ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင် မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။
ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းခြင်းသည် မည်သည့်ပို့ကုန်လုပ်ငန်းအတွက်မဆို အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အစုအဖွဲ့လုပ်ငန်းဖြစ်စေ ပြည်ပမှ Export order ရရှိရေးအတွက် နည်းဗျူဟာရှိသင့်သည်။ Export order မရရှိဘဲ မည်သည့်ကုမ္ပဏီမှ ရပ်တည်ရန်မဖြစ်နိုင်ချေ။ ပြည်ပပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ ဦးစားပေးအလုပ်တစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန် ပစ္စည်းများကို ရောင်းချရန် Export order ရရှိရေး မဟာဗျူဟာအပေါ် အာရုံစိုက်သင့်သည်။
● Export order ဘယ်လိုရမလဲ ?
ဒစ်ဂျစ်တယ်နည်းပညာစနစ်သည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုစာမှစတင်ပြီး လူသားတစ်ဦးချင်းစီကို ပြောင်းလဲပစ်ခဲ့ပြီဖြစ်သည်။ သတင်းအချက်အလက်နည်းပညာသည် ကဏ္ဍအားလုံးအတွက် အရေးပါသောအပိုင်းတွင် ပါဝင်လာပြီး အထူးသဖြင့် နိုင်ငံတကာနှင့်ချီသော စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအရေး ပါသည်။ ၁၉၉၀ ဝန်းကျင်မတိုင်မီကာလများတွင် ပြည်ပဝယ်လက် ရရှိရေးသည် အလွန်ခက်ခဲသော၊ အားစိုက်ခွန်စိုက်လုပ်ဆောင်ရသော အလုပ်တစ်ခုဖြစ်သည်။ သို့သော် ယနေ့ခေတ်ကမ္ဘာကြီး သည် အရာရာကို ပြောင်းလဲပစ်လိုက်လေပြီ။ ပြည်ပဈေးကွက်ရရှိရေးအတွက် အင်တာနက်ဝန်ဆောင်မှုကို အကျိုးရှိစွာအသုံးချခြင်း သည် ပထမဦးစွာဆောင်ရွက်ရမည့်အလုပ်ဖြစ်သည်။
● အင်တာနက်ဝန်ဆောင်မှုကို ဘယ်လိုအသုံးချမလဲ ?
အဆင့်မီကောင်းမွန်သော ဝက်ဘ်ဆိုဒ်တစ်ခု တည်ထောင်လွှင့်တင်ခြင်း (သို့) ပြည်ပပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သော ဝက်ဘ်ဆိုဒ်တစ်ခုနှင့် ချိတ်ဆက်ခြင်းသည် သင့်ထုတ်ကုန်အတွက် ပြည်ပ ဈေးကွက်ရှာဖွေရန် အကျိုးများစေသည်။ သင့်ထုတ် ကုန်နှင့်ပတ်သက်သော လိုအပ်သည့်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ Update လုပ်နေရန်လည်းလိုအပ်ပါသည်။ သို့မှသာ သင့် ထုတ်ကုန်၊ သင့်လုပ်ငန်းအပေါ် အများ၏အာရုံစိုက်ခြင်း၊ ယုံကြည် လက်ခံခြင်း၊ အလေးဂရုပြုခြင်းကို ရရှိမည်ဖြစ်သည်။ သင့်ထုတ်ကုန်၊ ထုတ်လုပ်မှုပုံစံ၊ ထုတ်လုပ်မှုနည်းစဉ်တို့ကို ဓာတ်ပုံမှတ်တမ်းများ၊ Video clip များဖြင့် လွှင့်တင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်က သင့်ထုတ်ကုန်အပေါ် အာရုံစိုက်လာစေသည်။
သင့်ထုတ်ကုန်နှင့်အလားတူ ထုတ်ကုန်လုပ်ငန်း ထုတ်လုပ်သူများကို ရှာဖွေရန် အတွက်သော်လည်းကောင်း၊ သင့်ထုတ်ကုန်လုပ်ငန်းအသေးစိတ် ကိုဖော်ပြရန်အတွက်သော်လည်းကောင်း Search Engine အသုံး ပြုရှာဖွေခြင်းသည်မရှိမဖြစ်အရေးပါသည်။ facebook , Twitter များတွင် လွှင့်တင်ခြင်း၊ Youtube, e-magazine များ တွင်ဖော်ပြ ခြင်းသည် ပြည်ပဈေးကွက်တိုးချဲ့ရန် မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှုကို အသုံးချ၍ ရေး သားဖော်ပြခြင်း၊ ဈေးကွက်ရှာဖွေခြင်းသည် ကုန်သွယ်မှုနှင့်ပတ် သက်၍ သင်မည်မျှဆောင်ရွက်နိုင်သည်၊ သင့်လုပ်ငန်းပမာဏ မည်မျှရှိသည်၊ သင့်လုပ်ငန်းအပေါ် မည်သို့ယုံကြည်နိုင်သည်ဟူ သော အချက်များကို သိရှိစေနိုင်သည်။
● ထိရောက်သော ချိတ်ဆက်ဆောင်ရွက်မှု ?
