Knowledge

COVID-19 ရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်းလုပ်ငန်းများကို ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီသင်္ဘောများနှင့် လက်မှတ်ရုံ တို့၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူများ၊ ချယ်ရီသင်္ဘောဝန်ထမ်းများ၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ခွဲ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးသိန်းမြင့် က “ ဒီသင်္ဘောဆိပ်က အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူတွေ သွားလာနေကြတဲ့ ဆိပ်ကမ်း တစ်ခုဖြစ်ပါတယ်၊ ချယ်ရီသင်္ဘော(၃)စီးနဲ့ နေ့စဉ်ခရီးသည်ပြည်သူ (၃၀၀၀၀)နီးပါးခန့်ကို ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းမှ အသွား/အပြန် ပို့ဆောင်ပေးလျက်ရှိပါတယ်၊ ဒါကြောင့် လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါလို့ ခေါ်နေကြတဲ့ COVID-19 ရောဂါကို မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးဖျန်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်တယ်။ခရီးသည်တွေ အဆင်ပြေစေရေးအတွက် သင်္ဘောခရီးစဉ်ကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာပါ။ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ် ” ဟု ပြောသည်။

 

ချယ်ရီသင်္ဘောဝန်ထမ်းများနှင့် ရန်ကုန် ပန်းဆိုးတန်း/ဒလ လက်မှတ်ရုံတို့ရှိ ဝန်ထမ်းများသည် ခရီးသည်များ ထိတွေ့မှုများခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေးအတွက် မိမိကစ၍ ကာကွယ်နိုင်ရန် ဝန်ထမ်းများအား နှာခေါင်းစည်းများ တပ်ဆင်စေကြဖို့၊ လက်ဆေးစေခြင်းတို့ကို မကြာခဏ ပြုလုပ်ဖို့ ပြောကြားထားကြောင်း၊ သင်္ဘောဆိပ်နှင့် လက်မှတ်ရုံတို့အား နေ့စဉ်သန့်ရှင်းရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ ရေဆေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

ထို့အတူ ဒလသင်္ဘောဆိပ်၌ ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဦးဆောင်၍ ကျန်းမာရေးဆရာ၊ ဆရာမ များ က ခရီးသွားမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေး တို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိသည်။

 

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်း၌ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများစွာ တို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက်နေရာ တစ်ခု ဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းသို့ ကူးသန်းသွားလာကြရာတွင် ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ချယ်ရီ သင်္ဘော(၃)စီးဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ နေ့စဉ်(၄၆)ခေါက်နှုန်းဖြင့် အလှည့်ကျ ကူးတို့ ပြေးဆွဲပေးနေပြီး တစ်ရက်လျှင် ခရီးသည် (၃၀၀၀၀) ခန့်ကို ပို့ဆောင်ပေးလျက်ရှိသည့် ဆိပ်ကမ်း တစ်ခုဖြစ်ကြောင်းသိရသည်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 

COVID-19 ရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်းလုပ်ငန်းများ ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ ချယ်ရီသင်္ဘောများနှင့် လက်မှတ်ရုံ တို့၌ ဆောင်ရွက်

 


 


 


 


 


 

Image may contain: one or more people and indoor

 

Image may contain: one or more people and people standing

 

Image may contain: one or more people and indoor

Logistics Services ထောက်ပံ့သယ်ယူပို့ဆောင်စီမံရေးလုပ်ငန်းပေါင်း ၄၉၀ ခုကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

 

Published in Transportation

ဒလ(ဆာဗာချောင် )မှ ရန်ကုန်( ဗိုလ်တစ်ထောင်) ဆိပ်ကမ်းသို့ Yangon Water Bus ကို ဇွန် ၁၁ရက်မှစတင်၍ ပြေးဆွဲခဲ့ပြီး ပထမနေ့တွင်အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ ပြောပြချက်အရသိခဲ့ရပါတယ်။


          မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်မနက်က တံတားစီမံကိန်း တည်ရှိတဲ့ ဒလမြို့နယ်ဘက်မှာ ပြုလုပ်ပါတယ်။

Published in Local Industry

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးအဖြစ် ကိုရီးယား၏ ထောက်ပံ့ငွေနှင့်တည်ဆောက်မည့် ရန်ကုန်၊ဒလ တံတားသည်

Published in Latest News

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ကြိုးတံတားဖြစ်သော ရန်ကုန်-ဒလ တံတားစီမံကိန်းမှာ ယခုအခါတွင် ရေလမ်းကြောင်း အခြေအနေ

Published in Latest News

         ရန်ကုန်မြို့လယ် ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နေသူများသည် တံတားဆောက်လုပ်ငန်းများ စတင်ရန် လအနည်းငယ်အလိုတွင်ရန်ကုန်

