Knowledge

"မြန်မာ့ကမ်းရိုးတန်းနှင့် မြန်မာ့ပင်လယ်ပြင်သွား ရေယာဉ်များတွင် ရေယာဉ်များအားအလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် - Automatic Identification System (AIS)" အား မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက် ခုတ်မောင်း သွားလာမည့် နိုင်ငံခြားသွားနှင့် ကမ်းရိုးတန်းသွားသင်္ဘောများတွင် AIS စနစ် တပ်ဆင်အသုံးပြုရတော့မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ အဆိုပါစနစ်သည် ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးနှင့် ရေကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက်သာမက ရေကြောင်းလုံခြုံရေးနှင့် ရေထုညစ်ညမ်းမှုကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအတွက်ပါ ထိရောက်စွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးကိုကိုနိုင် ပြောကြားချက်အရ သိရပါတယ်။

Published in Port News

မဖြစ်မနေ အမည်ပြောင်းပြုလုပ်ရမည့် ကိစ္စရပ်များကြောင့် နယ်အဝယ် အဆင်းနည်းသွားသလို အရောင်းအဝယ်လည်း ငြိမ်သက်သွားခဲ့သည်။ အမြင့်ကားများ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကျပ်သိန်း နှစ်ရာဝန်းကျင် Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Toyota Probox စသည့် ၁၃ဝဝ စီစီကားများသာ အဝယ်ရှိသည်။ ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် ၁၃ဝဝ စီစီကားများ အရောင်းအဝယ် ကောင်း နေသလို ၆၆ဝ စီစီ လုပ်ငန်းသုံး ပစ်ကပ်များလည်း အဝယ်ပြန်လိုက် လာသည်။

Published in Local Industry

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကုန်သည် သင်္ဘောအက်ဥပဒေ ပုဒ်မ ၂၉၄-ခ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ “မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်သွား ရေယာဉ်များတွင် အလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် (Automatic Identification System (AIS)) တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ" ကို ထုတ်ပြန် လိုက်သည်။

Published in Rules & Regulations