သင့်ထုတ်ကုန်အတွက် အမှန်တကယ်ဈေးကွက်ရရှိစေမည့် ပြည်ပဈေးကွက်ရရှိအောင် ဆက်သွယ်ဆောင်ရွက်ပေးနိုင်မည့်အဖွဲ့အစည်းများနှင့် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်ခြင်းသည် ဈေးကွက်ရှာဖွေခြင်းအတွက် အရေးပါသော လုပ် ဆောင်ချက်ဖြစ် သည်။ သင့်ထုတ်ကုန်၏ ဈေးနှုန်းနှင့် အရည်အသွေးကို Buyer မှ လက်ခံယုံကြည်လာစေရန် ထိရောက်သော ချိတ်ဆက်ဆောင်ရွက် မှုလိုအပ်သည်။ ထိုမှတစ်ဆင့် Buyer များက သင့်ထုတ်ကုန်ကို နမူနာပေးပို့ရန် တောင်းဆိုခြင်း၊ ကုန်ပစ္စည်း order မှာယူခြင်းများ ဆက်လက်လုပ်ဆောင်လာမည်ဖြစ်သည်။
● ကုန်ပစ္စည်းနမူနာပေးပို့ခြင်း ?
ကုန်ပစ္စည်းနမူနာပေးပို့ခြင်းသည် Buyer တစ်ဦးချင်းစီ၏ လိုအပ်ချက်ဖြစ်နိုင်သည်။ ထုတ်ကုန်ပစ္စည်းနမူနာ ပေးပို့ရာတွင် ပေးပို့ရမည့် နမူနာပစ္စည်းကို အနည်းဆုံးနှစ်စုံစာ ပြုလုပ်ထားသင့် သည်။ တစ်စုံသည် Buyer ထံသို့ပေးပို့ရန်ဖြစ်သည်။ ကျန်တစ်စုံမှာ သင့်လက်ဝယ်ထားရှိရန်ဖြစ်သည်။ Buyer က နမူနာပေးပို့သော ပစ္စည်းအတိုင်း မှာယူလာသောကြောင့် အများအပြား ထုတ်လုပ် ရလျှင်သော်လည်းကောင်း၊ Buyer တောင်းဆိုမှုဖြင့် အနည်းငယ် ပြန်လည်ပြင်ဆင်ရန် လိုအပ်လာလျှင်သော်လည်းကောင်း သင့် လက်ဝယ်ထားရှိသော နမူနာထုတ်ကုန်ပစ္စည်းကို အသုံးပြုရမည် ဖြစ်သည်။
● ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်း ?
