ထားခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ နောက်ပိုင်း လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်း စုစုပေါင်း (၂၀) ခု ရှိပြီး မြန်မာပြည် အခြေစိုက် ပြည်တွင်းလေကြောင်းလိုင်း (၅) ခုနှင့် ပြည်ပလေကြောင်းလိုင်း (၁၅) ခုတို့ ဖြစ်သည်။
အဆိုပါ လေကြောင်းလိုင်းအားလုံးကို ပြည်တွင်းနှင့် ပြည်ပ ခွဲခြားကာ A-Z Alphabet အစဉ်လိုက် ဖော်ပြထားပြီး လေကြောင်းလိုင်းများနှင့်အတူ လက်ရှိ ပြေးဆွဲနေသည့် ခရီးစဉ် လမ်းကြောင်းများကိုပါ အောက်တွင် အပြည့်အစုံ စုစည်းပေးထားပါသည်။
Air Ticket အရောင်းဌာနများ ကြည့်ရန်
လေကြောင်းလိုင်းတစ်ခုချင်းစီ၏ အကြောင်း၊ ရန်ကုန်မြို့မှ တခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးစဉ် လမ်းကြောင်းများ၊ မြန်မာပြည်ရုံးခွဲများသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်နှင့် လိပ်စာများအပြင် လေယာဉ်ချိန်များ၊ ထိုင်ခုံနေရာများနှင့် ဈေးနှုန်းများကို Up-to-dated ကြည့်ရှုနိုင်ရန်အတွက် Website Link များကိုပါ ထည့်သွင်းပေးထားပါသည်။
၁။ Air KBZ
Air KBZ သည် ကမ္ဘောဇလုပ်ငန်းစုမှ ၂၀၁၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော မြန်မာအခြေစိုက် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ပြည်တွင်းခရီးစဉ်များ ဖြစ်သည့် ပုဂံ၊ မန္တလေး၊ ဟဲဟိုးနှင့် ကလောမြို့များကို အဓိကထား ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
Yangon → Nyaung U (Bagan)
Yangon → Mandalay
Yangon → Heho (Inle Lake)
Yangon → Kalaw
ဆက်သွယ်ရန်
01-9670007 [Hot Line], 01-9670014~20
This email address is being protected from spambots. You need JavaScript enabled to view it.
88, Pyay Rd., IBC, Ward (11), Hlaing, Yangon , Myanmar
၂။ Air Thanlwin
၁၉၉၆ ခုနှစ်တွင် Yangon Airways နာမည်ဖြင့် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Air Thanlwin နာမည်ပြောင်း၍ လုပ်ငန်းလည်ပတ်ခဲ့သည်။ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ပြည်တွင်းခရီးစဉ် အများအပြားကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
Yangon → Nyaung U (Bagan)
Yangon → Mandalay
Yangon → Heho (Inle Lake)
Yangon → Lashio
Yangon → Tachileik
Yangon → Kyaing Tong
Yangon → Dawei
Yangon → Myeik
Yangon → Kaw Thaung
Yangon → Thandwe (Ngapali Beach)
Yangon → Sittwe
Yangon → Bhamo
Yangon → Myitkyina
Yangon → Putao
Yangon → Khamti
ဆက်သွယ်ရန်
09-76666101001-533258, 01-533259, 09-5011999, 01-700272, 01-533256, 01-533257
This email address is being protected from spambots. You need JavaScript enabled to view it.
Rm C/15, Airport Rd., Yangon International Airport Terminal (3), A Nan Pin Ward, Mingalardon, Yangon , Myanmar
မန်းရတနာပုံ လေကြောင်းလိုင်းသည် မန္တလေးအခြေစိုက် ပုဂ္ဂလိကပိုင် ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် လုပ်ငန်း လည်ပတ်ခဲ့သည်။ ပြည်တွင်းခရီးစဉ်များကို ပျံသန်း ပြေးဆွဲပြီး ထိုင်းနိုင်ငံသို့ ဒေသတွင်း နိုင်ငံတကာ ဝန်ဆောင်မှုများ စတင်ရန် စီစဉ်လျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
Yangon → Lashio
Yangon → Myitkyina
Yangon → Tachileik
Yangon → Sittwe
Yangon → Thandwe (Ngapali Beach)
Yangon → Heho (Inle Lake)
Yangon → Nyaung U (Bagan)
Yangon → Mandalay
ဆက်သွယ်ရန်
01-656969, 01-655726, 01-656944, 01-656667
This email address is being protected from spambots. You need JavaScript enabled to view it.