Published in Local Industry

ရန်ကုန်မြို့လယ်ကောင်နှင့်နီးကပ်စွာတည်ရှိသော်လည်း ဒလသည် ဖွံ့ဖြိုးမှုနောက်ကျသဖြင့် ဒေသခံများက တံတားတည်ဆောက်ရေးကို မြန်မာကိုရီးယား ချစ်ကြည်ရေးအဖြစ်တည်ဆောက်မည့် ရန်ကုန် ဒလမြစ်ကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့အကြား ပြေလည်အောင် မည်သို့နှိုင်းနိုင်သေးသဖြင့် အခက်အခဲလည်းအခြေအနေ ဖြစ်နေသည်ဟု သက်ဆိုင်ရာအရာရှိကြီးများ၏ ပြောကြားချက်အရသိခဲ့ရပါတယ်။

 

တံတားတည်ဆောက်ရာတွင်ရှိရမည့် အမြင့်ပေနှင့် တံတားတိုင်နှစ်တိုင်ကြား ကွာခြားရမည့် အကွာအဝေးပမာဏနှင့်ပတ်သက်၍ နှစ်များစွာညိုနှိုင်းခဲ့ပြီးနောက် အမြင့်ပေကိစ္စမှာ ပြေလည်သွားသော်လည်း တံတားအောက်ခြေတိုင်နှစ်တိုင်၏ အကွာအဝဝးနှင့်ပတ်သက်၍ သဘောတူညီမှုမရရှိသေးဟု ဆိပ်ကမ်းအာဏာပိုင်၏ အရာရှိကြီးများက သတင်းစာရှင်းလင်းပွဲတွင် ပြောပြချက်အရ သိခဲ့ရပါတယ်။

 

bridge log 3jpg

 

တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ၂ဝ၁၂ ခုနှစ်မှ ယခုနှစ်အထိ ခြောက်နှစ်နီးပါးကြာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ အကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း အပြီးသတ်သဘောတူညီမှုမရရှိသေးခြင်းဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရပါတယ်။

 

တံတားကြောင့် ဒေသဖွံ့ဖြိုးရေးရရှိနိုင်မည်ဖြစ်သော်လည်း ပင်လယ်ကူးသဘောင်္များသွားလာရေးနှင့် ဆိုက်ကပ်ရေးအတွက် အခက်အခဲများဖြစ်ကာ ဆိပ်ကမ်းလုပ်ငန်းများ စွမ်းဆောင်ရည်ကျဆင်းပါက ပို့ကုန်ထိခိုက်၍ စီးပွားရေးထိခိုက်နိုင်မည့် အကျိုးဆက်များပေါ်လာမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးနီအောင်က ပြောလခဲ့ပါတယ် တံတားတည်ဆောင်ရေးကို ၄င်းတို့က ကန့်ကွက်နေခြင်းမဟုတ်ဘဲ ရေရှည်အတွက် အကြံပြုခြင်းဖြစ်သည်ဟု ၄င်းတို့ ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

ခြောက်နှစ်ကြာဆွေးနွေးမှု

 

ယခင် အစိုးရလက်ထက် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကိုရီးယားနိုင်ငံ၏အကူအညီဖြင့် ဒလတံတား တည်ဆောက်ရန် ဆောင်လုပ်ရေးဝန်ကြီးဌာနမှ စတင်ဆောင်ရွက်ခဲ့သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်မှ တင်ပြချက်များတွင်ဖော်ပြခဲ့ပြီး ထိုအချိန်မှစတင်က၍ တံတားတည်ဆာက်ရန် ဖြစ်နိုင်ခြေလေ့လာသည့်အဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့သည် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါတယ်။

 

build log3

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အနာဂတ်တွင် တန်ချိန် ၂ဝ,ဝဝဝ ရှိ ရေယာဉ်များ မြစ်ကြောင်းအတွင်း ဝင်ထွက်သွားလာရန် မျှော်မှန်းဆောင်ရွက်နေကြောင်း၊ဆင်မလိုက်သဘောင်္ကျင်းတွင် တန်ချိန် ၂ဝ,ဝဝဝ ရှိ ရေယာဉ်များ ပြင်ဆင်ရန် စီမံနေကြောင်း၊ထို့ကြောင့် တံတားကို ရေမျက်နှာပြင်မှ အမြင့် ၅၄ မီတာနှင့် တိုင်နှစ်တိုင်အကြား အကွာအဝေးကို အကျယ် ၃၅ဝ မီတာထားရန် သက်ဆိုင်ရာအဖွဲ့နှင့် ညှိနှိုင်းရာ ၂ဝ၁၃ ခုနှစ်တွင် သဘောတူညီမှုရရှိခဲ့ကြသည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်၏တင်ပြချက်အရ သိခဲ့ရပြီးထိုနှစ်ကုန်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားစေခဲ့ပါတယ်။၂ဝ၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအစီအမံဖြင့် ဒီဇိုင်းရေးဆွဲပေးခဲ့ ရာတွင် တံတားအမြင့်ပေနှင့်အကျယ်တို့သည် ယခင်သဘောတူညီချက်နှင့် ကွဲလွဲသည့်အတွက် ပြန်လည် ပြင်ဆင်ပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်မှ ထပ်တင်ပြခဲ့ပါတယ်။