' ကုန်စည်ပြပွဲ' နှင့် 'ဈေးရောင်းပွဲတော်' မတူပါ။ ဈေးရောင်း ပွဲတော်ဆိုသည်မှာ ကုန်ပစ္စည်းအမြောက်အမြားကို တစ်နေရာတည်းမှာ စုစည်းရောင်းချခြင်းဖြစ်ပြီး ရောင်းသူနှင့် ဝယ်သူ တွေ့ ဆုံကာ ရောင်းကြဝယ်ကြရုံသာဖြစ်သည်။ လက်လီကိုဦးစားပေးသော သဘောဖြစ်သည်။ ကုန်စည်ပြပွဲဆိုသည်မှာ ရည်ရွယ်ချက် များစွာ ပိုမိုလေးနက်ပါသည်။ ထုတ်လုပ်သူနှင့်ဝယ်သူ တိုက်ရိုက်ချိတ်ဆက်ပေးသော နေရာလည်းဖြစ်သည်။ ထုတ်လုပ်သူက ဝယ်သူကိုရှာပြီး ဝယ်သူကလည်း ထုတ်လုပ်သူရှာဖွေသော နေရာဖြစ် သည်။ ကုန်စည်ပြပွဲများမှာ တစ်စုတစ်စည်းတည်း တွေ့ဆုံနိုင်ပြီး ရေရှည်အကျိုးစီးပွားအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများအတွက်ဆွေးနွေးကြရသည်။
မိမိထုတ်ကုန်သည် အခြားထုတ်ကုန် တစ်မျိုးအတွက် ကုန်ကြမ်းဖြစ်နေနိုင်သည်။ ကုမ္ပဏီနှစ်ခုမှ ထုတ် ကုန်နှစ်ခုပေါင်းစပ်ပြီး ထုတ်ကုန်အသစ်တစ်ခု ပေါ်ထွက်လာနိုင်သည်။ တင်ပို့မှု၊ တင်သွင်းမှုများ ပိုမိုများပြားလာမည်။ ရောင်းချသူ အနေဖြင့်မဟုတ်ဘဲ ထုတ်လုပ်သူအနေဖြင့် Buyer ရှာသောနေရာ ဟု ပြောနိုင်ပါသည်။ သင့်ထုတ်ကုန်ကို ကုန်စည်ပြပွဲများတွင် ပါဝင်ပြသဖို့လိုပါ သည်။ ပြည်တွင်း၊ ပြည်ပ နှစ်မျိုးစလုံးတွင် ကျင်းပပြုလုပ်လျက်ရှိ သော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများစွာရှိပါသည်။ ၎င်း ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် သင့်ထုတ်ကုန်ကို ပြည်ပ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်သည်။
● ပြည်ပပို့ကုန်မြှင့်တင်ရေး အေဂျင်စီများ ?
ပြည်ပပို့ကုန်မြှင့်တင်ရေး အေဂျင်စီများ၊ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါသည်။ ၎င်းတို့တွင် နိုင်ငံတကာအဆင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆက်အသွယ် အချိတ်အဆက်များစွာတို့၏ ရင်းမြစ်များရှိသည်။ ကုန်သွယ်မှုဆိုင် ရာဈေးကွက်ကို သင့်အား လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ သင့် ထုတ်ကုန်အတွက် Buyer ရှာဖွေပေးခြင်းဖြင့် ၎င်းတို့၏ ဝန်ဆောင် မှုကို ရရှိနိုင်မည်။
● ကုန်သည်လုပ်ငန်းရှင်များအသင်းချုပ်
၎င်းသည်လည်း ပြည်ပဈေးကွက်ရှာဖွေရေးအတွက် အဖွဲ့ဝင်များကို ဈေးကွက်ရရှိရေး အကူအညီပေးသည့် အခန်းကဏ္ဍအတွက်မရှိမဖြစ်လိုအပ်ပါသည်။
● နိုင်ငံတကာသံရုံးများ
နိုင်ငံတကာသံရုံးများသည်လည်း သင့်ထုတ်ကုန်အတွက် ၎င်းတို့နိုင်ငံအသီးသီးတွင် ဈေးကွက်ရရှိရေးနှင့် exporter များအတွက် ဝန်ဆောင်မှုပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်သော ဌာနများဖြစ်သည်။
