ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်များကြောင့် တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းများကို အဓိက တင်ပို့လျက် ရှိသော ကော့သောင်းကုန်သွယ်ရေး စခန်းအနေဖြင့် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်လများထက် (၆၅) ရာခိုင်နှုန်းခန့် လျော့နည်း ကျဆင်းသွားနိုင်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းဝေး ငါးဖမ်းရေယာဉ်များ အားလုံးအနေဖြင့် သတ်မှတ်ထားသည့် ငါးမဖမ်းရ ဧရိယာအတွင်း၌ ၂၀၂၃ ခုနှစ်၊ ဧပြီ (၁) ရက်နေ့ မှ ဇွန် လ (၃၀) ရက်နေ့ထိ ငါးဖမ်းလုပ်ငန်းများ မလုပ်ဆောင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးခဲ့သည်။
အဆိုပါ ကြေညာချက်ကို ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် အမှတ် (၆/၂၀၂၂) အရ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကြောင့် ကမ်းဝေးငါးဖမ်းရေယာဉ်များ (၃) လခန့် ငါးဖမ်းဆီးနိုင်မှု မရှိသည့်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ကျဆင်းသွားနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ အဓိကအားဖြင့် ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (အစို/ အခြောက်)၊ ခရုနှင့် ငါးမှုန့် စသည့် ရေထွက်ပစ္စည်းများကို အဓိက တင်ပို့လျက် ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထ သုံးလပတ်၊ ဇန်နဝါရီလမှ ပြီးခဲ့သည့် မတ်လထိ
Advertisement
မတ်လအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက်တို့ ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊ ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊ ငါးဖမ်းပိုက်ကွန်၊ ဌက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊ ငါးထည့်သည့်ခြင်း၊ ရေခဲပုံး၊ ဖိနပ်ကုန်ကြမ်းတို့ ဖြစ်သည်။
၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် ဇန်နဝါရီလအထိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၅.၄၈၈) သန်း ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁၉.၇၁၄) သန်း ရရှိခဲ့ကာ ကုန်သွယ်မှု တန်ဖိုးပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၈၅.၂၀၂) သန်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အချိုးအရ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်ပြီး ကျန်သည့် (၂၅) ရာခိုင်နှုန်းခန့်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း အခု (၂၀) ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံ (၄) နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။
ကုန်သွယ်မှုစခန်းများအကြောင်း ဖတ်ရန်
နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု အခြေအနေများ
ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု အခြေအနေများ