Airport Rd., Yangon Int'l Airport, A Nan Pin Ward, Mingalardon, Yangon, Myanmar
၄။ Myanmar Airways International
၁၉၉၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Myanmar Airways International (MAI) သည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးချုပ် တည်ရှိသည်။ ပြည်တွင်းခရီးစဉ်များအပြင် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများရှိ မြို့များသို့လည်း ပျံသန်း ပြေးဆွဲလျက် ရှိသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
Yangon → Mandalay
Yangon → Myitkyina
Yangon → Putao
Yangon → Kyaing Tong
Yangon → Thandwe (Ngapali Beach)
Yangon → Sittwe
Yangon → Dawei
Yangon → Myeik
Yangon → Kaw Thaung
Yangon → Seoul
Yangon → Kuala Lumpur
Yangon → Bangkok
Yangon → Phuket
Yangon → Dubai
Yangon → Hanoi
Yangon → Phnom Penh
Yangon → Ho Chi Minn
Yangon → Chennai
Yangon → Delhi
Yangon → Kolkata
Yangon → Singapore
Yangon → Guangzhou
ဆက်သွယ်ရန်
01-9670014, 01-9670033, 01-9670038, 01-9670007
This email address is being protected from spambots. You need JavaScript enabled to view it.
88, Pyay Rd., IBC, Ward (11), Hlaing, Yangon , Myanmar
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မြို့တွင် အခြေစိုက်သော နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းခရီးစဉ်များနှင့် အာရှဒေသတွင်း ခရီးစဉ် အားလုံးနီးပါးကို ပျံသန်း ပြေးဆွဲသည်။
ပြေးဆွဲနေသော ခရီးစဉ်များ
Yangon → Dawei
Yangon → Myeik
Yangon → Kaw Thaung
Yangon → Bokpyin
Yangon → Mawlamyine
Yangon → Thandwe (Ngapali Beach)
Yangon → Sittwe
Yangon → Kyauk Phyu
Yangon → Loikaw
Yangon → Naypyidaw
Yangon → Magway
Yangon → Ann
Yangon → Nyaung U (Bagan)
Yangon → Mandalay
Yangon → Monywa
Yangon → Mong Hsat
Yangon → Heho (Inle Lake)
Yangon → Tachileik
Yangon → Lashio
Yangon → Kyaing Tong
Yangon → Kale
Yangon → Hommalinn
Yangon → Bhamo
Yangon → Khamti
Yangon → Myitkyina
Yangon → Putao
Yangon → Bangkok
Yangon → Phuket
Yangon → Singapore
Yangon → Hong Kong
Yangon → Chiang Mai
Yangon → Bodh Gaya
ဆက်သွယ်ရန်
01-377840~1, 01-378603 [Call Center], 01-378604 Call Center], 01-378608, 01-371587, 01-378606, 01-373828, 01-377842, 01-378608
This email address is being protected from spambots. You need JavaScript enabled to view it.