● Buyer နှင့်တွေ့ဆုံခြင်း
သင့်ထံတွင် Personal Contacts များရှိမည်ဆိုပါက Buyer နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကောင်းမွန်သောဆက်ဆံရေးကို ဖြစ်စေသည်။
● အေးဂျင့်တစ်ဦး သတ်မှတ်တာဝန်ပေးခြင်း
အချို့သော Exporter များအနေဖြင့် ၎င်းတို့ကုန်ပစ္စည်း တင်ပို့ရန်သတ်မှတ်ထားသည့် နိုင်ငံတွင် အေးဂျင့်တစ်ဦးကို သီးသန့် တာဝန်ပေးခန့်အပ်ထားလေ့ရှိသည်။ ၎င်းအေးဂျင့်များမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့ရန် order များရလေ့ရှိသည်။ ဝန်ဆောင်မှုအားလုံး ကို ၎င်းအေးဂျင့်များထံမှရရှိနိုင်ပြီး လိုအပ်လျှင် နည်းပညာပြဿနာ များကိုလည်း ၎င်းတို့က ဖြေရှင်းပေးနိုင်သည်။ ကောင်းမွန်သော စီးပွားရေးလုပ်ငန်းတစ်ခုကို ဖော်ဆောင် နိုင်ပြီး Export order ရရှိစေရန် အထက်ဖော်ပြပါ အချက်များက အထောက်အကူဖြစ်ပါလိမ့်မည်။
Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ
>>>Zawgyi<<<
ျပည္ပပို႔ကုန္ေဈးကြက္ကို ဘယ္လိုရွာေဖြမလဲ ?
ျပည္ပသို႔ကုန္ပစၥည္းတင္ပို႔ရန္ ႀကိဳးပမ္းျခင္းသည္ မည္သည့္ပို႔ကုန္လုပ္ငန္းအတြက္မဆို အဓိကက်ေသာ လုပ္ငန္းတစ္ခုျဖစ္သည္။ တစ္ဦးခ်င္းလုပ္ငန္းျဖစ္ေစ၊ အစုအဖြဲ႕လုပ္ငန္းျဖစ္ေစ ျပည္ပမွ Export order ရရွိေရးအတြက္ နည္းဗ်ဴဟာရွိသင့္သည္။ Export order မရရွိဘဲ မည္သည့္ကုမၸဏီမွ ရပ္တည္ရန္မျဖစ္ႏိုင္ေခ်။ ျပည္ပပို႔ကုန္လုပ္ငန္းႀကီးတစ္ခု၏ ဦးစားေပးအလုပ္တစ္ခုအေနျဖင့္ ၎၏ထုတ္ကုန္ ပစၥည္းမ်ားကို ေရာင္းခ်ရန္ Export order ရရွိေရး မဟာဗ်ဴဟာအေပၚ အာ႐ုံစိုက္သင့္သည္။
● Export order ဘယ္လိုရမလဲ ?
ဒစ္ဂ်စ္တယ္နည္းပညာစနစ္သည္ လြန္ခဲ့သည့္ဆယ္စုႏွစ္ ႏွစ္စုစာမွစတင္ၿပီး လူသားတစ္ဦးခ်င္းစီကို ေျပာင္းလဲပစ္ခဲ့ၿပီျဖစ္သည္။ သတင္းအခ်က္အလက္နည္းပညာသည္ က႑အားလုံးအတြက္ အေရးပါေသာအပိုင္းတြင္ ပါဝင္လာၿပီး အထူးသျဖင့္ ႏိုင္ငံတကာႏွင့္ခ်ီေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ပိုမိုအေရး ပါသည္။ ၁၉၉၀ ဝန္းက်င္မတိုင္မီကာလမ်ားတြင္ ျပည္ပဝယ္လက္ ရရွိေရးသည္ အလြန္ခက္ခဲေသာ၊ အားစိုက္ခြန္စိုက္လုပ္ေဆာင္ရေသာ အလုပ္တစ္ခုျဖစ္သည္။ သို႔ေသာ္ ယေန႔ေခတ္ကမာၻႀကီး သည္ အရာရာကို ေျပာင္းလဲပစ္လိုက္ေလၿပီ။ ျပည္ပေဈးကြက္ရရွိေရးအတြက္ အင္တာနက္ဝန္ေဆာင္မႈကို အက်ိဳးရွိစြာအသုံးခ်ျခင္း သည္ ပထမဦးစြာေဆာင္႐ြက္ရမည့္အလုပ္ျဖစ္သည္။
● အင္တာနက္ဝန္ေဆာင္မႈကို ဘယ္လိုအသုံးခ်မလဲ ?
