မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂၀ / ၂၀၁၉ ) အား ၂၀၁၉ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊သစွာလမ်းရှိ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးရုံးတွင် ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်မြှုပ်နှံမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁ ဒသမ ၃၉) ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် နိုင်ငံ ရေးအမြင်မကြည်မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းသော်လည်း ယခုဘဏ္ဍာနှစ်၌ စံချိန်တင်ဝင်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောပြခဲ့ပါတယ်။
လက်ရှိဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄ ဒသမ ၁)ဘီလီယံကျော်ဝင်ရောက် ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။
၂၀၁၈ - ၁၉ ဘဏ္ဍာ နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် မျှော်မှန်းထားသည့် ပမာဏတိုင်းပြည့်မီရန် မသေချာတော့ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆမြင့်တက်ခဲ့ကာ ဒေါ်လာ တစ်ဘီလျံရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။
အစိုးရသစ်တက်ပြီး ၃၉ လ အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၆၀၇ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၇၂၉၉ ဘီလျံ ဝန်းကျင်ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှရရှိ သောစာရင်းများက ဆိုခဲ့ပါတယ်။
၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၀ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြပြီး အနောက်နိုင်ငံများက တစ်ဆင့်ခံဝင် ရောက်လျက်ရှိသည့် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလကုန်အထိ ရှစ်လတာအတွင်း ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ ဝင်ရောက်မှုသည် အများဆုံးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနDICA ယာယီညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောခဲ့ပါတယ်။
လုပ်ငန်း မစတင်မီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်းထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အမြတ်/အရှုံးကို ဝင်ငွေခွန် ထည့်သွင်း တွက်ချက် စည်းကြပ်ခြင်း၊ ခုနှိမ်ခြင်း မပြုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက အဓိပ္ပာယ်ရှင်းလင်း ဖွင့်ဆိုချက် အမှတ် ၄/၂၀၁၉ ဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်သည်။