Knowledge

Wednesday, 17 July 2019 05:06

Dawei Airport

Dawei Airport Information

Published in Airport Information

မြန်မာနိုင်ငံ တောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိခဲ့ပါတယ်။

Published in Port News

          ထိုင်းနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွားကားလမ်းကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရေး နှစ်ဖက်ဆွေးနွေးချက်မှတ်တမ်း (ROT)ကို လမ်းဦးစီးဌာနနှင့် ထိုင်းနိုင်ငံအစိုးရကိုယ်စားပြု (NEDA)အဖွဲ့တို့ နိုဝင်ဘာ ၁ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။


          အဆိုပါ ဆွေးနွေးချက်မှတ် တမ်းအရ NEDA (Neighbouring Countries Economic Development Cooperation Agency) ၏ ချေးငွေဖြင့် ဆောင်ရွက်မည့်လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကုန်ကျ စရိတ်အတိအကျ ရရှိနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များပါဝင် သောအဖွဲ့က ရှစ်လကြာလေ့လာရမည်ဖြစ်တယ်။

 

          ‘‘ချေးငွေမတိုင်ခင် အသေး စိတ် ဖြစ်နိုင်စွမ်းလေ့လာရေးအတွက် ကျန်ကျစရိတ်ကို သူတို့က အကူအညီပေးမှာမို့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အတွက် လက်မှတ်ထိုးတာပါ’’ ဟု လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောခဲ့ပါတယ်။

 

          ထိုသို့ အသေးစိတ်ကုန်ကျ စရိတ်ရရှိမှသာ လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းကို စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

 

          ထိုင်းနိုင်ငံ နှင့် ထားဝယ်အထူးစီးပွားရေးဇုန်အကြား ဆက်သွယ်ထားသည့် အဆိုပါလမ်းကို အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရ ကိုယ်စားပြု NEDA အဖွဲ့ထံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးယူမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ပါတယ်။

 

          ထိုင်းနိုင်ငံနယ်စပ်မှ ထီးခီး− မေတ္တာ - ထားဝယ်ရေနက်ဆိပ်ကမ်းအထိဖောက်လုပ်ထားသည့် အဆိုပါကားလမ်းကို အဆင့်မြှင့်တင်ခြင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ကုန်ကြမ်းများ အလွယ်တကူ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ရှင်းပြထားခဲ့ပါတယ်။

 

Source ; 7 day

Published in Port News
Tuesday, 24 September 2019 10:08

ထားဝယ်ဆိပ်ကမ်း

 

 

Dawe1.JPG

 

Dawei_2.JPG

dawei_3.JPG

 

dawei_4.JPG

 

dawei_5.JPG

 

dawei_6.JPG

 

dawei_7.JPG

 

dawei_8.JPG

 

 

dawei_9.JPG

 

 

dawei_11.JPG

dawei_12.JPG

 

Myanmar Logistics Guide

Published in Port Information

ရန်ကုန် - ထားဝယ်အဝေးပြေးကားလမ်းရှိ ထားဝယ်မှ မိုင် ၈၀ အကွာ မလွှဲတောင်တွင် မြေပျိုမှုများဖြစ်ခဲ့ပြီး လမ်းသား ပြတ်တောက်မှုများဖြစ်ခဲ့သည်။

Published in Transportation

          ၂၀၁၇ ခုနှစ်အတွင်းက ထားဝယ် နှင့် လွိုင်ကော်မြို့များသို့ ပျံသန်းပြေးဆွဲမှုရပ်နားခဲ့သည့် အဲကမ္ဘေဇေ လေကြောင်းလိုင်း အနေဖြင့်လာမည့် နိုဝင်ဘာ ၁၉ ရက်မှစကာ အဆိုပါမြို့များသို့ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

          “အဲဒီမြို့တွေကို ခရီးသွားရောက်နှုန်း ပိုရှိလာမယ်လို့ ယုံကြည်တဲ့အတွက် ပြန်ပြေးဆွဲဖို့ စီစဉ်ရတာပါ”ဟု အဆိုပါ လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

 

          အဲကမ္ဘောဇ လေကြောင်းလိုင်းအနေဖြင့် နိုဝင်ဘာလ ၁၉ ရက်မှစကာ လွိုင်ကော်မြို့သို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်တွင်မူ ထားဝယ်မြို့သို့ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

          အဲကမ္ဘောဇ လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီ လိတ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော် စသည့် ခရီးစဉ်များကို ပြေးဆွဲနေခဲ့ပါတယ်။

 

Source : 2W4W Drive

Published in Transportation

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရွန် အထိ ဖောက်လုပ်သွားမည့် ထားဝယ် - ဖူနမ်ရွန်လမ်း အဆင့်မြှင့်တင်မည့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရန် ဒေသခံများမှ တောင်းဆိုထားကြောင်း သိရသည်။

Published in Local Industry

ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်ကို စတင်ခဲ့ရာ၌ အကြီးစား စက်မှုလုပ်ငန်းနှင့် ဓာတုပစ္စည်း စက်ရုံများ ထူထောင်ရန် ရည်ရွယ်ခဲ့ပြီး ယခုအခါ logistics နှင့် ရေနက်ဆိပ်ကမ်းတို့ကို ဦးစားပေး အကောင်အထည် ဖော်မည် ဖြစ်သည်။ ထိုသို့ အကောင်အထည် ဖော်ပြီးပါက ထားဝယ်သည် logistics အချက်အချာ နေရာ ဖြစ်လာလိမ့်မည်။

Additional Info

  • TopAds dawei1
  • BottomAds dawei2
  • SidebarAds dawei3
Published in Local Industry

ထားဝယ်အထူး စီးပွားရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်အစိုးရအနေ   ဖြင့်အကူအညီပေးမည့် အစီအစဉ်များစွာရှိခဲ့ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr.Masayuki KARASAWA က ပြောခဲ့ပါတယ်။

Published in Local Industry

ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် NEDA ထံမှ ထိုင်းဘတ်၎ ဒသမ ၅ ဘီလျံ ချေးယူရန် Neighbouring Countries Economic Development cooperation Agency – NEDA ထံမှ

Published in Local Industry
Page 1 of 2