အဆင့္မီေကာင္းမြန္ေသာ ဝက္ဘ္ဆိုဒ္တစ္ခု တည္ေထာင္လႊင့္တင္ျခင္း (သို႔) ျပည္ပပို႔ကုန္လုပ္ငန္းႏွင့္ ဆက္စပ္ေသာ ဝက္ဘ္ဆိုဒ္တစ္ခုႏွင့္ ခ်ိတ္ဆက္ျခင္းသည္ သင့္ထုတ္ကုန္အတြက္ ျပည္ပ ေဈးကြက္ရွာေဖြရန္ အက်ိဳးမ်ားေစသည္။ သင့္ထုတ္ ကုန္ႏွင့္ပတ္သက္ေသာ လိုအပ္သည့္အခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ Update လုပ္ေနရန္လည္းလိုအပ္ပါသည္။ သို႔မွသာ သင့္ ထုတ္ကုန္၊ သင့္လုပ္ငန္းအေပၚ အမ်ား၏အာ႐ုံစိုက္ျခင္း၊ ယုံၾကည္ လက္ခံျခင္း၊ အေလးဂ႐ုျပဳျခင္းကို ရရွိမည္ျဖစ္သည္။ သင့္ထုတ္ကုန္၊ ထုတ္လုပ္မႈပုံစံ၊ ထုတ္လုပ္မႈနည္းစဥ္တို႔ကို ဓာတ္ပုံမွတ္တမ္းမ်ား၊ Video clip မ်ားျဖင့္ လႊင့္တင္ျခင္းျဖင့္ ႏိုင္ငံတကာေဈးကြက္က သင့္ထုတ္ကုန္အေပၚ အာ႐ုံစိုက္လာေစသည္။
သင့္ထုတ္ကုန္ႏွင့္အလားတူ ထုတ္ကုန္လုပ္ငန္း ထုတ္လုပ္သူမ်ားကို ရွာေဖြရန္ အတြက္ေသာ္လည္းေကာင္း၊ သင့္ထုတ္ကုန္လုပ္ငန္းအေသးစိတ္ ကိုေဖာ္ျပရန္အတြက္ေသာ္လည္းေကာင္း Search Engine အသုံး ျပဳရွာေဖြျခင္းသည္မရွိမျဖစ္အေရးပါသည္။ facebook , Twitter မ်ားတြင္ လႊင့္တင္ျခင္း၊ Youtube, e-magazine မ်ား တြင္ေဖာ္ျပ ျခင္းသည္ ျပည္ပေဈးကြက္တိုးခ်ဲ႕ရန္ မျဖစ္မေနလုပ္ေဆာင္ရမည့္ ကိစၥမ်ားျဖစ္သည္။ အင္တာနက္ဝန္ေဆာင္မႈကို အသုံးခ်၍ ေရး သားေဖာ္ျပျခင္း၊ ေဈးကြက္ရွာေဖြျခင္းသည္ ကုန္သြယ္မႈႏွင့္ပတ္ သက္၍ သင္မည္မွ်ေဆာင္႐ြက္ႏိုင္သည္၊ သင့္လုပ္ငန္းပမာဏ မည္မွ်ရွိသည္၊ သင့္လုပ္ငန္းအေပၚ မည္သို႔ယုံၾကည္ႏိုင္သည္ဟူ ေသာ အခ်က္မ်ားကို သိရွိေစႏိုင္သည္။
● ထိေရာက္ေသာ ခ်ိတ္ဆက္ေဆာင္႐ြက္မႈ ?