104,Strand Rd. Kyauktada, Yangon , Myanmar
ရန်ကုန်မှ ပြေးဆွဲနေသော လေကြောင်းလိုင်းများ ကြည့်ရန်
ပြည်ပလေကြောင်းလိုင်း အချိန်စာရင်း ကြည့်ရန်
မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း (၅၀) ခုရှိပြီး လက်ရှိ ပြည်ပနိုင်ငံများသို့ ပျံသန်း ပြေးဆွဲသည့် လေဆိပ်မှာမူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုသာ ရှိသေးသည်။
ပဲခူးမြို့ရှိ နောက်ထပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်လာမည့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်နေဆဲ ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ပြည်တွင်းလေဆိပ်တစ်ခု ဖြစ်သော နောင်မွန်းလေဆိပ်ကိုလည်း တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။
အထက်ပါ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၄) ခုမှ လွဲ၍ ကျန်လေဆိပ် (၄၆) ခုမှာ မြန်မာပြည်တွင်းရှိ မြို့များကိုသာ ပျံသန်း ပြေးဆွဲနိုင်သေးသည်။
အောက်တွင် တိုင်းနှင့် ပြည်နယ်အလိုက် လေဆိပ်စာရင်းများကို လေ့လာ သိရှိနိုင်သည်။ လေဆိပ်အများဆုံးမှ စ၍ အစဉ်လိုက် ဖော်ပြထားခြင်း ဖြစ်သည်။ ( လေဆိပ်တစ်ခုချင်းစီ အကြောင်း အပါအဝင် ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းနှင့် ပြည်တွင်းပြည်ပ မြို့များကို ဆက်လက် ဖော်ပြပေးသွားပါမည်။ )
Advertisement
Click Here > Bawgawadi Co., Ltd.
ရှမ်းပြည်နယ် (၉) ခု
မကွေးတိုင်းဒေသကြီး (၇) ခု
ရခိုင်ပြည်နယ် (၆) ခု
မန္တလေးတိုင်းဒေသကြီး (၄) ခု
တနင်္သာရီတိုင်းဒေသကြီး (၄) ခု
စစ်ကိုင်းတိုင်းဒေသကြီး (၄) ခု
ကချင်ပြည်နယ် (၄) ခု
ရန်ကုန်တိုင်းဒေသကြီး (၂) ခု
ကရင်ပြည်နယ် (၂) ခု
မွန်ပြည်နယ် (၂) ခု
ပဲခူးတိုင်းဒေသကြီး (၂) ခု
ကယားပြည်နယ် (၁) ခု
ချင်းပြည်နယ် (၁) ခု
ဧရာဝတီတိုင်းဒေသကြီး (၁) ခု
နေပြည်တော် (၁) ခု
မြန်မာနိုင်ငံရှိ လေဆိပ် ၂၆ ခုအကြောင်းကို အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်၊။
ဂျပန်နိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် All Nippon Airways (ANA) က ကိုဗစ်ကပ်ရောဂါကြောင့် မိတ်ဆက်မှု နှောင့်နှေးခဲ့ရသည့် တိုကျို- ဥရောပ ခရီးစဉ် လမ်းကြောင်းများကို လာမည့် ၂၀၂၅ ခုနှစ်မှ စတင်၍ ဖြည်းဖြည်းချင်း လွှင့်တင်သွားမည် ဖြစ်ကြောင်း ပြောသည်။
အဆိုပါ တိုကျို- ဥရောပ လမ်းကြောင်းသစ်များ ချဲ့ထွင်နေချိန်တွင် အာရှခရီးစဉ် အချို့ကို ဆိုင်းငံ့ထားမည် ဖြစ်ပြီး တိုကျို- ဥရောပ ခရီးစဉ်များ ချဲ့ထွင်ကာ လေယာဉ်လက်မှတ် ဈေးနှုန်းများကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာ ခရီးသွားများထံမှ ၎င်း၏ ၀င်ငွေကို တိုးလာစေရန် စီစဉ်ထားကြောင်း သိရသည်။
မြို့လယ်နှင့် ဝေးသော်လည်း တိုကျိုဧရိယာကို အဓိက ဝန်ဆောင်မှုပေးလျက် ရှိသည့် အကြီးဆုံးလေဆိပ်ဖြစ်သော နာရီတာလေဆိပ် ( Narita Airport ) မှ လမ်းကြောင်းများသည် ရန်ကုန်၊ ချန်နိုင်းနှင့် ဖနွမ်းပင်တို့ကဲ့သို့ အာရှဒေသ ခရီးစဉ်များကိုမူ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရပ်ဆိုင်းထားမည် ဖြစ်သည်။