 

bridge log2n 

 

ကုန်ကျစရိတ်သက်သာစေရန် တံတားတိုင် နှစ်တိုင်ကို ရေလယ်တွင် ထားလိုက်ခြင်းကြောင့် မြစ်ကြောင်းတွင်း အနည်ထိုင်မှုများ၍ ရေလမ်းကြောင်း ပိုမိုကျဉ်းမြောင်းလာနိုင်ခြင်း၊ ပြည်တွင်းပြည်ပ ရေယာဉ်များအတွက် ရေလမ်းကြောင်းပိတ်ဆို့မှုများ ရှိလာနိုင်ခြင်း၊ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်ကျဆင်းလာနိုင်ခြင်း စသည့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိလာနိုင်သည့်အတွက် ထိုပုံစံအစား ဥမင်တံတားတူးရန် သို့တည်းမဟုတ် တံတားတိုင်များကို ကုန်းပေါ်တွင်သာ ထားရှိရန်သာ ပိုမိုသင့်လျော်ကြောင်း ဆိပ်ကမ်းအာဏာပိုင်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ၂ဝ၁၈ ဇန်နဝါရီတွင် ပြန်လည်တင်ပြခဲ့ပါတယ်။

 

ထိုတင်ပြချက်အားလက်ရှိ နှစ်စဉ်ဖြတ်သန်းနေသော တန် ၁၅,ဝဝဝ သဘောင်္ကြီးများ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း၊ဥမင်တံတား တည်ဆောက်မှုကြောင့် ကုန်ကျစရိတ် လေးဆခန့်မြင့်မားနိုင်ကြောင်း၊တံတားတိုင်သည် ကျောက်ချနေရာအား မထိခိုင်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့သည်ဟု ဆိပ်ကမ်းအာဏာပိုင်ကပြောပြချက်အရ သိခဲ့ပါတယ်။

 

bridge XL

နောက်ဆုံးအခြေအနေ

 

တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ တံတားဒီဇိုင်းအမြင့်၊ အကျယ်တို့နှင့် ပတ်သက်၍ ဌာနနှစ်ခုအကြား ဆွေးနွေးနေရာ နောက်ဆုံးအခြေအနေမှာ တံတားအမြင့်ကိစ္စ သဘောတူညီမှုရရှိသွားသော်လည်း တံတားအောက်ခြေတိုင်နှစ်တိုင် အကွာအဝေးမှာမူ ဆက်လက်ဆွေးနွေးနေဆဲဟု ဆိပ်ကမ်းအာဏာပိုင်မှ ညွှန်ကြားရေးမှူးချုပ် ဦးနီအောင်က ပြောပြခဲ့ပါတယ်။တံတားဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူထားခြင်းမှာလည်း ဆောင်ရွက်ဆဲအဆင့်သာ ရှိသေးသည်ဟု ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။ လမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိန်မြအေးကမူ ''သဘောတူညီမှုတွေရရင် မင်္ဂလာပေါ့။

 

ဒေသခံတွေအနေနဲ့ကလည်း တံတားမှ တံတားဖြစ်နေတယ်''ဟုဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ဒလတံတားသည် ကိုရီးယားနိုင်ငံ၊ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (အီးဒီစီအက်ဖ်)ချေးငွေနှင့် မြန်မာအစိုးရထည့်ဝင်ငွေတို့ဖြင့် ရန်ကုန်မြို့လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည်ဖြစ်ပြီး ဒလတံတားစီမံကိန်းအား ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဟု အစိုးရကထုတ်ပြန်ထားခဲ့ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး တစ်လျှောက်နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းတို့၌ ဒလတံတားတည်ဆောက်ရေး အတွက် မြေအားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီ မှ တာဝန်ယူ၍ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရသိခဲ့ရပါတယ်။

 

bridge log 

 

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတစ်လျှောက်တွင် စက်ကိရိယာများဖြင့် မြေအားခံနိုင် ဝန်တိုင်းတာခြင်းကို SUNTAC TECHNOLOGIES ကုမ္ပဏီမှ တာဝန်ယူ၍ အဖွဲ့နှစ်ဖွဲ့နှင့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း၌ အဖွဲ့()ဖွဲ့ဖြင့် မြေအားခံနိုင်ဝန်တိုင်တာခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း သိရပါတယ်။

 

MYANMAR LOGISTICS GUIDE

 

 Source ; Myanmar time

 

ReadMore -  ရန်ကုန်မြို့ မြို့သစ်စီမံကိန်းအတွက် မြစ်ကူးတံတား နှင့် ခြောက်လမ်းသွားလမ်းမ တည်ဆောက်နိုင်ရန် တင်ဒါခေါ်ယူသွားမည်

Published in Latest News