သင့္ထုတ္ကုန္အတြက္ အမွန္တကယ္ေဈးကြက္ရရွိေစမည့္ ျပည္ပေဈးကြက္ရရွိေအာင္ ဆက္သြယ္ေဆာင္႐ြက္ေပးႏိုင္မည့္အဖြဲ႕အစည္းမ်ားႏွင့္ ထိေရာက္စြာ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္းသည္ ေဈးကြက္ရွာေဖြျခင္းအတြက္ အေရးပါေသာ လုပ္ ေဆာင္ခ်က္ျဖစ္ သည္။ သင့္ထုတ္ကုန္၏ ေဈးႏႈန္းႏွင့္ အရည္အေသြးကို Buyer မွ လက္ခံယုံၾကည္လာေစရန္ ထိေရာက္ေသာ ခ်ိတ္ဆက္ေဆာင္႐ြက္ မႈလိုအပ္သည္။ ထိုမွတစ္ဆင့္ Buyer မ်ားက သင့္ထုတ္ကုန္ကို နမူနာေပးပို႔ရန္ ေတာင္းဆိုျခင္း၊ ကုန္ပစၥည္း order မွာယူျခင္းမ်ား ဆက္လက္လုပ္ေဆာင္လာမည္ျဖစ္သည္။
● ကုန္ပစၥည္းနမူနာေပးပို႔ျခင္း ?
ကုန္ပစၥည္းနမူနာေပးပို႔ျခင္းသည္ Buyer တစ္ဦးခ်င္းစီ၏ လိုအပ္ခ်က္ျဖစ္ႏိုင္သည္။ ထုတ္ကုန္ပစၥည္းနမူနာ ေပးပို႔ရာတြင္ ေပးပို႔ရမည့္ နမူနာပစၥည္းကို အနည္းဆုံးႏွစ္စုံစာ ျပဳလုပ္ထားသင့္ သည္။ တစ္စုံသည္ Buyer ထံသို႔ေပးပို႔ရန္ျဖစ္သည္။ က်န္တစ္စုံမွာ သင့္လက္ဝယ္ထားရွိရန္ျဖစ္သည္။ Buyer က နမူနာေပးပို႔ေသာ ပစၥည္းအတိုင္း မွာယူလာေသာေၾကာင့္ အမ်ားအျပား ထုတ္လုပ္ ရလွ်င္ေသာ္လည္းေကာင္း၊ Buyer ေတာင္းဆိုမႈျဖင့္ အနည္းငယ္ ျပန္လည္ျပင္ဆင္ရန္ လိုအပ္လာလွ်င္ေသာ္လည္းေကာင္း သင့္ လက္ဝယ္ထားရွိေသာ နမူနာထုတ္ကုန္ပစၥည္းကို အသုံးျပဳရမည္ ျဖစ္သည္။
● ကုန္စည္ျပပြဲမ်ားတြင္ ပါဝင္ျပသျခင္း ?
' ကုန္စည္ျပပြဲ' ႏွင့္ 'ေဈးေရာင္းပြဲေတာ္' မတူပါ။ ေဈးေရာင္း ပြဲေတာ္ဆိုသည္မွာ ကုန္ပစၥည္းအေျမာက္အျမားကို တစ္ေနရာတည္းမွာ စုစည္းေရာင္းခ်ျခင္းျဖစ္ၿပီး ေရာင္းသူႏွင့္ ဝယ္သူ ေတြ႕ ဆုံကာ ေရာင္းၾကဝယ္ၾက႐ုံသာျဖစ္သည္။ လက္လီကိုဦးစားေပးေသာ သေဘာျဖစ္သည္။ ကုန္စည္ျပပြဲဆိုသည္မွာ ရည္႐ြယ္ခ်က္ မ်ားစြာ ပိုမိုေလးနက္ပါသည္။ ထုတ္လုပ္သူႏွင့္ဝယ္သူ တိုက္႐ိုက္ခ်ိတ္ဆက္ေပးေသာ ေနရာလည္းျဖစ္သည္။ ထုတ္လုပ္သူက ဝယ္သူကိုရွာၿပီး ဝယ္သူကလည္း ထုတ္လုပ္သူရွာေဖြေသာ ေနရာျဖစ္ သည္။ ကုန္စည္ျပပြဲမ်ားမွာ တစ္စုတစ္စည္းတည္း ေတြ႕ဆုံႏိုင္ၿပီး ေရရွည္အက်ိဳးစီးပြားအတြက္ ေရရွည္ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ေဆြးေႏြးၾကရသည္။