“ ကျွန်တော်တို့ အစက စီစဉ်ထားတဲ့အတိုင်း ဟာနဲဒါလေဆိပ်ရဲ့ လေကြောင်းလိုင်း ခရီးစဉ်သစ်တွေကို လာမယ့် ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ စတင် လုပ်ဆောင်သွားချင်ပါတယ်" ဟု အဖွဲ့၏ ဘဏ္ဍာရေး အရာရှိချုပ် Kimihiro Nakahori က Nikkei Asia Media နှင့် အင်တာဗျူးတွင် ပြောသည်။
ANA အနေဖြင့် ၂၀၂၀ ခုနှစ်တွင် တိုကျိုမြို့လယ် အနီးအနားရှိ ဟာနဲဒါလေဆိပ်၌ မီလန်နှင့် အစ္စတန်ဘူလ်သို့ လမ်းကြောင်းသစ်များ လုပ်ဆောင်ရန် စီစဉ်ထားခဲ့ပြီး လေဆိပ်အတွင်း နိုင်ငံတကာ ဆိုက်ရောက်ရာနှင့် ထွက်ခွာရာ နေရာများ တိုးလာနေသည့် အကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
Advertisement
၎င်းလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ်မှု စုစုပေါင်းဝင်ငွေ ယန်း (၂.၃၂) ထရီလီယံ ( ဒေါ်လာ ၁၇.၄ ဘီလီယံ ) ထိ မြင့်တက်လာစေရန် စီစဉ်ထားသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး ကုမ္ပဏီ၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်ထက် (၁၈) ရာခိုင်နှုန်း တိုးလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အထူးသဖြင့် အဓိက လေကြောင်းလိုင်း လည်ပတ်မှုများအနက် ANA အမှတ်တံဆိပ်အောက်ရှိ နိုင်ငံတကာ လေကြောင်းပျံသန်းမှုများထဲမှ ဝင်ငွေ ယန်း ၇၈၃ ဘီလံယံ တိုးလာစေရန် မျှော်မှန်းထားပြီး ရာခိုင်နှုန်းအားဖြင့် (၂၈) ရာခိုင်နှုန်းထိ မြင့်တက်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
သို့ရာတွင် Boeing 777 ပျံသန်း ပြေးဆွဲမှုကို နားလိုက်ခြင်းကြောင့် ထိုင်ခုံအရေအတွက်နှင့် ပျံသန်းမှုအကွာအဝေး စသည်တို့အပေါ် မူတည်ပြီး ANA နိုင်ငံတကာလေကြောင်း ခရီးစဉ်များတွင် တူညီသော အချိန်ကာလအတွင်း ဝင်ငွေရာခိုင်နှုန်း အနည်းငယ် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဆိုသည်။
စီးပွားရေးအတွက် ခရီးသွားများ မကြာခဏ အသုံးပြုလေ့ရှိသည့် ဟာနဲဒါအခြေစိုက် ဥရောပ လမ်းကြောင်းများသို့ ပျံသန်းမှုများစွာကို ပြောင်းလဲ လုပ်ဆောင်ခြင်းဖြင့် ANA သည် ၎င်း၏ ယူနစ်စျေးနှုန်းကို ထိုင်ခုံတစ်ခုစီအတွက် မြှင့်တင်နိုင်ပြီး မြင့်မားသော လောင်စာဆီဈေးနှုန်းနှင့် အလုပ်သမားစရိတ်များကို ကာမိနိုင်စေရန် ကူညီပေးနိုင်မည် ဖြစ်သည်။
ကုမ္ပဏီ၏ အစီအစဉ်သည် ယူကရိန်းစစ်ပွဲကြောင့် လက်ရှိတွင် ဖြစ်မြောက် အောင်မြင်နိုင်မည် မဟုတ်သည့်အတွက် ၂၀၂၅ ဘဏ္ဍာနှစ်မှ ပြန်လည် စတင်မည့် ရုရှားနိုင်ငံသို့ လေကြောင်းပျံသန်းမှုများအတွက် ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နေသဖြင့် ရလဒ်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ “ လက်ရှိ အခြေအနေက ရေရှည်ဖြစ်လာရင်တော့ ဖြေရှင်းဖို့ တစ်ခုခု စဉ်းစားရလိမ့်မယ် ” ဟု Nakahori က ဆိုသည်။
Su Mon Oo
Source : Nikkie