ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုရှိ သည့်အနက် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဧပြီလ အစောပိုင်းမှာ စတင်မဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်းကို တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါတစ်ခုကို ခေါ်ယူထားခြင်းဟာ အာရှကုန်သွယ်ရေးနဲ့ စွမ်းအင်ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အစိုးရအရင်းအမြစ်တစ်ခုအရ သိရှိပါသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် ၃၀ ကျော်ကို ၂၀၂၀ နှစ်ဆန်းတွင် တင်ဒါခေါ် ယူမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဦးဆောင်ညွှန် ကြားရေးမှူး ဦးဉာဏ်ထွန်းက ပြောသည်။ယခင်နှစ်များက တင်ဒါခေါ်ယူရန် စီစဉ်သော်လည်း ခေါ်ယူသည့် အချက်အလက်များ ခေတ် မမီတော့ခြင်းကြောင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ခေတ်မီအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။နိုင်ငံခြားရေနံကုမ္ပဏီများက ပြန်လည်အပ်နှံခဲ့သည့် သဘာ ဝကမ်းလွန်လုပ်ကွက်များလည်း တင်ဒါပြန်လည်ခေါ်ယူမည့်ထဲ တွင် ပါဝင်မည်ဖြစ်သည်။ဝန်ကြီးဌာနက တင်ဒါပြန် လည်ခေါ်ယူမည့် ကုန်းတွင်းလုပ် ကွက် ၁၈ ကွက်ရှိပြီး ရှစ်ကွက် သည် စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာ ဝတီ၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ တွင် တည်ရှိသည်။ ကျန်လုပ် ကွက်ကိုးကွက်သည် မကွေး၊ ပဲခူး နှင့် ဧရာဝတီတိုင်း၌ ဆက်စပ် တည်ရှိနေသည်။ ကျန်ရှိသည့် MOGE-6 သည် ရန်ကုန်တိုင်း တွင် တည်ရှိနေသည်။
မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းလေးခုအနက် ၁၉၉၆ ခုနှစ် မှ ထုတ်လုပ်မှုစတင်ခဲ့သည့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ၁၉၉၀ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းသည် အကျဘက်သို့ ဦးတည်နေပြီး နောင်လာမည့်နှစ်များတွင် စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေစာရင်းအရ သိရပါတယ်။
မြန်မာ့ပင်လယ်ရှိ ဟိုင်းကြီးကျွန်းနှင့် ပါလီပါလဲ့ကျွန်းအနီး၌ ပြင်သစ်ရေနံကုမ္ပဏီ Total က ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး တွင်း တူးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာချက်အရ သိခဲ့ရပါတယ်။ရှာဖွေရေးတွင်း တူးဖော်မည့်နေရာမှာ M-5 ကမ်းလွန်လုပ် ကွက်အတွင်းဖြစ်ပြီး ပါလီပါလဲ့ ကျွန်းမှ ၁၇ ကီလိုမီတာ (၁၀ မိုင်)နှင့် ဟိုင်းကြီးကျွန်းမှ ၁၃၅ ကီလိုမီတာ (မိုင် ၈၀ ကျော်) ကွာဝေးမည်ဟု ပြင်သစ်ကုမ္ပဏီက ထုတ်ပြန်ထားခဲ့ပါတယ်။
ပြည်ပပို့ကုန်ကဏ္ဍတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှနှစ်စဉ် ပို့ကုန်တန်ဖိုး ၅၅ ရာခိုငိနှုန်းကျော် ပါဝင်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် ၃၃ ရာခိုင်နှုန်းကျော် အထိလျော့နည်းသွားကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာမှ သိခဲ့ရပါတယ်။
နိုင်ငံ၏ အဓိက ပို့ကုန်ဝင်ငွေဖြစ်သည့် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃,၁ဝဝ သမ ၄၅၆ သန်း ရရှိထားကာ ထိုမာဏသည် ယမန်နှစ်ကာလတူထက် သန်း ၃ဝဝကျော် ပိုမိုရရှိထားသည် ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိခဲ့ရပါတယ်။