မိမိထုတ္ကုန္သည္ အျခားထုတ္ကုန္ တစ္မ်ိဳးအတြက္ ကုန္ၾကမ္းျဖစ္ေနႏိုင္သည္။ ကုမၸဏီႏွစ္ခုမွ ထုတ္ ကုန္ႏွစ္ခုေပါင္းစပ္ၿပီး ထုတ္ကုန္အသစ္တစ္ခု ေပၚထြက္လာႏိုင္သည္။ တင္ပို႔မႈ၊ တင္သြင္းမႈမ်ား ပိုမိုမ်ားျပားလာမည္။ ေရာင္းခ်သူ အေနျဖင့္မဟုတ္ဘဲ ထုတ္လုပ္သူအေနျဖင့္ Buyer ရွာေသာေနရာ ဟု ေျပာႏိုင္ပါသည္။ သင့္ထုတ္ကုန္ကို ကုန္စည္ျပပြဲမ်ားတြင္ ပါဝင္ျပသဖို႔လိုပါ သည္။ ျပည္တြင္း၊ ျပည္ပ ႏွစ္မ်ိဳးစလုံးတြင္ က်င္းပျပဳလုပ္လ်က္ရွိ ေသာ အျပည္ျပည္ဆိုင္ရာ ကုန္စည္ျပပြဲမ်ားစြာရွိပါသည္။ ၎ ကုန္စည္ျပပြဲမ်ားတြင္ ပါဝင္ျပသျခင္းျဖင့္ သင့္ထုတ္ကုန္ကို ျပည္ပ ဝယ္လက္မ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္သည္။
● ျပည္ပပို႔ကုန္ျမႇင့္တင္ေရး ေအဂ်င္စီမ်ား ?
ျပည္ပပို႔ကုန္ျမႇင့္တင္ေရး ေအဂ်င္စီမ်ား၊ အဖြဲ႕အစည္းမ်ား၏ အခန္းက႑သည္လည္း လြန္စြာအေရးပါသည္။ ၎တို႔တြင္ ႏိုင္ငံတကာအဆင့္ စီးပြားေရးလုပ္ငန္းဆိုင္ရာ အဆက္အသြယ္ အခ်ိတ္အဆက္မ်ားစြာတို႔၏ ရင္းျမစ္မ်ားရွိသည္။ ကုန္သြယ္မႈဆိုင္ ရာေဈးကြက္ကို သင့္အား လမ္းၫႊန္ေပးႏိုင္မည္ျဖစ္သည္။ သင့္ ထုတ္ကုန္အတြက္ Buyer ရွာေဖြေပးျခင္းျဖင့္ ၎တို႔၏ ဝန္ေဆာင္ မႈကို ရရွိႏိုင္မည္။
● ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္
၎သည္လည္း ျပည္ပေဈးကြက္ရွာေဖြေရးအတြက္ အဖြဲ႕ဝင္မ်ားကို ေဈးကြက္ရရွိေရး အကူအညီေပးသည့္ အခန္းက႑အတြက္မရွိမျဖစ္လိုအပ္ပါသည္။
● ႏိုင္ငံတကာသံ႐ုံးမ်ား
ႏိုင္ငံတကာသံ႐ုံးမ်ားသည္လည္း သင့္ထုတ္ကုန္အတြက္ ၎တို႔ႏိုင္ငံအသီးသီးတြင္ ေဈးကြက္ရရွိေရးႏွင့္ exporter မ်ားအတြက္ ဝန္ေဆာင္မႈေပးျခင္းတို႔ ေဆာင္႐ြက္ေပးႏိုင္ေသာ ဌာနမ်ားျဖစ္သည္။
● Buyer ႏွင့္ေတြ႕ဆုံျခင္း
သင့္ထံတြင္ Personal Contacts မ်ားရွိမည္ဆိုပါက Buyer ႏွင့္ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးျခင္းသည္ စီးပြားေရးလုပ္ငန္းဆိုင္ရာ ေကာင္းမြန္ေသာဆက္ဆံေရးကို ျဖစ္ေစသည္။
● ေအးဂ်င့္တစ္ဦး သတ္မွတ္တာဝန္ေပးျခင္း
အခ်ိဳ႕ေသာ Exporter မ်ားအေနျဖင့္ ၎တို႔ကုန္ပစၥည္း တင္ပို႔ရန္သတ္မွတ္ထားသည့္ ႏိုင္ငံတြင္ ေအးဂ်င့္တစ္ဦးကို သီးသန္႔ တာဝန္ေပးခန္႔အပ္ထားေလ့ရွိသည္။ ၎ေအးဂ်င့္မ်ားမွတစ္ဆင့္ ကုန္ပစၥည္းတင္ပို႔ရန္ order မ်ားရေလ့ရွိသည္။ ဝန္ေဆာင္မႈအားလုံး ကို ၎ေအးဂ်င့္မ်ားထံမွရရွိႏိုင္ၿပီး လိုအပ္လွ်င္ နည္းပညာျပႆနာ မ်ားကိုလည္း ၎တို႔က ေျဖရွင္းေပးႏိုင္သည္။ ေကာင္းမြန္ေသာ စီးပြားေရးလုပ္ငန္းတစ္ခုကို ေဖာ္ေဆာင္ ႏိုင္ၿပီး Export order ရရွိေစရန္ အထက္ေဖာ္ျပပါ အခ်က္မ်ားက အေထာက္အကူျဖစ္ပါလိမ့္မည္။
Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ
ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်းတွင် ကုန်သွယ်မှု အကျပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စီအင်န်ဘီသတင်းဌာန၏ ရေးသားဖော်ပြထား ချက်အရသိခဲ့ရပါတယ်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်လျက်ရှိသော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ အောက်တိုဘာလ ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် သုံးလဆက်တိုက် ကုန်သွယ်မှု လျာထား ချက်များ ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ တွင် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၅၃ ဒသမ ၉၆ ရာခိုင်နှုန်း ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကို ကြိုဆိုလိုက်နိုင်ခဲ့သည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယခင်ဘဏ္ဍာနှစ် ကာလတူ ဖြစ်သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထက်လည်း ပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရသည်။
ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲများအဆိုအရ အမေရိကန်-အီရန်တင်မာမှုများနှင့် ထိုင်းဘတ် ငွေတန်ဖိုးမြင့်တက် နေမှုတို့အပါအဝင် စွန်ု့စားရမှုအချက်အလက်မျာနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွက် ကျဆင်းဖွယ်ရာ ရှိနေပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြာရေးမှူး Aat Pisanwinich က တိုင်းပြည်၏ ပို့ကုန်တင်ပို့မှုအပေါ် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ နောက်ဆုံးလေ့လာ သုံးသပ်မှုအရ ၂၀၂၀ ပြည့်နှစ် တွင် ပို့ကုန်တင်ပို့မှု (ဝ.၉%) ကျဆင်းနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ ပုလဲမြစ်အတွင်း ကုန်စည်စီးဆင်းမှု ပမာဏမှာ တန်ချိန် (၁) ဘီလီယံကျော်လွန်ခဲ့သဖြင့် စံချိန်တင်ခဲ့ကာ၊ ရန်ဇီမြစ်အတွင်း ကုန်စည်စီးဆင်းမှုမှာ ဒုတိယနေရာတွင်ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရပါတယ်။
မြန်မာ့သွင်းကုန် မြင့်တက်ခြင်းကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
Truong Hai ကအော်တိုကော်ပိုရေးရှင်း (Thaco) ကမှ 2020 ခုနှစ်တွင်ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ကားစီးရေ 1,026 တင်ပို့လိမ့်မည်ဟု ပြောကြားခဲ့သည် ။
ကုန်သွယ်ဦးစီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်များအား အချိန်မှီလာရောက် ပြောင်းလဲကြရန် အသိပေးထုတ်ပြန်ထားပါတယ်။